မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 30, 2014

ရုံတင်ကား စရိုက်ရပြီဖြစ်တဲ့အတွက် အရမ်းရင်ခုန်ရပါတယ်လို့ ဖွင့်ဟလိုက်တဲ့ စိုးနန္ဒာကျော်

Trend Myanmar

The Sign Of Love ရုပ်သံဇာတ်လမ်းတွဲမှ စတင်ကာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေ စလာခဲ့ပြီး အခုဆိုရင် ဗီဒီယိုကားတော်တော်များများမှာပါ တွေ့လာရသူကတော့ စိုးနန္ဒာကျော်ပါ။ ရုပ်ရှင်ကားကြီးမှာပါ သူမရဲ့အနုပညာတွေချပြခွင့်ရတဲ့အတွက် ကျေနပ်နေတဲ့ သူမက အခုဒါရိုက်တာဝိုင်းရိုက်တဲ့ ကျူးပစ်ရဲ့ကျေးကျွန်များဆိုတဲ့ ကားလေးကိုလည်း ရိုက်ကူးနေတယ်လို့ သိရတဲ့အတွက် မေးကြည့်ဖြစ်တဲ့အခါ သူမက‘အဲဒီကားထဲမှာ ရိုးရိုးအေးအေး ကောင်မလေးတစ်ယောက် အနေနဲ့ ပါဝင်ရပါတယ်။ ကိုနေတိုးနဲ့က ရိုးရိုးပဲခင်တယ်။ ကိုစိုင်းစိုင်းနဲ့က ရည်းစားပေါ့။ ဒါပေမဲ့ အိမ်ကသဘောတူတာက ကိုနေတိုးပေါ့။ ကိုနေတိုးက ညီမကို တစ်ဖက်သတ်လိုက်ကြိုက်တဲ့ ဇာတ်လမ်းပုံစံလေးပေါ့။
ဒီကားလေးကို ရိုက်ရတဲ့အတွက် အရမ်းလဲရင်ခုန်တယ်။ သမီးကို ဘာမှမဟုတ်သေးတဲ့ လူတစ်ယောက်ကို ရုံတင်ကားပေးရိုက်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒီဒါရိုက်တာတွေ၊ ဒီတိုက်တွေက ခေါ်ပေးလို့ ရိုက်ခွင့်ရတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ သမီးဘက်ကလဲ အတတ်နိုင်ဆုံး ကြိုးစားသွားပါ့မယ်’တဲ့။

No comments:

 Blogger

Myanmar CNN