ကားရိုက်တွေများ လာတော့ ပညာတွေ အများကြီး ရလာတယ်။ အရင်ကဆို နောက်နေ့ရှူတင်ရှိ
တယ်ဆို ညဘက် ကတည်းက အိပ် မပျော်တော့ဘူး။ ရင်တွေခုန်ပြီး၊ စိတ်
လှုပ်ရှားနေခဲ့တယ်။ နောက်ပိုင်းကျ တော့ အားလုံးနဲ့ခင်မင်လာတော့ လည်း
လုပ်ရင်း၊ လုပ်ရင်းနဲ့ အသား ကျလာပါပြီ။
အရင်က ဆိုရင် ငိုရမယ့် အခန်းတွေမှာ
မငိုတတ်ဘူး ဆိုတော့ အခုရောငိုတတ်ပြီလား အမေးကို ဟုတ်ကဲ့ ကျွန်တော်
အတတ်နိုင်ဆုံး တော့ ကြိုးစားပြီး သရုပ်ဆောင်ပါ တယ်။ အခုရိုက်ထားတဲ့ ဇာတ်ကား
တွေတော်တော် များများကလည်း ငို ရတဲ့ ဇာတ်ကားတွေ ချည်းပါပဲ။ ကိုယ်နဲ့
မလိုက်ဖက်တဲ့ ဇာတ်ရုပ်တွေ ရှိရင်တောင် အဲဒီအပေါ်မှာ အကောင်းဆုံး ကြိုးစား
သရုပ်ဆောင် သွားပြီး ပရိသတ် လက်ခံရင် အကောင်း ဆုံးပါပဲ။
ဘယ်အလုပ်မ ဆို၊ ဘယ်အရာမဆို တလေးတစား လေးလေးနက်နက်နဲ့ လုပ်မယ်ဆို
ခက်ခဲတာချည်းပဲ။ ကိုယ်ကစိတ်ပါ ဝင်စားမှုနဲ့ တလေးတစားလုပ်တဲ့ အလုပ်ကခက်ခဲတယ်။
ပိုလိုချင်လေ၊ ပိုခက်ခဲလေပဲ။ လူတစ်ယောက်က စိတ်ထားကောင်းဖို့လည်း လိုပါသေး
တယ်။ ကိုယ့်အပေါ်မှာ ဘယ်သူက မကောင်းဘူး။ ကောက်ကျစ်တယ် ဆိုတာကိုလည်းသိပါတယ်။
သိသိ ချည်းနဲ့ အမုန်းမပွားဘဲ စိတ်ထားဖြူ အောင်နေပါတယ်။ အဲဒါကြောင့်
ကျွန်တော့်ကို ချစ်ကြတဲ့သူတွေ လည်းများပါတယ်။
မသိတဲ့သူတွေ က ကျွန်တော့်ကိုမာနကြီးတယ်ထင် တယ်။ တကယ်တော့ ကျွန်တော်က
ခင်တဲ့သူလောက်ပဲ စတာ၊ နောက် တာရှိပါတယ်။ ကျွန်တော်က ဘယ် သူ့အပေါ်မှာမှ
မယုတ်မာသလို ကောက်ကျစ်စဉ်းလဲတဲ့ စိတ်လည်း မရှိပါဘူး။
yoyarlay
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
Subscribe to:
Post Comments (Atom)
Myanmar CNN
- တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ရာတွင် မြေအောက်ရှိ ပိုက်လိုင်းများနှင့် မလွတ်၍ တစ်နှစ်ခွဲခန့်ကြာမည်ဟု သိရ
- မဖြိုးဖြိုးအောင်၏ ခင်ပွန်း ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် ဖမ်းဆီးခံရကြောင်း သိရ
- ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းခလေးများ နှင့် ငွေကြေးပေး၍ လိင်ဆက်ဆံသူ အရာရှိ-ဘုရားလူကြီးနှင့် လူကြီးပိုင်းများ အားစတင်ဖမ်းဆီး
- ၀န်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်
- လည်ချောင်းထဲမှာ အစာပိုက်ထည့်ထားရလို့ သီချင်းဆိုရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဖွင့်ဟလာတဲ့ ဆိုတေး
No comments:
Post a Comment