ရန်ကုန်၊ ဇန်နဝါရီ ၂ဝ
ဒါရိုက်တာဝိုင်းသည် ယခု ရိုက်ကူးနေသည့်
‘ကျူးပစ်ရဲ့ ကျေးကျွန်များ’ ဇာတ်ကားကို အကယ်ဒမီနှင့် ပတ်သက်၍ ဘာမှကို မတွေး
မစဉ်းစားဘဲ ပရိသတ်များ ကြိုက်နှစ်သက်ပြီး အားပေးလိမ့်မည် ဟု ယုံ
ကြည်ကြောင်း ပြောသည်။ ယင်းဇာတ်ကားကို နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊
ဖွေးဖွေးတို့နှင့် ရိုက်ကူးနေကြောင်း သိရသည်။အကယ်ဒမီ ဆိုတဲ့ ကိစ္စ
ခေါင်းထဲမရှိဘူး။ စိတ်ထဲလည်း မရှိဘူး” ဟု ဒါရိုက်တာဝိုင်းက ပြောသည်။
”ကားရိုက်တာ အကယ်ဒမီ တစ်ပ်ပေးကြတယ်။
ကျွန်တော့် aခါင်းထဲ စိတ်ထဲ မရှိဘူး။ သို့သော် အကယ်ဒမီဆု ယူပြမယ်လို့
ကတိတစ်ခုပဲ ရှိတယ်” ဟု ဝိုင်းက ပြောသည်။ ဒါရိုက်တာ ဝိုင်းက အာဒံရယ်၊ ဧဝရယ်၊
ဒဿရယ် ရုပ်ရှင် ဇာတ်ကားနှင့် လက်ပံ ရုပ်ရှင် ဇာတ်ကားတွင် အမျိုးသမီး
ဇာတ်ဆောင်ဆုနှင့် အမျိုးသား ဇာတ်ဆောင် ဆုကို
ဆွတ်ခူးနိုင်အောင်ဖန်တီးခဲ့သည့် အနုပညာ လက်ရာမြောက်သူ တစ်ဦး ဖြစ်ကြောင်း
လည်း သိရသည်။
”ကျွန်တော်က လွဲပေမယ့် သူတို့တွေ ရတာ
ဝမ်းသာတယ်။ အစ်ကို လုပ်ခိုင်းတာကို မညည်းမညူဘဲ လုပ်ကြတယ်။ သူတို့
ကြိုးစားခဲ့တာတွေ အရာ ထင်တာ ပဲ”ဟု ၄င်းကပြောသည်။
popularmyanmar
No comments:
Post a Comment