မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, December 31, 2013

၂၀၁၄ နှစ်သစ် ကြိုဆိုခြင်းအား ဒီဇင်ဘာ ၃၁ ရက်ညက ရန်ကုန်မြို့ရှိ လူစည်ကားရာ နေရာများတွင် ကျင်းပခဲ့

၂၀၁၄ ခုနှစ် နှစ်သစ်အား ပျော်ပွဲရွှင်ပွဲများဖြင့် ကြိုဆိုခြင်းကို ဒီဇင်ဘာ ၃၁ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် အစည်ကားဆုံး နှစ်သစ်ကြိုဆိုခြင်းကို အခမဲ့ ၀င်ခွင့်ပေးခဲ့သည့် မိုင်ဒါကွင်းတွင် ပြုလုပ် ခဲ့ပြီး တေးသံရှင်များစွာ၏ အခမဲ့ ဖျော်ဖြေမှုများစွာဖြင့် ပရိသတ်များ စည်ကားစွာဖြင့် ပြုလုပ်ခဲ့ပြီး ၂၀၁၄ နှစ်သစ်ကို ပျော်ရွှင်မှု အပေါင်းဖြင့် ကြိုဆိုခဲ့သည်ကို တွေ့ရသည်။


အလားတူ ၂၀၁၄ ခုနှစ် နှစ်သစ်ကြိုဆိုခြင်းကို ရန်ကုန်မြို့ရှိ အင်းလျားကန်ဘောင်နှင့် မြကျွန်းသာ ကန်ဘောင်တို့တွင် ပြုလုပ်ခဲ့ပြီး လုံခြုံရေးအင်အား တင်းကျပ်စွာဖြင့် ပြုလုပ်ခဲ့သော်လည်း နှစ်သစ်ကို ကြိုဆိုသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။

ဥက္ကဋ္ဌ လူမင်း တရားရုံးရောက်ရခြင်း

ဒီဇင်ဘာလ၂၄ရက် ၊နေ့လယ် ၁၁နာရီက ဗဟန်း တရားရုံးတွင် ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေ ခံအဖွဲ့ ဥက္ကဋ္ဌဟောင်း ဒေါ်စန်းစန်းမော် က မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်း၊ ဦးဝင်းကြည်၊ ဒေါ်ကေသီကျော် ၊ဒေါ်အိမွန်အောင်၊ ဒေါ်အိထွဋ်ဝင်း တို့အား ပုဒ်မ၃၄၁ (မတရား တားဆီးပိတ်ပင်မှု) ၊ပြစ်မှု ကြီး အမှတ် (၃၉၁/၂ဝ၁၃)ဖြင့် အမှု ဖွင့်တရားစွဲဆိုခဲ့သည်။
အဆိုပါ တရား စွဲဆိုမှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က “ကိုယ်တိုင် ဥက္ကဋ္ဌ အနေနဲ့ နာမည်တပ်ပြီး တရား စွဲခံရလို့ တရားရုံး ကို ရောက်ဖူးတာ ပထမဆုံး အကြိမ်ပါ။ တရားရုံးသွားရ လို့ စိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံ့ တာ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နာမည်ကိုက တရားရုံးလေ။ မ တရားရုံး မှမဟုတ်တာ။ တရားရုံးဖြစ်တဲ့ အတွက် အမှန် တရားပေါ်ပေါက်ဖို့ ပဲလေ” ဟု ပြောသည်။

သမ္မတလွတ်ငြိမ်းခွင့်အမိန့်ဖြင့် အိုးဘိုထောင်မှ ၅၀၅ ခ ပြစ်ဒဏ်သင့် ၉ ဦးလွတ်မြောက်

မန္တလေး၊ မဇ္ဈိမ။ ။နိုင်ငံတော်သမ္မတမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ကို ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့ရာ မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘို)မှ နိုင်ငံတော်ဆူပူစေရန် လှုံ့ဆော်မှု ၅၀၅(ခ) ဖြင့် စွဲဆိုကာ ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၉ဦးကို ဒီဇင်ဘာ ၃၁ရက် နေ့လယ် ၂ နာရီခွဲတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသည်။

ယနေ့လွတ်မြောက်လာသော ကိုးဦးသည် ကျောက်ဆည်မြို့၊ လက်ပံရွာမှ ၃ ဦး၊ မန္တလေးမြို့ မင်းတဲအီကင်းရပ်မှ ၃ ဦး၊ မန္တလေးမြို့ ၃၅ လမ်းဆူပူမှုမှ ၃ ဦး တို့ဖြစ်သည်။

“နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၉ ဦး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်။ အားလုံးက မိတ္ထီလာအရေးအခင်းပြီးနောက်ပိုင်း ဆူပူအောင်လှုံ့ဆော်မှုနဲ့ ပါဝင်ပတ်သတ်လို့ ပြစ်ဒဏ်ကျခံရတာ ဖြစ်ပါတယ်။ ၈လလောက် အိုးအိုထောင်မှာ နေခဲ့ရပြီး လွတ်ငြိမ်းခွင့်ရတာဖြစ်ပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီရေးကွန်ယက်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

