မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

‘ဥ’ရုပ်ရှင်ဇာတ်ကားရဲ့ အကယ်ဒမီဆုရှင်နှစ်ဦး ရုပ်ရှင်လောကသားများကို ဆန်၊ ဆီ၊ ဆားလှူဒါန်း

‘ဥ’ ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့တဲ့ ချောရတနာနဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)တို့က အကယ်ဒမီ အမှတ်တရ အလှူအနေ နဲ့ ဇန်နဝါရီ ၂၃ရက် နေ့ နံနက်၈နာရီက   မြန်မာ နိုင်ငံရုပ်ရှင် အစည်း အရုံးမှာ ပြုလုပ်ခဲ့ပါ တယ်။ အမေများ အဖွဲ့၊ စက်မှုလုပ်သား အဖွဲ့၊ကိုလူချောအဖွဲ့၊ ရုပ်ရှင်အစည်းအရုံး ဝန်ထမ်းများကို ဆန် ၃ပြည်၊ ဆီ ၁ပု လင်းစီ လှူဒါန်းခဲ့ပါတယ်။ ကလေး သရုပ်ဆောင် အကယ်ဒမီဆု ရ ရှိခဲ့တဲ့ ယွန်းယွန်း ကလည်း အကယ် ဒမီအမှတ်တရအနေ နဲ့ ရေခဲမုန့်နဲ့ ကိတ်မုန့်များကို လည်း ဧည့်ခံေ ကျွး မွေးခဲ့ပါ တယ်။ လှူဒါန်းမှုအတွက် ဝမ်းသာပီတိဖြစ်ရတယ်လို့ ပြောပြတဲ့ ချောရတနာက “ဦးဇော် တို့နဲ့အတူ လှူဖို့အတွက် စီစဉ် ဖြစ်တာက ကိုယ့်အနုပညာ လော ကသားအချင်းချင်း လှူချင်တာ ပါ။ ထွန်းရွှေဝါကလည်း ဆေးတွေ လှူတယ်။ အကယ်ဒမီရမှရယ် မဟုတ်ပါဘူး။နဂိုကတည်း ပရဟိတ အလှူတွေ လုပ်ဖြစ်ပါတယ်။ အကယ်ဒ မီရသွားတော့ ဒါလေးကို အမှတ်တရအနေနဲ့ လှူဖြစ်တာပါ။
ကိုယ့်လောကသားတွေကို တတ်နိုင် သလောက် ကူညီစောင့်ရှောက်ချင် တာပါ။ အမေတွေဆိုလည်း တချို့က တကယ်အလုပ်မလုပ်နိုင်တဲ့သူ တွေရှိ တယ်လေ။အနုပညာကို မလုပ်နိုင် တော့တဲ့ အမေတွေလည်းပါတယ်။ စက်အဖွဲ့တွေကျတော့လည်း သူတို့ရ တဲ့ ဝင်ငွေကလည်း နည်းတယ်လေ။ ချောတို့အနုပညာလောကအတွက် သူတို့မရှိလို့လည်း မဖြစ်ဘူးလေ။ ဦးဇော်ကလည်း ပုပ္ပားမှာ သွားလှူပြီး သွားပြီ။ အမှတ်တရအလှူအနေနဲ့ ဆိုတော့ ဒီအလှူလုပ်ဖြစ်တာ။ ဒီနေ့ မှာပဲ ချောရဲ့ အမေနဲ့အဖေက ပုပ္ပား မှာ ၉သိန်းသွားလှူနေတယ်။ အလှူ တွေကို ဒီ ထက်ပိုလှူနိုင်ပါစေလို့လည်း ဆုတောင်းမိတယ်။ ကိုယ်တွေရဲ့ အလှူကို ပျော်ပျော်ပါးပါးနဲ့ လက်ခံ ပေးတဲ့အတွက်ဝမ်းသာပီတိဖြစ်ရ သလို ကျေးဇူးလည်း တင်ပါတယ်။ ချောတို့လှူတာကြားတော့ ယွန်းယွန်း က လည်း ရေခဲမုန့်နဲ့ ကိတ် မုန့်ပါအလှူ အနေနဲ့လာကျွေးတယ်။ အမှတ်မ ထင်ဘဲ လာတော့ သုံးယောက်ဆုံသွား တာ။တအားလည်းဝမ်းသာရပါတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်/popularmyanmar

No comments:

 Blogger

Myanmar CNN