မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

ကိုရီးယားမှာ အမျိုးသမီးတေးသံရှင် ၈ ဦးနဲ့ အတူ ရှိုးဆိုမယ့် အိမ့်ချစ်

အိမ့်ချစ်က ၇ ကြိမ်မြောက် ကျင်းပတဲ့ မသန်စွမ်းဆီးဂိမ်း (ပါရာဂိမ်း) မှာ လှုံ့ဆော်ရေးသီချင်းကို ဟဲလေး၊ ကေကေမိုး၊ ဆလိုင်းတို့နဲ့အတူ သီဆိုခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲဝင် မသန်စွမ်းအား ကစားသမားတွေ အပေါ်မှာလည်း အိမ့်ချစ်က “ညီမတို့ကသူတို့ကိုပြန်ပြီး အတုယူနေရတယ်။ စိတ်ဓာတ်ကြံ့ခိုင် လို့လည်း လူ့လောကကြီးမှာ မသန်စွမ်းပေ မယ့်လည်း ရပ်တည်နေ နိုင်တာပေါ့။ သူတို့ကို အားပေးတာထက် သူတို့ကိုအောင် အတုပြန်ယူနေရတယ်လို့ ပြော ချင်ပါတယ်။ ကိုယ်တွေတောင်မှ လောကကြီး မှာရပ် တည်ဖို့၊ကြံ့ခိုင်အောင်လို့ မနည်း ရပ်တည်နေရတာ။ သူတို့က ကိုယ်အင်္ဂါချို့တဲ့ပေမယ့် စိတ်ဓာတ်မကျဘဲ ဘယ်လိုများရပ်တည် နေလဲ၊ ဘယ်လိုများ စိတ်ဓာတ်ကိုမွေးမြူလဲ ဆိုပြီး ပြန်ပြီး အတုယူရတယ်။ အဲဒီအတွက် လောကကြီးကို စိတ်ဓာတ်မကျဘဲနဲ့ အကောင်းဆုံးရပ်တည်နေတာကို တအားလေးစားတယ်။ သဘောကျတယ်။ အားကျတယ် လို့ အိမ့်ချစ်က ပြောချင်ပါတယ်” လို့ ပြောပါတယ်။
လတ်တလော မှာတော့ အိမ့်ချစ်က City FM  နှစ်ပြည့်Live Show မှာဆိုရင် အိုင်ရင်းဇင်မာမြင့် နဲ့အတူ အရင်က အမျိုးသားတွေသီဆိုဖူးတဲ့ ‘နေရာချင်းသာလဲလိုက်ချင်တယ်’ ဆို တဲ့သီချင်းကို မိန်းကလေးနှစ်ဦး ပြန်လည်သီဆိုထားပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး အိမ့်ချစ် က “အမျိုး သားတွေဆိုတဲ့ သီချင်းကို အိမ့်ချစ်တို့က ပြန်ဆိုတော့ ဒီသီချင်းပုံစံနဲ့ဆို မိန်းမနောက်ပိုးတွေ ဖြစ်နေတာပေါ့။ ဒါပေမဲ့ ဖျော်ဖြေမှုအနေနဲ့ပါပဲ။MTV  လည်း ကိုနေတိုးနဲ့ရိုက် ထားတယ်။ သီချင်းက မိန်းကလေးက ရည်းစားစကားပြောတဲ့ပုံစံဆိုတော့ အဖြည်သဘောလည်းဖြစ်အောင် စကားပြောအနေနဲ့လည်းထည့်ထားတယ်။ ကိုရီးယား ကားတွေမှာတောင် ပြောနေကြတာပဲ၊ ငါတို့လည်းလိုက်ပြောမယ်ဆိုတာလေးကို အပြောင်လေးထည့်ထားတယ်” လို့ အိမ့်ချစ်က ပြောပါတယ်။
အိမ့်ချစ် က ဖေဖော်ဝါရီလထဲမှာ ကိုရီးယားကို အမျိုးသမီးတေးသံရှင် ၈ ဦးရဲ့ Lady Show ပြုလုပ်ရန် သွားဖို့ရှိတယ် ဆိုတာကိုသိရပြီး သူ့ရဲ့ နောက်ဆုံး ထွက်စီးရီး အချစ်ရေးMTV ကို လည်း ဖြည်းဖြည်းချင်းစီ ရိုက်ကူးသွားမယ်လို့လည်း သိရပါ တယ်။
ရဲရဲ/popularmyanmar

No comments:

 Blogger

Myanmar CNN