မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, January 28, 2014

မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကို ကျင်းပပြုလုပ်သွားခဲ့တဲ့ အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်၊အဆိုတော်၊ဒေါက်တာချစ်သုဝေ


အဆိုတော်လင်းလင်းနဲ့ သရုပ်ဆောင်၊အဆိုတော်၊ဒေါက်တာချစ်သုဝေတို့ရဲ့ မြန်မာဓလေ့ထုံးတမ်းအစဉ်အလာဖြစ်တဲ့ မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲကို ဇန်နဝါရီ၂၈ရက်နေ့မှာ တောင်ဒဂုံမြို့နယ်ရှိ၊ ပိဋကတ်သုံးပုံနိကာယ်စာသင်တိုက်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အနုပညာရှင် အဆိုတော်တွေနဲ့ သရုပ်ဆောင်တွေ စုံလင်စွာ တက်ရောက် အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။
တက်ရောက်ခဲ့တဲ့ အနုပညာရှင်တွေထဲက အကယ်ဒမီအိန္ဒြာကျော်ဇင်ကတော့ ချစ်သုဝေနဲ့ လင်းလင်းတို့အတွက် ‘သူတို့နှစ်ယောက်က တကယ်ကို လိုက်ဖက်တယ်။
နှစ်ယောက်စလုံးက အဆိုတော်တွေလည်းဖြစ်တယ်။ ပြီးတော့ သူတို့နှစ်ယောက်စလုံးရဲ့ စိတ်ထားလေးတွေကလည်း အရမ်းကောင်းတယ်။ ဖြူစင်တယ်။ သူတို့နှစ်ယောက်စလုံးက တကယ်ချစ်ပြီးတော့ လက်ထပ်ကြတဲ့ အတွက် အရမ်းကို ပျော်ရွှင်စရာကောင်းပြီး သာယာတဲ့မိသားစုဘဝလေး ဖြစ်ပါစေ။ ရိုးမြေကျသက်ဆုံးတိုင် ပေါင်းသင်းနိုင်ကြပါစေ’လို့ ဆုတောင်စကားပြောပေးသွားပါတယ်။

စန္ဒီ  /Trend Myanmar

No comments:

 Blogger

Myanmar CNN