မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 30, 2014

အမေရိကန်မှာအငြိမ့်သွားကမယ့် မိုးယုစံ

popularmyanmar/ထူးထူး

မိုးယုစံက ဖေဖော်ဝါရီလ ၂၇ ရက်လောက်မှာ အမေရိကန်ကို နှင်းဆီအဖွဲ့နဲ့အငြိမ့် သွားကမှာဖြစ်ပြီး တစ်လသို့မဟုတ် နှစ်လကြာမယ်ဟု ပြောသည်။ အနုပညာသက်တမ်း ၅ နှစ်ကျော်အတွင်းမှာ ဒါရိုက်တာပန်းချီစိုးမိုးနဲ့ဆုံတာ ဒါပထမဆုံးဖြစ်ကြောင်း မိုးယုစံက ပြောသည်။
”ဦးစိုးမိုးက နာမည်ကြီးဒါရိုက်တာတစ်ဦးထဲက တစ်ဦးဖြစ်တဲ့အတွက် ဒီဇာတ်ကားကြီးမှာ မိုးယုအတွက် ရာခိုင်နှုန်းတစ်ဝက်က စိတ်ချရပြီ။ ကိုယ့်ဘက်က ကြိုးစားမှုတစ်ခုပဲ လိုတယ်” ဟု မိုးယုစံက ပြောသည်။ လတ်တလောမှာ မိုးယုစံက ဦးစိုးမိုးရိုက်ကူးသည့် ”ကျွန်တော့်ရည်းစား ဘုရားမှာနေသည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သိုက်နန်းရှင်မြ နန်းနွယ်ဘဝ၊ ရွာသူမလေးဘဝဖြင့် ဘဝနှစ်ခုကို သရုပ်ဆောင်ထားကြောင်း သိရသည်။

”ကိုယ်ကသရုပ်ဆောင်နေတဲ့အခါမှာ ပိုတာလိုတာတွေ အစအဆုံးမသိ နိုင်ပေမယ့် ဒါရိုက်တာနဲ့ပတ်ဝန်းကျင်က သိတယ်။ မိုးယုသရုပ်ဆောင်မှုကို စိတ်တိုင်းမကျမ ချင်း ပြန်ပြီးသရုပ်ဆောင်စေပြီး သင်ပြပေးတဲ့ ဦးစိုးမိုးကို ကျေးဇူးတင်တယ်”ဟု ၎င်းက ဆက်ပြောသည်။ ”ဒီဇာတ်ကားမှာ အဓိကစိုးရိမ် မိတာက သရုပ်ဆောင်ပိုင်းမှာ ဝါရင့်က ဦးဇင်ဝိုင်း၊ မခင်ဇာခြည်ကျော်၊ မသိင်္ဂီ ထွန်းပဲပါတယ်။ မိုးယုတို့ ၃ယောက်စလုံးက ဝါနုသေးတယ်။ မိုးယုဆို လည်း လုပ်သက် ၅ နှစ်ကျော်ပဲရှိသေးတယ်။ အစ်ကို စိုးရန်အောင်ဆိုလည်း အတွေ့အကြုံနည်းသေးတယ်။ ညီမလေးခင်ဝင့်ဝါဆိုအစိမ်းသက်သက်ဖြစ်တယ်။ ဒါကြောင့်သုံးယောက်စလုံးမှာ တာဝန်ကြီးပြီးကြိုးစားရမယ်”ဟု မိုးယုကပြောသည်။

No comments:

 Blogger

Myanmar CNN