မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, January 28, 2014

တော်တဲ့သူတွေ အညွန့်ကျိုးတာမျိုး မဖြစ်စေချင်ဘူးလို့ဆိုတဲ့ နေအောင်

ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးပုံဖော်ထားတဲ့ သနပ်ခါးဆိုတဲ့ကားမှာ အသက်ငယ်ရွယ်နုပျိုတဲ့ မိန်းမလှလေးရဲ့ ယောက်ျားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ ဦးနေအောင်ကို သနပ်ခါး ဇာတ်ကားရဲ့ Press Show မှာ တွေ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါ သူက ‘ဗီဒီယိုကတော့ ရိုက်ဖြစ်တယ်။ ကားကြီးဆိုဇာတ်ကို ရွေးရိုက်တယ်။ ကျွန်တော်တို့က အသက်ကလဲကြီးပြီဆိုတော့ ကျွန်တော်နဲ့ လိုက်တဲ့ ကာရိုက်တာဆို ရွေးရိုက်တယ်။ အခုလာငှားကတည်းကလဲ ကိုမင်းထင်တို့ ကိုဏကြီးတို့ကို လေးစားပြီး ဒီကားကို လက်ခံခဲ့တာ။ ကျွန်တော်နေရာဟာ ပညာသည်အနေနဲ့ကြည့်ရင် တော်တော် ကြောက်စရာကောင်းတယ်။
သို့သော်လည်းပဲ ကိုယ်ပါရမယ့် နေရာမှာပါး၊ ထူရမဲ့နေရာမှာ ထူပြီး သရုပ်ဆောင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၀မ်းလဲသာပါတယ်။ နောက်ပိုင်းမှာ ဒီကားလိုမျိုးကားတွေ ဆက်ရိုက်ဖို့ပါတယ်’တဲ့။
ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အပြင် အငယ်တွေနဲ့တွဲပြီးသရုပ်ဆောင်ရတာနဲ့ပတ်သတ်ပြီး တောလည်း မေးမြန်းဖြစ်ခဲ့ပါသေးတယ်။ ‘ကျွန်တော်တို့ကတော့ ဆရာကြီးမလုပ်ပါဘူး။ အဓိက ခံစားရတာက မောင်ရဲတိုက်လေး ဒီကားကို စုံစုံညီညီတက်ချင်တယ်။ မတက်နိုင်ဘူး။ ကလေးအတွက် စိတ်မကောင်းဘူး။ မှုန်မှုန်လေးဆိုလဲ အရမ်းကြိုးစားထားတယ်။ သားသမီးလေးလိုလဲ အရမ်း သဘောထားထားတယ်။ အခုဆို ဖွေးဖွေးဆိုလဲရပြီးပြီဆိုတော့ သူလဲရသင့်နေပြီပေါ့နော်။’လို့ သူက ပြောပါတယ်။
 ရဲတိုက်နဲ့ပတ်သတ်ပြီး သူ့ခံစားချက်ကိုတော့ ‘မကောင်းတာကို မစမ်းတာ အကောင်းဆုံးပဲ။ ဆရာတော်ကြီး ပြောသလိုပဲ ယောက်ျားမတပ်အပ်တဲ့ ပညာမရှိ ဆိုသလိုပဲ။ ကြားဖူးတယ်။ မှတ်သားဖူးတယ်။ မစမ်းအပ်တာကို မစမ်းတာကောင်းတယ်။ သေမယ်ဆိုတာ သိသိကြီးနဲ့ လုပ်သွားကြတဲ့သူတွေ အများကြီးပဲ။  ကလေးနဲ့ကလဲ အမြဲတစေမတွေ့ဖြစ်တော့ သူ့မှာ ဒါလေးတစ်ခုတည်းနဲ့စိတ်အရမ်းမကောင်းပါဘူး။ ကလေးဆိုတာ တစ်ခါမှားတာကို ခွင့်လွှတ်ပေးရမယ်။ ၁၀ခါမှားတာ မဟုတ်ဘူးလေ။ ဆယ်ကြိမ်မှားရင် သူ့အပြစ်လေ။ မဟုတ်ရင်သူ့ဘ၀အညွှန့်ကျိုးသွားလိမ့်မယ်။ ကလေးတော်တာပဲ။ အနုပညာသမားတစ်ယောက် ဆုံးရှုံးတာကို လက်မခံနိုင်ဘူး။ သမ္မတကြီးကို တက်ပြောဆိုလဲပြောမှာပဲ’လို့ သူက ပြောသွားခဲ့ပါတယ်။

ခင်ဆွေသက်/ Trend Myanmar

No comments:

 Blogger

Myanmar CNN