မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 30, 2014

မင်းထင်ကိုကိုကြီး ရိုက်ကူးသည့် ‘သနပ်ခါး’ DVD ဇာတ်ကားမိတ်ဆက်

popularmyanmar/ခိုင်သဇင်ဦး

ပင်လယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ဖြန့်ချိပြီး ဒါရိုက်တာမင်းထင်ကိုကိုကြီး ရိုက်ကူးသည့်သနပ်ခါး DVD ဇာတ်ကား မိတ်ဆက်ပွဲကို ရန်ကုန်မြို့ရှိ Junction Mawtin ရုပ်ရှင်ရုံ (၁)တွင် ဇန် နဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့သည်။ အဆိုပါဇာတ်ကားကို မင်းထင်ကို ကိုကြီးက ကိုယ်တိုင်ဇာတ်ညွှန်းရေးသား ပြီး ရိုက်ကူးထားခြင်းဖြစ် သည့် အပြင် နေအောင်၊ ရဲတိုက်၊ ဝတ်မှုန်ရွှေရည်နှင့် မေကဗျာတို့ ပါဝင်သရုပ်ဆောင်ထား ကြောင်း သိရသည်။
ဇာတ်လမ်းအကျဉ်းမှာ နေအောင် နှင့် ရဲတိုက်တို့က တူအရီးတော်စပ်သော် လည်း သားအဖအရင်းသဖွယ်နေထိုင်ခဲ့ ရာ ၎င်းတို့၏မိသားစုဘဝထဲသို့ ဝတ်မှုန် ရွှေရည် က နေေ အာင်၏ဒုတိယအိမ် ထောင်အဖြစ်ဝင်ရောက်လာခဲ့ရာမှ သက်တူရွယ်တူဖြစ်သော ရဲတိုက်နှင့် တိတ်တခိုးသံယောဇဉ်တွယ်မိပြီး ‘အိုး ချင်းထားအိုးချင်းထိ’၍ ‘ကြိုးချင်း ထား၊ ကြိုး ချင်းငြိ’ခဲ့ကြသော ဇာတ်ကိုသရုပ် ဖော်အသက်သွင်းထားခြင်း ဖြစ်သည်။

No comments:

 Blogger

Myanmar CNN