မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 30, 2014

ကိုယ်နဲ့လိုက်ဖက်မယ့် သီချင်းမှသာ သရုပ်ဆောင်ပေးမယ်ဆိုတဲ့ နန်းသူဇာ

popularmyanmar

နန်းသူဇာနှင့် နန်းမြတ်ဖြိုးသင်း ‘သူငယ်ချင်း’အတွဲခွေမှာ ကိုယ်တိုင်နဲ့ လိုက်ဖက်တဲ့အပုဒ်မှသာ သရုပ်ဆောင်ဝင်လုပ်မှာဖြစ်ကြောင်း နန်းသူဇာက ပြောသည်။” CD မှာ တော်တော်များများ အားပေးတဲ့အတွက် ကျေးဇူးတင်တယ်။ VCD  ကိုသင်္ကြန်မတိုင်ခင်ထွက်ဖို့စီစဉ်ပေမယ့် အခက်အခဲတချို့ကြောင့် သင်္ကြန်ပြီးမှပဲထွက်မယ်”ဟု နန်းသူဇာ က ပြောသည်။
နန်းသူဇာနှင့် နန်းမြတ်ဖြိုးသင်း တို့သူငယ်ချင်းအတွဲခွေကို လူငယ်ဆန်ဆန်ဖန်တီးထားပြီး သရုပ်ဆောင်ပိုင်းမှာ လည်း အစုံပါဝင်မှာဖြစ်ကြောင်း သိရသည်။ နန်းသူဇာက လတ်တလောမှာ Let’s go အစီအစဉ်မှာပါဝင်ပြီး ဇန်နဝါ ရီ ၂၁ ရက်နေ့မှစ၍ အပတ်စဉ်အင်္ဂါနေ့ ညနေ ၆ နာရီခွဲအချိန်တွင် MWD မှ ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

” Let’s Go  အစီအစဉ်မှာ ဆီးဂိမ်း မှာ ကတည်းက ဆုံတဲ့အဖွဲ့လေးပါ။ အ ခု ဒီ အဖွဲ့လေးကပဲ မြန်မာနိုင်ငံက အထင်ကရနေရာတွေကို အနှံ့လျှောက် သွားမှာဖြစ်ပြီး MWD က ပြန်ထုတ် လွှင့်မှာဆိုတော့ ဝမ်းသာတယ်”ဟု ၎င်း က ဆက်ပြောသည်။
”အစကတော့ MWD ကထုတ်လွှင့်မယ်။ ဘယ်ချယ်နယ်ကထုတ်လွှင့်မယ်ဆိုတာ မသိဘူး။ လူငယ်တွေရဲ့လွတ်လပ်တဲ့ စတိုင်နဲ့ မြန်မာနိုင်ငံ အထင်ကရ နေရာတွေ အနှံ့ လျှောက်လည်မယ်”ဟု ၎င်းက ပြောသည်။ အဆိုပါ အဖွဲ့ကို100 Plus ၊ ADMA Media နှင့် i max  တို့မှပူးပေါင်းတင်ဆက်ပြီး ဘန်နီဖြိုး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ နန်းမြတ်ဖြိုးသင်း၊ Bobby Soxer ၊ နန်းသူဇာတို့ပါဝင် ကြောင်း သိရသည်။ ”အားလုံးက သရုပ်ဆောင်တွေ မဟုတ်တဲ့အတွက် Let’s Go ဆိုတဲ့အ တိုင်းပေါ့ပေါ့ပါးပါး ခရီးသွားမယ်ဆိုတဲ့ အတိုင်းပဲ ရိုက်ကူးကြမှာဖြစ်ပါတယ်”ဟု နန်းသူဇာက ပြောသည်။

No comments:

 Blogger

Myanmar CNN