မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

ဆိုင်ကယ်သော့ကိုဖျက်နေသည့် မသင်္ကာသူများအား အရေးယူစစ်ဆေးရာမှ ဆိုင်ကယ်ခိုးမှုများ ထပ်မံဖော်ထုတ်နိုင်

ရန်ကုန်၊ ဇန်န၀ါရီ ၂၇

၂၂.၁.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့၊ဝေဘာဂီနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စကားဝါလမ်းပေါ်၌ မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် ဇေဖြိုး(ခ)ဇေဖြိုးလွင်နှင့် အရိုး(ခ)အောင်မြတ်(ခ)အောင်မြတ်မင်းတို့(၂)ဦးမှာ XONBO 125 အနက်ရောင်ဆိုင်ကယ်တစ်စီး၏သော့အား ဖျက်နေသည်ကိုတွေ့ရှိရသောကြောင့် စစ်ဆေးမေးမြန်းရာအဆိုပါဆိုင်ကယ်အား ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားပြောဆိုပြသနိုင်ခြင်းမရှိသဖြင့် (ပ)၂၄/၂၀၁၃၊ ပုဒ်မ၃၇၉ /၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းတို့(၂)ဦးအား အခြားခိုးမှုများကျူးလွန်ထားခြင်းရှိ/မရှိစစ်ဆေးရာဇေဖြိုး(ခ)ဇေဖြိုးလွင်၊ အရိုး(ခ)အောင်မြတ်(ခ)အောင်မြတ်မင်းနှင့်မြောက်ဥက္ကလာပမြို့နယ်နေသူများဖြစ်သည့် မောင်စိန်(ခ)စိန်ဝင်း၊ ထက်ထက်(ခ)ရှိုင်းလင်းထက်တို့(၄)ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္က၀တ်(၃)လမ်းမှ HEMOT-R 125အမျိုးအစားအနက်ရောင်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့်ကျောင်းလမ်းထောင့်မှKENBO 125 အမျိုးအစား အနီရောင်ဆိုင်ကယ်တို့အားလည်းကောင်း၊ဇေဖြိုး(ခ)ဇေဖြိုးလွင်၊ မောင်စိန်(ခ)စိန်ဝင်းနှင့် ထက်ထက်(ခ)
ရှိုင်းလင်းထက်တို့(၃)ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလနှင့်၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလများအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ခေမာ(၂)လမ်းမှ DIAING 125အမျိုးအစားအနက်ရောင်၊ခေမာ(၅)လမ်းမှSUMBO 125အမျိုးအစား အနီ/အနက်ရောင်၊ စကားဝါလမ်းမှYINXING 110 အမျိုးအစားအနက်ရောင်ဆိုင်ကယ်တို့အားလည်းကောင်းဇေဖြိုး(ခ)ဇေဖြိုးလွင်နှင့် မောင်စိန်(ခ)စိန်ဝင်းတို့(၂)ဦးသည် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ခေမာ(၅)လမ်းမှ KENBO-125အမျိုးအစားအနီရောင်ဆိုင်ကယ်(၁)စီး အားလည်းကောင်း ခိုးယူခဲ့ကြကြောင်းပေါ်ပေါက်သဖြင့် ၎င်းတို့(၄)ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်ကာ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police















No comments:

 Blogger

Myanmar CNN