မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, January 22, 2014

ယာဉ်မတော်တဆမှု ဖြစ်ခဲ့တဲ့ လင်းဇာနည်ဇော် စိုးရိမ်စရာ အခြေအနေ မရှိတော့ဟု အစ်မဖြစ်သူပြော

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ
သရုပ်ဆောင် လင်းဇာနည်ဇော် စီးလာသည့်ကား ပဲခူးအလွန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော်လည်း ဇန်နဝါရီ ၂ဝ ရက်နေ့တွင် စိုးရိမ်ရသော အခြေအနေ မရှိတော့ကြောင်း အစ်မဖြစ်သူ မချစ်ချစ်ဇော်က ပြောသည်။
သရုပ်ဆောင် လင်းဇာနည်ဇော် စီးနင်းလာသည့် လန်ခရုဇာကားသည် ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းဘဲအင်းကျေးရွာနှင့် ပျဉ်ပုံကြီး ကျေးရွာကြားတွင် ဇန်နဝါရီလ ၁၉ ရက်ညနေ ၄ နာရီခွဲ အချိန်၌ ယာဉ်တိုက်မှု ဖြစ်ခဲ့ပြီး လင်းဇာနည်ဇော် အပါအဝင် ဒုတိယ ရဲမှူးကြီး တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ စီးနင်းလာသော ကားကို ဟိုင်းလတ် ဆာ့ဖ်ကားက ဝင်တိုက်ခဲ့ပြီး ယင်းကားပေါ်မှ ပါလာသည့် အမျိုးသမီး သေဆုံး ခဲ့ကြောင်း သိရသည်။
”အခု သူ့အခြေအနေက ခါးပိုင်းထိမှာပဲ စိုးရိမ်ရတယ်။ ဆရာဝန် ဒေါက်တာ ဦးဇော်ဝေစိုးက နေပြည်တော်ကနေ ပြန်လာမှာ ဆိုတော့ တိတိကျကျ မသိသေးဘူး။ စကားလည်း ပြောနိုင်တယ်။ ကားတိုက်တုန်းက ကိစ္စတွေ သူအကုန် ပြန်ပြောပြတယ်”ဟု မချစ်ချစ်ဇော်က ပြောသည်။

”သူတို့ ကားကို ဝင်မတိုက်ခင် အဲဒီကားက လမ်းလယ်မှာ ပတ်ချာလည်ပြီး မှ ဝင်တိုက်ခဲ့တယ်။ ရှောင်စရာ မရှိလို့ ကားကို ရပ်ပစ်လိုက်တယ်။ မဟုတ်ရင် အကြီးအကျယ်ကို ဖြစ်သွားမှာ။ ဟိုဘက်က ကားဒရိုင်ဘာလည်း တအား မူးနေတယ် ဆိုတာပဲ သိတယ်”ဟု လင်းဇာနည်ဇော်က ပြောပြခဲ့ကြောင်း အစ်မဖြစ်သူ မချစ်ချစ်ဇော်က ပြန်လည်ပြောပြသည်။
”လင်းလင်းက ကားရိုက်နားရက်မို့ အသိ အလှူသွားရင်း အပြန်လမ်းမှာ ဖြစ်တာပါ” ဟု မချစ်ချစ်ဇော်က ဆက်ပြောသည်။
”ဒီကိစ္စ မေမေ့ကို ပေးမသိဘူး။ ဖေဖေကတော့ အယ်လ်ဇိုင်းမား ခံစားနေရတာ ဆိုတော့ သူဘာမှ မသိဘူး။ ထူးခြားတာက ညမှာတုန်းက သူအိပ်နေရင်း ”လင်းလင်း” လို့ ထအော်လို့ မချစ်က ထူးတော့ ”လင်းလင်း မအိပ်သေးဘူးလား” လို့ မေးတယ်။ ”အိပ်ပြီ” လို့ ပြန်ပြောမှ ”သူအိပ်ပြီဆို ဖေဖေ စိတ်ချပြီ။ ဖေဖေလည်း အိပ်တော့မယ်” ပြောတယ်။ သားသမီးနဲ့ မိဘဆိုတော့ သွေးက စကားပြောတာ နေမှာ” ဟု မချစ်က ပြောပြသည်။
လင်းဇာနည်ဇော် အပါအဝင် တစ်ဖက်ယာဉ် ဟိုင်းလတ်ဆာ့ဖ် ကားပေါ်မှ လူလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ပဲခူးဆေးရုံသို့ တင်ပို့ခဲ့ရာ ယခု လင်းဇာနည်ဇော် က SSC ရွှေဂုံတိုင် အထူးကု ဆေးရုံသို့ ပြောင်းရွှေ့ဆေးကု သနေကြောင်း သိရသည်။လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ ဖူးစုံကလည်း လာရောက် သတင်း မေးခဲ့သလို မိသားစု ညီအစ်ကို မောင်နှမ များ နှင့် အတူ သမီးလေးလည်း အနားမှာ ရှိနေကြောင်း တွေ့ရသည်။
ထူးထူး/popularmyanmar

No comments:

 Blogger

Myanmar CNN