သတိပြုရတော့မည့် အိမ်နီးချင်း

ခေါင်းစဉ်ကို မြင်လိုက်သည်နှင့် မြန်မာနိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ် များတွင် ရိုက်ခတ်မှုဖြစ်စေသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ပြေးမြင်ကြမည်ဟု ထင်မိပါသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးအခင်းများ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် လက်ပံတောင်းဒေသခံ တို့ ၏ ပဋိပက္ခများက သတင်းစာမျက်နှာများ ထက်တွင် ပလူပျံနေချိန်၌ မြန်မာနိုင်ငံသည် သတိထားရမည့် အိမ်နီးချင်းတစ်ဦး ဖြစ်သော ထိုင်းနိုင်ငံကို မေ့လျော့နေနိုင်ပါသည်။ သို့တည်းမဟုတ် ထူးထူးခြားခြား သတင်းများကို မရိပ်စားမိသောကြောင့် သော်လည်းကောင်း၊ ထူးခြားမှုများက အချိန်ကြာမြင့်လာ သောအခါ ရိုးအီသွားပြီး သတင်း မဟုတ်တော့ဟု ယူဆ သောကြောင့်သော် လည်းကောင်း ဖြစ်နိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် မြန်မာတို့ အမှန်တကယ် သတိပြုရတော့မည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။

Myanmar Model Wint Darli - My Music Cover Photos Set

စာမလာသတင်းမကြားမင်းဟာလေနှင်ရာလွင့်တဲ့ရွက်ဝါလေးလား | အောင်ရဲလင်း ချစ်သုဝေ


ကျွှန်တော်နဲ့အဖေ | လူမင်း မြင့်မြတ် အိချောပို ယုသန္တာတင်



htoo wah new song 2014

“ သံဝေဂလင်္ကာများ”

၁။ နောက်နေ့ကြတော့ ဘာလုပ်မှာ၊
ကြံစီစိတ်ကူး ပြောကြရှာ၊
ထိုနေ့အတွင်းမှာ သေနိုင်တာ၊
ကြံတွေးကြောက်ကြပါ။

၂။ နောက်လကြတော့ ဘာလုပ်မှာ၊
ကြံစီစိတ်ကူး ပြောကြရှာ၊
ထိုလအတွင်းမှာ သေနိုင်တာ၊
ကြံတွေးကြောက်ကြပါ။



၃။ နောက်နှစ်ကြတော့ ဘာလုပ်မှာ၊
ကြံစီစိတ်ကူး ပြောကြရှာ၊
ထိုနှစ်အတွင်းမှာ သေနိုင်တာ၊
ကြံတွေးကြောက်ကြပါ။

ဒါရိုက်တာဝိုင်းဟာ သူ့ရင်ထဲမှာ အကယ်ဒမီရပြီးသားပါလို့ဆိုတဲ့ အကယ်ဒမီဖွေးဖွေး

 ခင်ဆွေသက်

ပရိသတ် အချစ်တော် မင်းသမီးလေး ဖွေးဖွေးကတော့ ၂၀၁၂ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ ပွဲတက်လာကတည်းက ရင်ခုန်သံတွေ မြန်နေတာမို့ အသံတွေတောင် တုန်နေရှာတဲ့ ဖွေးဖွေးဟာ သူမရဲ့ အကယ်ဒမီ ဆုအတွက် ပျော်ရွှင်မှုနဲ့ ပီတိတွေကို ခုလို မျှဝေပေးခဲ့ပါတယ်။

အစ်မဖြစ်သူ ချောရတနာ အကယ်ဒမီ ရသွားတဲ့အတွက် အတိုင်းမသိ ၀မ်းသာနေတယ်လို့ ဆိုတဲ့ သန္တာဗိုလ်

ခင်ဆွေသက်

မော်ဒယ် သရုပ်ဆောင် အဆိုတော် သန္တာဗိုလ်ကတော့ လတ်တလော ယိုးဒယားနယ်စပ်ဘက်ကို ရောက်ရှိနေတာမို့ အဲ့ဒီမှာပဲ နှစ်သစ်ကူးညကို ဖြတ်သန်းမှာပါတဲ့။ သူမက ‘နှစ်သစ်မှာ ပရိသတ်ကြီး အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ၂၀၁၃ ညကိုဖြတ်သန်းနိုင်ပါစေ’ လို့ ဆုတောင်းပေးသွားတဲ့အပြင် အစ်မဖြစ်သူ ချောရတနာ အကယ်ဒမီရတဲ့အတွက် သူမရဲ့ ခံစားချက်နဲ့ သူမဆက်လက်လုပ်ဆောင်သွားမယ့် အနုပညာလှုပ်ရှားမှုအကြောင်းကိုတော့ ‘မမ အကယ်ဒမီရတဲ့အတွက်ကိုလဲ အတိုင်းမသိကို ၀မ်းသာတယ်။ ပျော်လဲပျော်တယ်။ အဲဒီကပြန်လာရင် ရှိုးလျှောက်ဖို့ရှိတယ်။ ဗီစီဒီရိုက်ဖို့ရှိတယ်။’လို့ ဖွင့်ဟသွားပါတယ်။

 Trend Myanmar

ပုဒ်မ ခုနစ်ခုဖြင့် တရားစွဲဆို ခံနေရသူများနှင့် နိုင်ငံရေးအကျဉ်းသား များကို သမ္မတ အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပြု

မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ရှိသော နိုင်ငံရေး အကျဉ်းသား အားလုံးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှု များဖြင့် တရားစွဲဆို ခံထား ရသူများ အားလုံးကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်လိုက်သည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နှင့် အများပြည်သူ၏ အကျိုး ပျက်စီးစေမှု ၅၀၅ (ခ) အပါအဝင် နိုင်ငံရေးဥပဒေပုဒ်မ ခုနစ်ခုနှင့် ပတ်သက်ပြီး အကျဉ်းကျနေသူ များကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ထို့အပြင် အဆိုပါ အမှုများနှင့် တရားစွဲဆို ခံထားရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များကို အမှုမှ ပိတ်သိမ်းပြီး ချက်ချင်း လွှတ်ပေးရန်နှင့် စုံစမ်းစစ်ဆေးဆဲ အမှုများ ကိုလည်း အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းပေးရန် ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အခြေခံဥပဒေ ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်ပြီ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အစည်းအဝေး ပြီးဆုံးခဲ့ပြီ ဖြစ်ပြီး၊ အစည်းအဝေး ကနေ ၂၀ဝ၈ အခြေခံ ဥပဒေထဲ မှာ ပြင်ဆင် ဖို့နဲ့ ပယ်ဖျက် အချက် ပေါင်း ၇၃ ချက် ကို အပြီးသတ် ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော် ထဲမှာ ကိုယ်စားလှယ် ဦးရေ ၈၀ ရာခိုင်နှုန်း ကျော် နေရာရ ထားတဲ့ အခုလို အာဏာရ ပါတီ ကိုယ်တိုင်က တနင်္လာနေ့ မှာ ဆုံးဖြတ်ခဲ့ ကြတာပါ။

