မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

ပရိသတ်ကြိုက်လား၊ မကြိုက်လားဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ ဆိုတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး

အိပ်မက်အလွန်၊ အမျှင်ဇာတ်ကားတို့နဲ့ ပရိသတ်လက်ခံထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို သူကိုယ်တိုင် ဖန်တီးရိုက်ကူးထားတဲ့ ဒီဗီဒီဇာတ်ကား ‘သနပ်ခါး’နဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တဲ့အခါ ‘မူရင်းဇာတ်ကို ကြိုက်လို့ အခုလိုရိုက်ဖြစ်သွားတာပါ။ ဇာတ်ကားနံမည်ပေးဖို့ စဉ်းစားနေတုန်းမှာပဲ ကဗျာစာအုပ်တစ်အုပ် ဖတ်နေရင်းနဲ့ အဲဒီကဗျာစာသားထဲက မျက်ရည်နဲ့သွေးတဲ့သနပ်ခါးဆိုတဲ့ စာသားကိုတွေ့ပြီး သဘောကျလို့ သနပ်ခါးလို့ ပေးဖြစ်လိုက်တယ်။ ပြီးတော့ သနပ်ခါးဇာတ်ကားကို ရိုက်ဖြစ်သွားတယ်။ အခုချိန်ထိ ရုပ်ရှင်ရိုက်လာတာ မက်ဆေ့စ်ပေးချင်လို့ ရိုက်ခဲ့တာမဟုတ်ဘူး။ မက်ဆေ့စ်လည်း မပေးတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကဆရာကြီး၊ ကိုယ်က တစ်ခုခုကိုသင်ပြပေးနိုင်တယ်လို့ ဘယ်တော့မှ မယုံကြည်ဘူး။ အဲဒီလိုပဲ ကိုယ့်ကိုလည်း ဘယ်သူဘာလာ ပြောပြောမရဘူး။ ကိုယ်လုပ်ချင်ရာကို ကိုယ်လုပ်တတ်တဲ့သူ တစ်ယောက်ဖြစ်လို့ပါ။
အဲဒါကြောင့် မက်ဆေ့စ်ပေးချင်တာမဟုတ်ပါဘူး။’လို့ သူက ပြောပြသွားပါတယ်။
 ဒါ့အပြင် သနပ်ခါးဇာတ်ကားကို ပရိသတ်တွေ သဘောကျလိမ့်မယ်၊ သဘောမကျဘူးနဲ့ ပတ်သက်ပြီး သူဘယ်လိုထင်မြင်မိသလဲ ဆိုတာကိုတော့ သူက ‘ကိုယ်လုပ်ချင်ရာကိုလုပ်တဲ့သူ တစ်ယောက်ဖြစ်လို့ ပရိသတ်ကြိုက်လား၊ မကြိုက်လားဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးပါဘူး။ ပရိသတ်ကြိုက်ခြင်း မကြိုက်ခြင်းသည် ကိုယ်နဲ့ဘာမှမဆိုင်ပါဘူး။ ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ဇာတ်ကိုကြိုက်မှသာ လက်ခံပြီးရိုက်ဖြစ်တာများပါတယ်’တဲ့။
သနပ်ခါး ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရဲတိုက်နဲ့ပတ်သက်ပြီး သူ့ခံစားချက်ကိုလည်း ‘ဆေးခြောက်တစ်ကျပ်သားလေးနဲ့ သူလုပ်နိုင်တဲ့အလုပ်တွေကို လုပ်ခွင့်မရဘူး။ စိတ်မကောင်းစရာ တစ်ခုကတော့ ဆေးခြောက်တစ်ကျပ်သားလေးနဲ့ နိုင်ငံအတွက် တကယ်အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်က လုပ်ခွင့်မရတဲ့နေရာ တစ်ခုမှာရှိနေတဲ့ အချိန်ဆိုတော့ သူ့အတွက်ကို ဝိုင်းဝန်းပြီးတော့ စဉ်းစားပေးကြ၊ ပြောဆိုပေးကြရင်တော့ ကောင်းမယ်ထင်တာပါပဲ။’လို့ သူက ဆိုသွားပါတယ်။

No comments:

 Blogger

Myanmar CNN