မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ မင်္ဂလာပွဲအကြိုပုံရိပ်များ

လင်းလင်းနဲ့ ချစ်သုဝေတို့က ဓာတ်ပုံပီတာ နဲ့ မန္တလေးနဲ့ စစ်ကိုင်းဘက်မှာ ဇန်နဝါရီ ၂၂ ရက်နေ့က မင်္ဂလာပွဲအတွက် Pre Wedding  ဓာတ်ပုံများ သွားရောက်ရိုက်ကူး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်နေရာတွေမှာ မြန်မာ ဝတ်စုံများဖြင့် မင်္ဂလာစုံတွဲဓာတ်ပုံများ ရိုက်ကူး ဖြစ်ပုံကို ချစ်သုဝေက..
“ထရီဇာတို့က မြန်မာလူမျိုး လည်းဖြစ် တယ်။ မန္တလေးက မြန်မာ နိုင်ငံရဲ့သမိုင်းဝင် နေရာလည်းဖြစ်တယ်။ အဲဒါကြောင့် ထရီဇာတို့ မင်္ဂလာပွဲလေးမှာ အမှတ်တ ရဖြစ်ေ အာင်လို့ မန္တလေးဘက်မှာ သွားရိုက်တာပါ။ အစ်ကိုက လည်း မန္တလေးသားဖြစ်တော့ မြန်မာဝတ်စုံ လေးနဲ့မြန်မာတွေရဲ့သမိုင်းဝင်နေရာမှာ အမှတ် တရဖြစ်အောင်ရိုက် တာပါ။ အစ်ကိုက ဓာတ်ပုံ ရိုက်တာ သိပ်မကြိုက်ပေမယ့် ထရီဇာဆန္ဒကို လိုက်လျော ပြီးတော့ Pre Wedding ဓာတ်ပုံ တွေ ရိုက်ပေးတယ်” လို့ပြောပါတယ်။ လင်းလင်း နဲ့ချစ်သုဝေတို့ ချစ်သူနှစ်ဦးက ချစ်သူသက်တမ်း ၄ နှစ် အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်မှုတွေနဲ့အတူ ရှေ့ဆက်ဖြတ်သန်း ခဲ့ကြပါတယ်။
လင်းလင်းကို လက်တွဲဖော် အဖြစ် ရွေးချယ်ဖြစ်ခြင်းနဲ့ပတ်သက်ပြီး ချစ်သုဝေက “အဓိကကတော့ သူ့ကိုချစ်လို့ ပေါ့။ သူကလည်းထရီဇာ့ကို စစ်မှန်တဲ့ချစ် ခြင်း မေတ္တာနဲ့ ချစ်တယ်လို့ ယုံ ကြည်တယ်။ အဲဒီအတွက် ပြန်ချစ် မိတာပေါ့။
ထရီဇာတို့အတွဲဆိုရင် အစ်ကိုက ထရီ ဇာနဲ့ လက်တွဲတဲ့အချိန် ချစ် သူဘဝကတည်းက ရှု တင်မှာအဆင်မပြေတဲ့ ကိစ္စမျိုး၊ အလုပ်မှာ အဆင်မပြေတဲ့ ကိစ္စမျိုးတောင် သူက အားပေး တတ်တဲ့ သူမျိုးဆိုတော့ ထရီဇာတို့ အနုပညာအလုပ်တွေကို ပိုပြီး အားကြိုးမာန်တက်လုပ်ဖြစ်သွား မှာပါ။ အမှတ်တရကတော့ ရသ အစုံပါပဲ။ အဓိကကတော့ ဒီ လေးနှစ်မှာ အစ်ကို့ကို ကျေးဇူး အများကြီးတင်တယ်။ အစ်ကိုက ထရီ ဇာရပ်တည်မှု၊ ထရီဇာ့ တန်ဖိုး၊ အရာအားလုံးကို သူ့အတ္တတွေ ရှေ့တန်းမတင်ဘဲနဲ့ထရီဇာ့ အတွက်
လိုက်လျောဖြစ်တာများတယ်။ အဲဒီ အတွက် ကျေးဇူးတင်မိတယ်” လို့ပြောပြပါတယ်။
ဘာသာမတူပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်သွားမယ် လို့ဆိုလာ ပြန်တဲ့ ချစ်သုဝေက “ထူးထူးခြားခြား ညှိစရာ မလိုဘူး။ ထရီဇာ က ခရစ်ယာန်ဘာသာကို ကိုးကွယ်တယ်။ ထရီဇာ့မိဘတွေကလည်း မေမေက ခရစ်ယာန်၊ ဖေဖေက ဗုဒ္ဓဘာသာ၊ ဒီလိုပဲ အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင် မြင်တဲ့ မိသားစုဘဝကို ထူထောင်ခဲ့တာ ပဲ။ တစ်ယောက်နဲ့တစ်ယောက် က နားလည်မှု အရေးအကြီးဆုံးပဲ။ သူလည်း ထရီဇာ့ဘာသာကို လေးစားသလို၊ ထရီဇာလည်း သူ့ဘာသာ ကို လေးစားတယ်။
သူ့ဘာသာနဲ့ သက်ဆိုင်ရာ ဝတ္တရားတွေကို ထရီဇာလိုက်လုပ် ပေးမှာဖြစ် သလို၊ ကိုယ့်ဘာသာနဲ့ သက်ဆိုင်တဲ့ ဝတ္တရားကို သူကလည်း လိုက်လုပ်ပေးမှာပဲ။ ဘာသာတရား ဆိုတာ လူတွေယဉ်ကျေးလိမ္မာအောင် ထိန်း ကွပ်ထားတဲ့ အရာဖြစ်တဲ့အတွက် ဘယ်ဘာသာ တရားမဆို လေးစားတယ်” လို့ ဆက်လက် ပြောပြပါတယ်။
ဆက်လက်ပြီးရှေ့ဆက်မယ့် နှစ်ကိုယ်တူဘဝခရီးနဲ့ ပတ်သက်ပြီး ချစ်သုဝေက “အနုပညာအလုပ်တွေပဲ ဆက်လုပ်ဖြစ်မယ်။ငွေကြေးတွေ၊ကျော်ကြားမှုတွေနောက် ကိုမလိုက်ချင်တာ သူနဲ့ထရီဇာတအားတူတယ်။အေး အေးချမ်းချမ်းလေးဘဝကို ဖြတ်သန်း မှာပဲ။အနုပညာအလုပ်တွေလုပ် မယ်။ ပရဟိတအလုပ်တွေလုပ်မယ်။ ထရီဇာ တို့ နှစ်ယောက်ရဲ့ ပျော်ရွှင် ရတဲ့ဘဝကိုယ်ပိုင်အချိန်လေးကို ဖန်တီးကြမယ်လို့ စိတ်ကူးထားတယ်။ သားသမီးယူမယ်လို့ ဆုံးဖြတ်ထားတဲ့ နှစ်ပိုင်းလောက်မှ သားသမီးအ တွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြမယ်။ အေးအေးဆေးဆေးအလုပ်လုပ်ချင် လို့နောက်သုံးနှစ်လောက်မှ သား သမီးယူဖြစ်မှာပါ” လို့ပြောပါတယ်။
►လင်းလင်း
ချစ်သူနှစ်ဦးရဲ့ အမှတ်တရတွေ၊ ရှေ့ဆက်မယ့်ဘဝခရီးနဲ့ပတ်သက်ပြီး လင်းလင်းကိုလည်း ဆက်လက်မေး မြန်းဖြစ်ခဲ့ပါတယ်။
ချစ်သုဝေနဲ့ စတွေ့ဖြစ်ခဲ့ပုံနဲ့ စပြီးစိတ်ဝင်စားဖြစ်ခဲ့တဲ့ အကြောင်းလင်းလင်းကိုမေးကြည့်တော့ “ရန်ကုန်မြို့မှာညမထွက်ရအမိန့်တွေ ဆူညံနေတဲ့အချိန်စက်တင်ဘာ ကာလ တစ်ခုမှာပေါ့။ဘယ်တုန်းကစိတ်ဝင် စားခဲ့တာလဲဆိုရင်ကျွန်တော်လည်း ဒီမေးခွန်းကိုကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတာ။ခန့်မှန်းပြီးဖြေရမယ် ဆိုရင်မမွေးခင်က တည်းကထင်တာ ပဲ” လို့ ဆိုပါတယ်။