နိုင်ငံ တလွှား က ကိုယ်စားလှယ် ပေါင်း ၂၀ဝ လောက် တက်ရောက် ခဲ့တဲ့ ဒီ အစည်းအဝေးက သဘောတူ လိုက်တဲ့ ၂၀ဝ၈ အခြေ ခံ ဥပဒေ ပြင်ဆင်ဖို့နဲ့ ပယ်ဖျက်ဖို့ အချက်တွေ အထဲ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အဟန့် အတား ဖြစ် နေတဲ့ အချက် လည်း ပါဝင် ပါတယ် ။

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယား ပြုကျင့် ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရမိ

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင် မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။

တော်ဝင်လုပ်သားများကို ကြားကာလနစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ

ရိုက်နှက်မှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ တော်ဝင်မိသားစု သစ်အချောထည် စက်ရုံလုပ်သား ၁၇၅ ဦးကို အလုပ်ခန့်ရန် ပျက်ကွက်ခဲ့၍ ကြားကာလ နစ်နာကြေး ကျပ်သိန်းနှစ်ရာကျော် ပေးမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်မှူး ဦးအောင်ခင်က ပြောကြားသည်။

အလုပ်ပြောင်းရွှေ့ ခံရသည့် အဆိုပါ လုပ်သားများကို အလုပ်ပြန်ခန့်ရန် ခုံသမာဓိ အဖွဲ့က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သော်လည်း စက်ရုံက ခုံသမာဓိကောင်စီထံ အယူဝင်ခဲ့သည်။

မလေးရှားတွင် မြန်မာအလုပ်သမား ၂ ဦး အသတ်ခံရ

မလေးရှားနိုင်ငံ ပီနန်ပြည်နယ် ဂျာလမ်ဘာရူးဒေသ ကမ်ပွန်ဆီတိုးလ်က မီးရထားလမ်း တခုဘေးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီး ၂ ဦး အသတ်ခံခဲ့ရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ နဂါစာရီ စက်မှုဇုန်နားမှာ အသတ်ခံရတာလို့ အလုပ်သမား ၂ ဦးရဲ့ နာရေးကို လိုက်လံ ကူညီပေးနေတဲ့ ပီနန် နာရေးကူညီမှု အသင်းမှ ဦးပုညက ပြောဆိုပါတယ်။
“စက်မှုဇုန်နားမှာပါ။ ငွေကြေးအရှုပ်အရှင်းကြောင့် ဖြစ်နိုင်ခြေ ရှိပါတယ်။ မုဒိန်းမှုလုံးဝ မပါပါဘူး။ နှစ်ယောက်လုံးက အသတ်ခံရတာ။ နောက်ပြီးတော့ ပစ္စည်းလုတာတွေ ဘာတွေလည်း မပါဘူး။ ရဲက မသင်္ကာသူတွေကို ဖမ်းထားတယ်။”

Monday, December 30, 2013

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း

AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================

ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကုမ်ရာသီဖွားအားလုံးဟာ အမှန်တရားလက်ကိုင်ထားဆောင် ရွက်ရမယ့် နှစ်လဲဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေ အစွဲအလန်းကြီးသူများဖြစ်ကြပြီး ဒီနှစ်အတွက် ကိုယ်ပိုင် စိတ်ကူး၊ အကြံဥာဏ်ဖြင့် ဆောင်ရွက်ခြင်းတွေထက် တပါးသူရဲ့ စိတ်ကူး၊ အကြံဥာဏ်တွေက ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ရရှိစေမှာဖြစ်ပါတယ်။
ကုမ်ရာသီဖွားတွေဟာ အစွဲအလန်းကြီးသူများဖြစ်ကြပါတယ်။ ဒီနှစ်မှာ စကားပြောဆင်ခြင်သင့်ပြီး စကားပြော မှား၍ ပြသာနာဖြေရှင်းရ တတ်ပါတယ်။ ဒါကြောင့် ကုမ်ရာသီဖွားတွေအတွက် ထင်မြင်ချက်ဖြင့် ဇွတ်တရွက် လုပ်ဆောင်ရန်မသင့်ပါ။ မိမိထင်မြင်ချက်ဖြင့် လုပ်ဆောင်မှုတွေကြောင့် အမှားအယွင်းတွေ တွေ့ကြုံနိုင်ပါတယ်။ မဆင်မခြင်မပြုလုပ်သင့် ပင်မယ့် အရေးကြီးကိစ္စတွေမှာ ရဲရဲရင့်ရင့်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ မလုပ်ချင်တဲ့ အရာမျိုးကို လုပ်ကိုင်နေရလင့်ကစား ထိုအခြေအနေအတွင်းကပင် မိမိအတွက် အခွင့်အရေး ပေါ်ပေါက်နိုင်သော အခြေအနေမျိုးရရှိနိုင်သည်။

အနုပညာ ပျိုးခင်းကို မျက်နှာပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး အိချောပို

