မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, January 29, 2014

"ဘဝခါးခါး"

အရိပ်မဲ့ဘဝ အတိတ်ကမလှတော့

ဘဝကခပ်ခါးခါး ဓနကပါးပါးလှပ်လှပ်

တွင်းကနက်နက် ချွေးမထွက်တဲ့နေ့ 

ထမင်းနဲ့တွေ့နိုင်ပါ့မလား။

တစ်ဝမ်းတစ်ခါး တဲ့

တစ်ထွာသာသာကျယ်ပြန့် ပေမယ့်

ဆန့် မဆန့် နိုင်ဘူး

လောကဓံနဲ့ပြိုင်နိုင်ဖို့ 

ခြေ လက် ဆန်ကိုသပ်

သုံးနပ်မှမှန်နိုင်ပါ့မလား။

အားတင်းထားရပေမယ့်

နှုတ်အသံကမပြင်းလှပါကလားနော်။

(ခင်လေးစံပယ်)

မြန်မာ့ရောင်စဉ်

No comments:

 Blogger

Myanmar CNN