မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

အစာအိမ်ရောင် ရောဂါကြောင့် အရေးပေါ်ဆေးရုံ တက် ခဲ့ရတဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦး က ဒါရိုက်တာ ကျော်ကိုကိုကျော် နဲ့ ဇာတ်ကား ရိုက်ကူးနေပြီး အစာအိမ်ရောင်တဲ့ အတွက် ပန်းလှိုင် ဆေးရုံကို ဇန်နဝါရီ ၁၉ ရက်နေ့က အရေးပေါ် တက်ရောက် ကုသခဲ့ပါတယ်။ ဆေးကုသမှု ခံယူပြီး ဇန်နဝါရီ ၂၁ ရက် နေ့ ဆေးရုံက ပြန်ဆင်းခဲ့ကာ နေအိမ် မှာ အနားယူ နေတဲ့ ဝါဆိုမိုးဦးက “ဇာတ် ကားရိုက်နေရင်း နဲ့ အောင့်ပေမယ့် ဘာမှ မဖြစ်ဘူး။ မနက် မှဖြစ်တာ။ အခုရက်ပိုင်းက ရှုတင်လည်း ရှိ၊ သီချင်း ဆိုဖို့တွေလည်း ရှိတော့ အလုပ်တွေ ရှုပ်နေတာနဲ့ ညစာလည်း သိပ်မစားဖြစ်ဘူး။ တ အားအောင့် လာတော့ ဆေးရုံကို ချက်ချင်း အရေးပေါ်တက် လိုက်ရတာ။ ကားရိုက်တွေတော့ ဖျက်ထား လိုက်ရတာပေါ့။ ဆရာဝန်က နည်းနည်းတော့ အနားယူ ခိုင်းထားတယ်။ အခုတော့ သက်သာသွားပါပြီ။ အစား တော့ စားလို့ မရသေးဘူးပေါ့။ ဒါပေမဲ့ လက်ခံ ထားတဲ့ အလုပ်တွေ ရှိနေတော့ အနုပညာ အလုပ်တွေ ကို မဖြစ် မနေ ပြန်လုပ်တော့မှာပါ” လို့ ပြောပါတယ်။
ဝါဆိုမိုးဦးက မုဒုံမြို့ကို သွားရောက် သီချင်းဆိုဖို့ ရှိပြီး နယ်တွေကို တောက် လျှောက် သီချင်းဆိုဖို့ သွားဖြစ်မယ်လို့ လည်း ပြောပြပါတယ်။ စိုးရိမ်ပေးကြတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူး တင်ပါ တယ်လို့ ပြောပြတဲ့ ဝါဆိုမိုးဦးက ဇာတ် ကားတွေလည်း ဆက်တိုက် ပြန်လည် ရိုက်ကူး သွားမယ် လို့ ပြောပြခဲ့ပါတယ်။

popularmyanmar

No comments:

 Blogger

Myanmar CNN