အနုပညာ ပျိုးခင်းကို မျက်နှာပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး အိချောပိုမေတ္တာသင်္ဂဟ အဖွဲ့ဝင်ဖြစ် တာက လေးလလောက်ပဲ ရှိသေး တယ်။ အရင်ကတည်းက ကိုခန့်က ပြောပါတယ်။ အိချော ကိုယ်တိုင်က လည်း ပရဟိတကို လုပ်ချင်တယ်။ ဒါပေမဲ့ ကားရိုက်တွေ လည်းရှိတဲ့ အတွက် မလုပ်ဖြစ်ဘူး။ အိချောက ပရဟိတ လုပ်ရတာ အရမ်းဝါသနာ ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အ ရမ်းလိုအပ်နေတဲ့ လူတွေကို လှူလိုက်ရတဲ့ အတွက် ကိုယ့်မှာလည်း ပီတိဖြစ်တယ်။ သူတို့အတွက်လည်း အရမ်းကို စိတ်ချမ်းသာမှာပဲလေ။ အိ ချောတို့ မိသားစုအနေနဲ့ကတော့ အလှူဆိုရင် ဘုရားတည် တာတို့ဘာ တို့တော့ ရှိပါတယ်။ ပြီးတော့ လမ်းမှာ လည်း ကြုံရင်ကြုံသလို လိုအပ်ရင် လှူပေးဖြစ်တာလေးတွေ ရှိပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်မှာ ဘယ်လိုကာရိုက် တာမျိုး တွေအရိုက်များလဲဆိုတဲ့ အပေါ် အိချောဆီရောက်လာတဲ့ ဇာတ်တွေ က ဇာတ်အိမ်တော်တော် ကြီးတဲ့ ဒရာမာတွေ။ တကယ့်အိမ် ထောင် ရေး ဇာတ်တွေလာတာများ တယ်။

အရက်အတူသောက်သူကိုသတ်ပြီး ဇနီးကိုပါ သတ်ရန်ကြိုးပမ်းသူ ဖမ်းမိ

ချောင်းကမ်းနံဘေးတွင် အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ရင်း သောက်ဖော်သောက်ဖက်ကို တုတ်ဖြင့် ရိုက်သတ်ကာ သေသူ၏ဇနီးသည်ကိုပါ ထပ်မံသတ်ရန် ကြိုးစားသူကို တစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ရွာမချောင်းအနောက်ဘက်တွင် ဒီဇင်ဘာ ၂၈ ရက် ညနေက အမျိုးသားနှစ်ဦး အရက်အတူတူသောက်နေရင်း စကားများပြီးရန်ဖြစ်ကာ အပြန်အလှန်ရိုက်နှက်ကြရာ အမူးလွန်နေသူမှာ ဒဏ်ရာပိုရပြီး သေဆုံးသွားကြောင်း ကော့မှူးမြို့မရဲစခန်းမှ ဒုရဲမှူးကပြောသည်။

အရောင်ဆန်းလေးတွေ၊ အရောင်စပ် ဖက်ရှင်လေးတွေနဲ့ ဆန်းသစ်လှပခဲ့တဲ့ အနုပညာရှင်တွေရဲ့ အကယ်ဒမီ ပွဲတက်ဖက်ရှင်





အခုဆိုရင် မြန်မာနိုင်ငံ ရုပ်ရှင်လောကသားတွေကို မှတ်တိုင်စိုက်ထူခွင့်ပေးတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ဒီ ၂၀၁၂ခုနှစ်အတွက် ထူးချွန်ဆုချီးမြှင့်ပေးတဲ့ အကယ်ဒမီပွဲကြီးကို ရုပ်ရှင်သရုပ်ဆောင်တွေကလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။ လူစုံသလို ဖက်ရှင်ကလည်း အရောင်စုံ အသွေးစုံနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုလို့တောင် သစ်လွင်ဆန်းသစ်လာတဲ့ ဒီဇိုင်းတွေကို အားလုံးပဲ မြင်တွေ့ရမှာပါ။ ဒီနှစ်ရဲ့ ဖက်ရှင်အပေါ်မှာ အနည်းငယ် သုံးသပ်ကြည့်ရရင်တော့ အရောင်နုလေးတွေကို စပ်ပြီး အဓိကထား ၀တ်ဆင်သွားတာ တွေ့ရပါတယ်။
 အကယ်ဒမီဆုရှင် ဖွေးဖွေးကတော့ နာမည်နဲ့လိုက်အောင် အဖြူရောင်ကို ၀တ်ဆင်ခဲ့ပါတယ်။ ဒီဇိုင်နာ မမဉ္ဇူ (Zu Zu collection) ရဲ့ ဒီဇိုင်းကို ဆင်မြန်းထားတဲ့ ဖွေးဖွေးအတွက် မိတ်ကပ်နဲ့ ဆံပင်ကိုတော့ Hello က လက်စွမ်းပြထားတာပါ။

နှစ်ထပ်ကွမ်း အကယ်ဒမီအတွက် အရမ်းက ကျေနပ်ပါတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီပိုင်ရှင် ပြေတီဦး

