မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, January 31, 2014

ကိုရွှေတရုတ်ရဲ့ဒုက္ခ

သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

ဂျပန်မှာ အိမ်တစ်အိမ်ဌားဖို့ ဆိုတာမလွယ်ပါဘူး။အနဲးဆုံး သိန်း၂၀ လောက်ကုန်ပါတယ်။အိမ်လခ၊စပေါ်၊ အကျိုးဆောင်ခ စသည်ဖြင့်စုံလို့ ပေါ့ဗျာ။ ထားလိုက်ပါ ဒါတွေက ဗဟုသုတအနေနဲ့ ပြောပြတာပါ အခုကျွန်တော်ပြောပြချင်တာ ကျွန်တော်ကျောင်းသားဘဝတုန်းက အတန်းဖေါ် ကိုရွှေတရုတ် အကြောင်းဗျ သူက သူ့  အခန်းမှာနေရတာအဆင်မပြေ့လို့ အိမ်ပြောင်းချင်တဲ့အကြောင်း ကျွန်တော် နဲ့ လာတိုင်ပင်ပါတယ် အဲ့ဒါနဲ့  ကျွန်တော်အိမ်ဌားဖူးတဲ့အေးဂျင်နဲ့ မိတ်ဆက်ပေးလိုက်ပါတော့တယ် နောက်နေ့ ကျွန်တော့ ဆီဖုန်းဆက်လာတယ် သူအဆင်ပြေသွားပြီဆို တဲ့အကြောင်း ၊ကျေးဇူးတင်တဲ့အကြောင်း သူအိမ်အသစ်ကို့ လာကြည့်ဖို့  ကျွန်တော်ကိုဖိတ်ပါတယ်
ကျွန်တောလည်းသွားကြည့်တော့ ကိုရွှေတရုတ်ကကျွန်တော်လာရင် ဧည့်ခံဖို့  ချက်ပြုတ်ထားတာအလျှံအပယ်ပါပဲဗျာကျွန်တော်လည်းအားနာတာနဲ့  ဇဘိုးနင့်အောင် တီးလိုက်တယ် ဟဲ ဟဲ။ပြီးတော့ သူ့ အိမ်အသစ်ကိုကြွားတော့တာပေါ့ဗျာ သူ့ အိမ်လေးက သိပ်မကျယ်ဘူး အိပ်ဖို့ နေရာရဲ့  ခြေရင်းဘက်မှာ အိပ်ယာပြန်ထည့်သိမ်းဖို့ အတွက် ဘီဒို တစ်လုံးပါတယ်အိမ်လေးကအပြင်ကကြည့်ရင်အိမ်ဟောင်းလေးပါ လူသုံးယောက်စာလောက် အေးအေးဆေးဆေးနေလို့  ရတယ် အိမ်ဘေးနားမှာလည် စမ်းချောင်းလေးနဲဆိုတော့ အရမ်မိုက်တာပေါ့ဗျာ အဲဒီအိမ်ကို ဈေးပေါးပေါးနဲ့  ရလိုက်တယ်ဆိုပဲ သူလည်းပျော်နေတာပေါ့ ။အဲ့လိုနဲ့  ပထမရက်၊ဒုတိယရက် အေးအေးဆေးဆေးပဲ နောက်ရက်လဲကျကော ကိုရွှေတရုတ် မျက်စိပျက်မျက်နှာပျက်နဲ့ ကျောင်းကို ရောက်လာတယ် အတန်ထဲးမှာလည်း အမြဲးအိပ်နေတော့တာပဲ ဆရာကမေးတော့လည်း အိပ်ရေးပျက်လိုပါတဲ့ ဒီလိုနဲ နောက် နှစ်ပါတ်လောက်လဲကြာကော ကျွန်တော့ဆီဖုန်းပြန်ဆက်တယ် သူနောက်တစ်အိမ် ပြန်ပြောင်းသွားပြီတဲ့လေ ကျွန်တော်လည်း အေးဂျင့်ဆီဖုန်းဆက်မေးတော့ သူဌားသွားတဲ့အိမ်က