မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

ယောက်ျားဖြစ်သူကို တစ်ရွာတည်းသားက မေ့လဲအောင်ပြုလုပ်သည့်အတွက် အမှုဖွင့်

ခရမ်းမြို့နယ်တွင် ခင်ပွန်းဖြစ်သူကို တစ်ရွာတည်းနေသည့် အမျိုးသားတစ်ဦးက ပုဆိန်(သို့မဟုတ်)ဓားဟု ယူဆရသည့် လက်နက်ဖြင့် ခုတ်ခဲ့သည်ဟု ဇနီးသည်၏ တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက ဇန်န၀ါရီ ၂၅ ရက်တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က ပြောသည်။
အမှုကို ကရင်စုကျေးရွာတွင် နေထိုင်သည့် မ၀င်းရီ (၄၈)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ် သည်။
ဇန်န၀ါရီ ၂၅ ရက် နံနက် ၁၀ နာရီက သူမသည် ၎င်းပိုင် လယ်တဲအနောက်ဘက် ပေ ၁၅၀ခန့်အကွာတွင် ပေါင်းမြက်ရှင်းနေစဉ် ခင်ပွန်းဖြစ်သူ ဦးမြင့်ဦး (၅၀)နှစ် အိပ်နေသည့် တဲအိမ်ဘက်သို့ လှမ်းကြည့်ခဲ့သည် ဟု ဆိုထားသည်။
ထိုအချိန်တွင် တစ်ရွာတည်းနေ ထွန်းလှ (လယ်လုပ်)ဆိုသူမှာ ဓား(သို့)ပုဆိန်ဟု ထင်ရသော လက်နက် အား ထမ်း၍ တဲအတွင်းဝင်သွားသည်ကို တွေ့ရှိရပြီး ခဏအကြာ တဲအတွင်းမှ ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်ဟုလည်း ရဲတိုင်ရာတွင် ထည့်သွင်းပြောထားသည်။

ထို့ကြောင့် မ၀င်းရီက အော်ဟစ်၍ တဲအတွင်းသို့ သွားကြည့်ရာတွင် ခင်ပွန်းဖြစ်သူဦးမြင့်ဦးမှာ ဦးခေါင်းဝဲ ချိုစောင်းပြတ်ရှဒဏ်ရာ၊ ယာချိုစောင်းပြတ်ရှဒဏ်ရာများရရှိပြီး သွေးများထွက်၍ သတိလစ်နေသည်ကို တွေ့ရှိခဲ့သည်။
ယင်းနောက်တွင် ခင်းပွန်းဖြစ်သူကို ခရမ်းဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ (စိုးရိမ်ရ)သည့် အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့ရသည်။
ထို့ကြောင့် ခင်ပွန်းဖြစ်သူကို ဓား(သို့)ပုဆိန်ဖြင့် ခုတ်၍ ထွက်ပြေးသူ ထွန်းလှကို အရေးယူပေးရန် ဇနီး ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို ခရမ်းရဲစခန်းက (ပ)၁၆/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံးစမ်းရှာဖွေနေ ပြီး ဖမ်းဆီးရမိပါက ပုဒ်မ ၃၂၆ ဖြင့် အရေးယူသွားမည်ဟု ဆိုထားသည်။

 Written by  ဇော်ဇော်ထွေး/mizzimaburmese

No comments:

 Blogger

Myanmar CNN