၂၀၁၂ခုနှစ်အတွက် ပရိသတ်ပေးတဲ့ အကယ်ဒမီဆုကို ဒုတိယအကြိမ် ထပ်မံရရှိသွားသူကတော့ အကယ်ဒမီ ပြေတီဦးပါ။ လက်ပံဇာတ်ကားမှာ အငြိမ်ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ရင်း အကယ်ဒမီဆု ဆွတ်ခူးသွားတဲ့ ပြေတီဦးရဲ့ ပီတိစကားတွေကတော့ ‘ပရိသတ်တွေ အမာခံအားပေးခဲ့လို့သာ ဒီနေရာလေးကို ရောက်လာခဲ့တာပါ။ အခု နှစ်ဆုရခဲ့ပြီဆိုတော့ ထပ်ပြီးကြိုးစားဖို့အားတွေလဲထပ်ရပါပြီ။ ထပ်ပြီးလဲကြိုးစားသွားမယ်။ အရမ်းလဲဝမ်းသာပါတယ်။ မမျှော်လင့်ပဲနဲ့ ရခဲ့တဲ့အတွက်ကို ပိုပြီးကျေနပ်စရာကောင်းတာပါ။ ရခဲ့တဲ့နှစ်ကားစလုံးမှာ မင်းသားရော၊ မင်းသမီးရောဇာတ်ဆောင်ဆုတွေ အသီးသီးရခဲ့ပြီး ဒါရိုက်တာဝိုင်းမရခဲ့တဲ့အတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ သူနဲ့ကလဲ တော်တော်ကို အကျိုးပေးတယ်လို့ပြောရမယ်။ ဒါပေမဲ့ သူနဲ့ကျွန်တော်အတွက် နောက်တစ်ကားရှိပါသေးတယ်။ နင်စေရင် ဆိုတဲ့ ကားလေးပါ။ အဲဒီကားလေးမှာတော့ သူ့ကိုရစေချင်ပါတယ်။ ဇနီးဖြစ်တဲ့ အူဝဲနဲ့က ကံစပ်တယ်လို့ပဲ ပြောရမလား။ အကျိုးပေးတယ်လို့ပဲပြောရမလား။ ကံကောင်းတယ်လို့ ပဲပြောရမလား။ အိမ်ထောင်ဖက် ကံစပ်တယ်လို့ပဲပြောရမလား။ သူနဲ့ ညားပြီးမှ ရခဲ့တဲ့ အကယ်ဒမီနှစ်ဆုအတွက်တော့သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။

ကလေးသရုပ်ဆောင်တွေ အားလုံးကိုယ်စား ရရှိတဲ့အကယ်ဒမီဆုပါလို့ ဆိုလိုက်တဲ့ အကယ်ဒမီယွန်းယွန်း

၂၀၁၂ခုနှစ် ကလေးသရုပ်ဆောင် အထူးဆုကို ရရှိခဲ့တဲ့ ယွန်းယွန်းအတွက် သူမကို ချစ်တဲ့ပရိသတ်တွေကတော့ တကယ့်ကို ပျော်ရွင်ကျေနပ်နေကြတာပါ။ ကလေးသရုပ်ဆောင်ဆု ပေးတာကြာပြီ ဖြစ်တာကြောင့် ဒီနှစ်အတွက် ဒီအထူးဆုလေးဟာ ထူးခြားတဲ့အပြင် ကလေးသရုပ်ဆောင်တွေအတွက်လည်း တကယ့်ကို ကိုယ်စားပြုနိုင်တဲ့ ဆုလေးတစ်ဆုပါ။ အကယ်ဒမီ ရွှေစင်ရုပ်ထုကို လက်ဝယ်ရရှိပြီး စင်ပေါ်မှာ ကျေးဇူးတင်စကားကို အပြည့်အစုံ ပြောကြားပေးသွားတဲ့ ယွန်းယွန်းက သူမရဲ့ ပျော်ရွှင်ပီတိစကားလေးကိုလည်း 'ဒီဆုလေးကိုရရှိခဲ့တာ အရမ်းဝမ်းသာပါတယ်။ တော်တ်ေခက်ခဲတဲ့ဆုဆိုတာကိုလည်း သမီးနားလည်ပါတယ်။ သမီးနဲ့ ရင်းနှီးတဲ့ ကလေးသရုပ်ဆောင်တွေ ကိုယ်စားရတယ်လို့ခံယူထားပါတယ်။ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်'တဲ့။
 Trend Myanmar

ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ

ရန်ကုန် (မဇ္ဈိမ) ။      ။ Happy New Year Grand Royal 2013 ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ကျိုက္ကဆံ မြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်းချပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က မဇ္ဈိမကို ပြောသည်။ ယင်းဖျော်ဖြေရေး အစီစဉ်ကို ညနေ၆နာရီတွင် စတင်ကျင်းပမည် ဖြစ်သည်။
“ဒီနှစ်က ပွဲတွေကလည်း အရမ်းများတယ်လေ။ နောက်ပြီး ကျွန်တော်တို့ရဲ့ Grand Royal ပရိတ်သတ်တွေအတွက် တစ်ကယ်ကို ထိထိမိမိ ပျော်စေချင်လို့ လိုအပ်တာတွေ အများကြီး ထည့်ထားတယ်။  ပြည်ပဖျော်ဖြေရေးပွဲတွေလည်း ထည့်ထားပါတယ်။” ဟု ဂျွန်လွင် က ပြောသည်။
ယင်းဖျော်ဖြေရေးတွင် ပရိတ်သတ်တိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀ ဟု သတ်မှတ်ထားခြင်းဖြစ်ရာ လာရောက်ကြမည့် ပရိသတ် ၂၀၀၀၀ ကျော်အထိ မျှော်မှန်းထားပြီး ယခင်နှစ်ကမူ ပရိတ်သတ် ၅၀၀၀ လာရောက်ခဲ့သည်ဟု ဂျွန်လွင် ကပြောသည်။ ဖျော်ဖြေရေးတွင် ပေ၆၀၊ ၄၀ အကျယ်ရှိသည့် စတိတ်စင်သုံးမျိုးကို ဆောက်ထားမည်ဖြစ်ပြီး ယင်းစတိတ်စင်များသည် ယခင်နှစ်ကထက်များစွာ ကြီးမားသည်ဟု ဆိုသည်။ ယခုနှစ်ဖျော်ဖြေရေးပွဲတွင် LED မီးများဖြင့် ပရိတ်များကို ကစားပြမည်ဖြစ်ပြီး