အရမ်းခြောက်တာ တရုတ်ကအတင်းမရမက ဌားခိုင်နေလို့ သာဌားပေးလိုက်တာ တဲ့လေ။ကျွန်တော်တရုတ်ကို မေးကြည့်တော့မှသူ ၂ရက်လောက်တော့အေးအေးဆေးဆေးပါပဲ နောက်ရက်လဲကျကော သူအိပ်နေတုန်းသူ့ အရှေ့က ဗီဒိုက ညရောက်တိုင် မလို လိုပွင့်လာပြီး အဲဒီအထဲမှာ မိန်မကြီတစ်ယောက် ဆောင့်ကြောင့်ထိုင်နေတာ မျက်နှာမှာလည်းသွေးတွေနဲ့ မျက်လုံးကြီးပြူးပြီးကြည့်နေတာတဲ့ နောက်တစ်ပါတ်လောက်လဲကျကော တရုတ် ဆရာတွေဘာတွေနဲ့ လုပ်သေးတယ်ပြောတာပဲ မသက်သာတဲ့အပြင် ပိုဆိုးလာတယ် ။ဗီဒိုထဲးကနေ အပြင်ရောက်လာပြီး သူခြေရင်းမှာလာလာထိုင်နေတာတဲ သူလဲဆဲဆိုပြီး ဝုန်းဒိုင်းကြဲးတော့တာပဲတဲ့ သူအိမ်တခုခုဖြစ်နေတယ်ဆိုပြီး ပါတ်ဝန်ကျင်ကတိုင်လို့  ရဲတွေပါလာစစ်လာဆေးလာလုပ်ရောတဲ့နောက်ဆုံးမပြောင်းတစ်ရက်လဲကျကောသူအရမ်းပင်ပန်းလာတာနဲ မှေးကနဲ့ အိပ်ပျော်သွားတဲ့ အချိန်မှာ သူ့ မျက်နှာကယားလာလို့ လက်နဲ့ ဖယ်ကြည့်လိုက်တာ ဆံပင်တွေသူမျက်နှာပေါ်ကျနေလို့ မျက်စိလည်ဖွင့်ကြည့်လိုက်ကော အမြဲတမ်းတွေနေကြမိန်းမကြီးရဲ မျက်နှာက သူမျက်နှာပေါ်ကိုအပေါ်က အုပ်ပြီးကြည့်နေတာတဲ့ ကိုရွှေတရုတ်လည်းအကြောက်လွန်ပြီးသတိလစ်သွားလေရော သူသတိပြန်လည်လာကော ချက်ချင်းအိမ်ပြောင်ဖို့ လုပ်တော့တာပဲပေးထားတဲ့အိမ်လခခြောက်သိန်း အဆုံးခံလိုက်တယ်တဲ့။သူလဲ အိမ်အေဂျင့်ကို ဖုန်ဆက်တော့ အေဂျင့်က သူတောင်ဘာမှမပြောရသေးဘူး အိမ်ပြန်ပြောင်းချင်လို့ လားတဲ့သူတို့ တစ်ခုခုဖြစ်လာမယ်ဆိုတာကြိုသိလို့ စပေါ်ပြန်အမ်းဖို့  အဆင်သင့်လုပ်ထားပြီးသားပါတဲ့။ကိုရွှေတရုတ်လဲနောက်ဆိုဈေးပေါတဲ့အိမ်ဆို မဌားရဲတော့ဘူး။အခု သူနဲ့ လည်းကျောင်းပြီးသွားလို သူနိုင်ငံပြန်သွားတာနဲမတွေတော့ပါဘူး ။ကျွန်တော်လည်း တွေးမိတယ် သူဟာသူကျောင်းအဆောင်မှာနေရင်ကောင်းသား အခုတော့ သေချင်တဲ့ကျားတောပြောင်းဆိုသလိုဖြစ်နေပါကော။ ကျွန်တော့ရဲအရေးအသားညံ့ဖျင်းမှူကို သည်းခံဖတ်ပေးတဲ့ ပရိတ်သက်အားလုံး အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

 Blogger

Myanmar CNN