မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, January 26, 2014

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ ဖိတ်ကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင် အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြား တယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။
တရုပ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလာရောက်ဖို့အတွက် ဘယ်တော့ ဖိတ်ကြား မယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် တရုတ်အစိုးရဖက်ကရော ဒေါ်အောင်ဆန်းစုကြည် ဖက်ကပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီး က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အသိ အမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှု ကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သူတာဝန် စတင်ထမ်းဆောင်ချိန်က စပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုကြောင်း၊ ဒါပေမယ့် တရုတ်အစိုးရ အနေနဲ့ တရားဝင်ဖိတ်ကြားဖို့လိုကြောင်း RFA ကို ပြောကြား ခဲ့ပြီးဖြစ် ပါတယ်။ ဒီကနေ့ထုတ် တဲ့ တရုပ်သတင်းစာမှာတော့ အစိုးရတစ်ပိုင်းအဖွဲ့တွေ အရင်က ဖိတ်ကြားခဲ့တာကို ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သံအမတ်ကြီး ယနဟိုးလန်က သူတို့အ စိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါ အဝင် မြန်မာပြည်က နိုင်ငံရေးပါတီအားလုံးနဲ့ ဆက်ဆံရေးကို ဆက်လက်ထူထောင်မှာဖြစ် တယ်လို့ ပြောဆိုကြောင်းလည်း ရေးသားထားပါတယ်။
RFA Burmese

No comments:

 Blogger

Myanmar CNN