ဘင်္ဂလားဒေ့ရှ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အဓိကရုဏ်းဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အဓိကရုဏ်းတွေ ဆက်ဖြစ်နေ ပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ အစိုးရ ထောက်ခံသူတွေအကြား ဒါကာမြို့မှာ ရှိတဲ့ တရားရုံးချုပ် ၀င်းအပြင်ဘက်မှာ အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေကို ရဲက လူစုခွဲတဲ့အခါမှာ ဆန္ဒပြသမားတွေဘက်က ကျောက်တုံးတွေ၊ အိမ်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ရဲဘက်က သေနတ်နဲ့ ပစ်လို့ ဆန္ဒပြသမားတယောက်လည်း သေဆုံးသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
တရက်တည်းမှာပဲ ဒါကာမြို့ ဘူတာမှာ ပေါက်ကွဲမှုအတွင်း ဘူတာ လုံခြုံရေးတယောက်လည်း သေဆုံးသွားတယ်လို့ ရဲ့အဖွဲ့က ပြောပါတယ်။ ရဲအဖွဲ့က မီးသတ်ရေပိုက်တွေကို သုံးပြီးတော့ လူစုခွဲလို့ တချို့လည်း ဒဏ်ရာရသွားပါတယ်။

ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပမည်

လာမယ့် ဇန်န၀ါရီလ (၁) ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်ဘုရားနဲ့ အလုံမြို့နယ်တွေမှာ ကျင်းပမယ့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနားတွေကို လူအင်အား သောင်းဂဏန်းအထိ တက်ရောက်မယ်လို့ နှစ်သစ်ကူးပွဲစီစဉ်သူတွေက ပြောပါတယ်။
ဒီနှစ် ကရင်နှစ်သစ်ကူးပွဲတော်တွေကို မျိုးဆက်သစ် ကရင်လူငယ်တွေ ကရင့်ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ချက်နဲ့ ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက RFA ကို ပြောပါတယ်။
" အနာဂတ်ကရင်လူငယ်လေးတွေ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းတွေကို ပြန်လည်ပြီးတော့ ဖော်ထုတ်၊ မြင့်တင်လိုတဲ့ အသိစိတ်ဓာတ်လေးတွေ ကိန်းအောင်းရှင်သန်လာဖို့၊ ကရင်နှစ်သစ်ကူးပွဲတော်ဟာ ကောက်ဦးကောက်သစ် ပေါ်တဲ့ အချိန်မှာ ယခင်က အနယ်နယ်အရပ်ရပ်က မိမိတို့ရဲ့ အစီအစဉ်နဲ့ မိမိတို့ ကျင်းပလာတဲ့ နေရာမှာ အဲ့ဒါကို စုစုစည်းစည်းဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာလည်းဖြစ်တယ်"

လပွတ္တာမီး အိမ်ခြေ ၂၀၀ ကျော်ဆုံးရှုံး

ကိုမိုးဇော်

ဧရာဝတီတိုင်ဒေသကြီး၊ လပွတ္တာ မြို့နယ်က ကန့်ဘဲ့ရွာမှာ ဒီကနေ့ မနက်အစောပိုင်းက စတင်တဲ့ မီးလောင်မှုကြောင့် ရွာရဲ့ အချက်အချာကျတဲ့ ဈေးဆိုင်တန်းတွေအပါအဝင် အိမ်ခြေ ၂၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးစတင်လောင်ကျွမ်းတာကိုတော့ စုံစမ်းစစ်ဆေးနေဆဲရှိပြီး လောလောဆယ်မှာ မီးဘေးသင့်သူတွေကို ဘုန်းကြီးက ဇရပ်မှာ နေရာချထားပေးထားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လပွတ္တာမြို့နယ်၊ ကန့်ဘဲ့ရွာမှာ ဖြစ်ပွားတဲ့မီးလောင်မှုဟာ ဒီဇင်ဘာလ (၃၀) ရက်နေ့ မနက်အစောပိုင်း (၂) နာရီအချိန်လောက်က စတင်ပြီး (၆) နာရီလောက်အထိ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုအခြေအနေကို ကန်ဘဲ့ရွာသားတဦးက အခုလို ပြောပြပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ

စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေ မယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်ေ တ်ာလေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Sunday, December 29, 2013

အရှင်ဆန္ဒာဓိက ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ် လိုက်ပါမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်အတွင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကလည်း လိုက်ပါလာမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ကလေးမြို့နယ် အတွင်းရေးမှူး ဦးကိုလေးက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ တွင် ပြုလုပ်မည့် တီးတိန်မြို့နယ် ဒေါ်လွန် အုပ်စု ဇိုနွမ်းဇန် (ဆန်သိုက်) ကျေးရွာ၊ အမက (မူလွန်) ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ ကြွရောက်ရန် လိုက်ပါလာခြင်း ဖြစ်ပြီး အဆိုပါပွဲသို့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရုရှားဘူတာရုံမှာ အမျိုးသမီး အသေခံဗုံးခွဲသမားကြောင့် လူ ၁၃ ဦး သေဆုံး

ရုရှားနိုင်ငံ တောင်ပိုင်းမြို့တမြို့မှာ ရှိတဲ့ ဘူတာရုံတခုမှာ အမျိုးသမီး အသေခံဗုံးခွဲသမားက ဖောက်ခွဲလိုက်တာကြောင့် အနည်းဆုံး လူ ၁၃ ယောက် သေဆုံးသွားတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ မတည်မငြိမ်ဖြစ်နေတဲ့ အဲဒီဒေသမှာ သုံးနှစ်အတွင်း လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်လတုန်းကပဲ အဲဒီမြို့မှာပဲ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပါတယ်။ အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် နောက်ထပ် ၆ ပတ်တောင် မလိုတော့တဲ့ ၂၀၁၄ ဆောင်းရာသီအိုလံပစ်ပွဲကို အစ္စလာမ္မစ်တွေ တိုက်ခိုက်မယ့် အန္တရာယ် စိုးရိမ်စရာဖြစ်နေပါတယ်။