ဘယ်အချိန်မှာချစ်ခွင့်ပန်ခဲ့တာလဲဆိုတာကိုလည်း “ပထမဆုံး စတွေ့ တွေ့ချင်းမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာသူတစ်ပါးကိုလိမ်ဖို့ အား လုံး ဟန်ဆောင်လို့ရပေ မယ့် အဲဒီအထဲ မှာမျက်လုံးတွေမပါဘူးလေ” လို့ပြောပြီး “ချစ်သူသက်တမ်းကတော့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတစ် ကျော့စာရှိပြီ။၎နှစ်” လို့လည်း ဆိုပါ တယ်။လက်ထပ် ဖို့စီစဉ်ဖြစ်ပုံကို လည်း “၂ဝ၁၁ မှာ ကမ္ဘာပျက်မယ်လို့ ကောလာဟလကြားတဲ့အချိန်တုန်း က တစ်ခါစဉ်းစားသေးတယ်။ ပြီး တော့ ၂ဝ၁၂ မှာ ကမ္ဘာပျက်မယ်လို့ သတင်း ကြားတဲ့အခါတုန်းကလည်း တစ်ခါ စီစဉ်မလို့လုပ်ကြသေးတယ်။ ကဲ..အခုတော့ အတည်ဖြစ်ပြီပေါ့ ၂ဝ၁၄ မှာ။ ကမ္ဘာကြီးတင်မကဘူး။ စကြဝဠာကြီးပါပျက်လို့ရပါပြီ” လို့
ဟာသနှောတင်စားပြောဆိုပါတယ်။
ဘာသာမတူတဲ့အပေါ်မှာ သူတို့နှစ်ဦးရဲ့ညှိနှိုင်းမှုကိုလည်း “ထရီ ဇာနဲ့ကျွန်တော်နဲ့က ကြီးကြီးမားမား ညှိနှိုင်းစရာသိပ်မရှိပါဘူး။တော်တော် များများတူပါတယ်။ဥပမာ – မြစ်ဆုံ စီမံကိန်းကြီးကိုကျွန်တော်က ကန့် ကွက်တဲ့လူတစ်ယောက်ဖြစ်သလို ထရီဇာကလည်းသဘောမတူတဲ့လူ တစ်ယောက်ပဲလေ။ပြီးတော့ ဓာတ်ငွေ့ပိုက်လိုင်း ကြီး မြန်မာ နိုင်ငံအလယ်ကြီးကိုဖြတ်သွား တာကိုလည်းကျွန်တော်က ဝမ်းနည်းမိသလိုထရီဇာက လည်းပျော်ရွှင်နေမယ့် လူ တစ်ယောက်မဟုတ်ပါဘူး။ ဒါကြောင့်ကြီးကြီး မားမား ညှိနှိုင်းစရာတွေသိပ်မရှိဘူး။အဲ…ဒါပေမဲ့ နည်းနည်းတော့ ရှိတယ်။ ဥပမာ- ည ၈နာရီ တီဗီကသတင်း လာလို့ ကျွန်တော်က တီဗီ ဂိမ်းဆော့မယ်လုပ် တဲ့အခါသူက  Discovery Channel    ကြည့်ချင်တာတို့၊ Animal Planet Channel  ကြည့်ဖို့လုပ်တာတွေတော့ နည်းနည်း ညှိနိုင်းရမယ်” လို့လင်းလင်း က သူတို့နှစ်ဦးရဲ့ညှိနှိုင်းမှု ကိုအရွှန်းဖောက်စကားဆိုပါတယ်။
သူတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်နဲ့ ပတ်သက်လို့”ရုရှားချေချင်းညှာ စစ်ပွဲတွေဘက်ကို ဟန်းနီးမွန်း ထွက်မယ်လို့ စဉ်းစားထားတယ်။ အဲ..လမ်းမှာ ယူကရိန်းနိုင်ငံကို ဝင်ပြီး ဆန္ဒပြခေါင်းဆောင် ကလစ်ခ်ျ ကိုနဲ့  Tom & Jerry ဇာတ်ကားအကြောင်းဝင်ဆွေးနွေးမယ်။ လေယာဉ်  Transit ကို Bangkok Shutdown  ကနေတစ်ဆင့် စီစဉ် ထားတယ်။ ပြီးတော့မှ ၂ဝ၁၅ ရွေး ကောက်ပွဲမှာ မြန်မာတစ်နိုင်ငံလုံးကို လျှောက်လည် မယ်” လို့အတည်လို လို၊ အရွှန်းဖောက်စကား လိုလိုဆိုပါတယ်။း ဘာမှ ကိုယ်
ပိုင်အချိန်မရှိခဲ့တော့ အေးအေး ဆေးဆေးလွတ်လွတ်လပ်လပ်လေး ကိုယ်ပိုင်အချိန်ကို ဖြတ်သန်းချင် သေးတယ်။

 popularmyanmar

No comments:

 Blogger

Myanmar CNN