ဒီဗွီဘီ

ဆီရီးယားစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး သေဆုံး

ဆီရီးယား စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း နိုင်ငံမြောက်ပိုင်း အလပ်ပိုမြို့ ဟင်းသီးဟင်းရွက်ဈေးမှာ လူ ၂၅ ယောက် သေဆုံးသွားတယ်လို့ စောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြောပါတယ်။
ဒေသအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အင်တာနက်ပေါ်ကို တင်ထားတဲ့ ဗီဒီယို ထဲမှာ ဗုံးထိသွားတဲ့ ကားတစင်းထဲကနေ အလောင်းတွေကို ဆွဲထုတ်နေကြတာကို အခုလို တွေ့ရပါတယ်။ ဗုံးထိထားတဲ့ လမ်းတလမ်းထဲမှာလည်း အပျက်အစီးတွေနဲ့ အလောင်းတွေကို တွေ့ရပါတယ်။
ဒီရက်သတ္တပတ်တွေအတွင်းမှာ အလပ်ပိုမြို့မှာ အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာနဲ့ ချီပြီး သေဆုံးသွားပါပြီ။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

မလေးရောက် အလုပ်သမား ၉၇ ဦး မြန်မာပြည်ပြန်ခွင့်ရရေး အလုပ်ရှင်နဲ့ ဆွေးနွေးမယ်

မလေးရှားနိုင်ငံ ဆာဗားပြည်နယ်က ဂိုထောင်ထဲမှာ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၇ ယောက်ကိစ္စကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုယ်စားလှယ် အပါအ၀င် ကုမ္ပဏီပိုင်ရှင်နဲ့ အလုပ်သမားတွေ မြန်မာပြည် ပြန်ခွင့်ရရေးကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာသံရုံးဘက်က လိုက်လံကူညီဆောက်ရွက်ပေးနေတဲ့ အခြေအနေကို မလေးရှားနိုင်ငံ မြန်မာသံရုံးအလုပ်သမား ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလိုပြောပါတယ်။
“လောလောဆယ်တော့ သူတို့က ပြန်ချင်တယ်ပဲ ပြောတယ်။ ကျနော်တို့လည်း အဲဒီမှာပဲ ရှိနေပြီး အားပေးပြောဆိုပါတယ်။ သူတို့ ပြန်ဖို့ မပြန်ဖို့က အလုပ်ရှင်ဘက်ကလည်း စာချုပ်တွေရှိတဲ့အတွက် ခွင့်ပြု မပြုကို တနင်္လာနေ့ကြမှ ညှိနှိုင်းရမယ်။”
အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ပြန်ချင်ဖြစ်တယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုနော်နော်က “ဘာဖြစ်လို့ ပြန်ချင်တာလဲဆိုတော့ အသက်အန္တရာယ်ကြောင့်လည်း ပါပါတယ်။ နောက်တကြိမ် ဒါမျိုးမဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။

ကြံ့ဖွံ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တင်သွင်း

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချက် ၈၀ လောက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ တင်သွင်းမှာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ သမ္မတ အရည်းအချင်း သတ်မှတ်ချက် ၅၉ စ လည်း ပါဝင်တယ် လို့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေး ဒုတိယနေ့မှာ ကိုယ်စားလှယ် တဦးက ပြောဆိုလိုက်တာပါ။
အဓိကကျတဲ့ အချက်တွေကို ပြင်ဖို့ မပြင်ဖို့နဲ့ ပက်သက်ပြီး မဲခွဲဆုံးဖြတ်မှာ ဖြစ်ပြီး အစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အဆုံးသတ်ဖို့ စီစဉ်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီဇင်ဘာ ၂၈ ရက်နေ့က ဗဟိုကော်မတီ အစည်းအဝေးမှာ ပုဒ်မ ၅၉ စလုံး အပါအ၀င် အခြေခံဥပဒေကို ပြင်ဆင်လိုတဲ့ အချက်ပေါင်း ၁၆၈ ချက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်ခိုင်ဖြိုး ပါတီရဲ့ အစည်းဝေးမှာ သတင်းမီဒီယာတွေကို ၀င်ရောက်ခွင့် တားမြစ်ထားပါတယ်။

ဒီဗွီဘီ

မလေးရှားမှာပုန်းခိုနေသူ အလုပ်သမားတွေထံ မြန်မာသံရုံးကိုယ်စားလှယ်အဖွဲ့သွားပြီးအားပေး

မဆုမွန်
 
မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ်အနီး ဆာရာဝပ်ပြည်နယ်က မြန်မာအလုပ်သမား ၉၇ ယောက် ပိတ်မိနေတဲ့ စက်ရုံဆီကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအပါအဝင် အလုပ်သမားတွေ မလေးရှားနိုင်ငံတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ နေရပ်ပြန်ခွင့်တွေကိုပါ ဆွေးနွေးနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ အချင်းများရာကနေ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုရှင်များ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ဥ ဇာတ်ကားမှ ကိုဇော် (အရုဏ်ဦး)

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို လက်ပံ ဇာတ်ကားမှ ဖွေးဖွေး

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ဥ ဇာတ်ကားမှ ချောရတနာ

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို လက်ပံဇာတ်ကားမှ ပြေတီဦး

၂၀၁၂ ခုနှစ်အတွက် အထူးဆု (ကလေးသရုပ်ဆောင်) ဆုကို တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ မှ ယွန်းယွန်း

၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသွားသူများ

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု - အောင်ကိုလတ် (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (ဥ ဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု - ဂီတမှူး ဝင်းကို (အမွေခံထိုက်သူ ဖြစ်ပါစေ ဇာတ်ကား)
အကောင်းဆုံး ရုပ်ရှင်အသံဆု - တိုနီလင်း (ကယန်းအလှ ရုပ်ရှင် ဇာတ်ကား)
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - ချောရတနာ (ဥ ဇာတ်ကား
အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ ဇာတ်ကား)
အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု - ဖွေးဖွေး (လက်ပံ ဇာတ်ကား)
အကောင်းဆုံး ဒါရိုက်တာဆု - ကိုဇော် (အာရုဏ်ဦး) (ဥ ဇာတ်ကား)
အထူးဆု (ကလေးသရုပ်ဆောင်ဆု) - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကား)

Saturday, December 28, 2013

မျှော်ကြလေပြီ အကယ်ဒမီ

အနုပညာရှင်များက အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြသော အကယ်ဒမီ၊ ပရိသတ်များက ကိုယ်ချစ်ခင် အားပေးသော အနုပညာရှင်များကို အားပေးဖို့နှင့် ဖက်ရှင်ဒီဇိုင်းများကို လေ့လာဖို့အတွက် စောင့်မျှော် ကြည့်ရှုကြသော အကယ်ဒမီ၊ နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာများနှင့် မျက်နှာသစ် ဒီဇိုင်နာများက မိမိတို့၏လက်ရာ ဒီဇိုင်းဆန်းများကို အပြိုင်အဆိုင်၊ ထုတ်ဖော် ပြသခွင့်ရသည့် အကယ်ဒမီ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှစတင်ပြီး ရန်ကုန်မြို့တော် သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပတော့မည် ဖြစ်သည်။

အကယ်ဒမီပြေးလမ်းပေါ်က တစ်ကြိုပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ ►အကယ်ဒမီစိုးမြတ်သူဇာ

"ဘယ်ဇာတ် ကားမဆို။ အကယ်ဒမီဆိုတာ တွေး လို့မှမရတာ။ သူရချိန်တန်ရင် ရမှာ ပဲ။ ကုသိုလ်ကံပေါ်မှာလည်း မူတည် တယ်။ အခြေ အနေ အကြောင်း အရာတွေပေါ်မှာလည်း မူတည်တယ်။ အပြောင်း အလဲတွေပေါ်မှာလည်း မူတည် တယ်။ အကြောင်းအရာတွေအားလုံး တိုက်ဆိုင်မှရမယ့် အကယ်ဒမီကို ကျွန်မတန်ဖိုးထားတယ်။ ဘာကြောင့် ပဲပေးပေး တစ်နှစ်ထဲမှာ နှစ်ဆုပဲပေးပေး၊ တစ်ယောက်တည်းကို ၃ ဆုပဲ ပေးပေး လိုချင်တာချည်းပဲ။ လိုချင်တဲ့တာဝန်က ကိုယ့် ကိစ္စ လေ။
ပေးတာတော့ကိုယ့်ကိစ္စမဟုတ်ဘူး။ဘာမှလုပ်လို့မရဘူး။ရတော့လည်းယူမယ်၊မရတော့လည်း ထိုင်ငိုနေ လို့ ဘယ်သူကလာပေးမှာလဲ" လို့ အကယ်ဒမီရင်ခုန်သံကို ပြောကြားလာသူကတော့ စိုးမြတ်သူဇာပဲဖြစ်ပါတယ်။

အကယ်ဒမီ စိုးမြတ်သူဇာအနေနဲ့ ၁၉၉၄ ခုနှစ်အတွက် 'နော်ရင်မွှေး' ရုပ်ရှင်ဇာတ်ကား၊ ၁၉၉၈ ခုနှစ်အတွက် 'ရွှေနံ့သာစံအိမ်' ရုပ်ရှင်ဇာတ်ကား တို့နဲ့ အမျိုးသမီး ဇာတ်ဆောင်ဆု တို့ကို ရရှိထားသူဖြစ်ပါတယ်။

အကယ်ဒမီပွဲကြီးကို ဆီးဂိမ်းပွဲကြီးလိုခမ်းနားစေချင်သူ စင်ကာပူနိုင်ငံသား မစ္စတာ ဘရိုင်ယန်နှင့် တွေ့ဆုံခြင်း

၂ဝ၁၂ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အကယ်ဒမီဗန်းကိုင်အနေနဲ့ ဆောင်ရွက်သွားမယ့် ဗန်းကိုင် အလှမယ် ၈ ဦးကို အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အတူ စင်ကာပူ နိုင်ငံသား မစ္စတာ ဘရိုင်ယန်က အနီးကပ်လေ့ကျင့် သင်ကြား ပေးလျက်ရှိပါတယ်။ မစ္စတာ ဘရိုင်ယန်က စင်ကာပူနိုင်ငံမှာ Creative Director တစ်ဦး
အနေနဲ့အသက်မွေးလုပ် ကိုင် နေတာဖြစ်ပြီး မြန်မာနိုင်ငံ ကို ရောက်ရှိနေတာကတော့ ၁၇ နှစ်နီးပါးအထိ ရှိနေပြီလို့ သိရပါတယ်။

ဒါကြောင့် မစ္စတာ ဘရိုင်ယန်ကို မြန်မာ့ရုပ်ရှင်
အကယ်ဒမီထူးချွန်ဆု အခမ်း အနားနဲ့ပတ်သက်ပြီး မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး- ဘာလို့ အကယ်ဒမီဗန်းကိုင်တွေကို အခုလိုလာရောက် သင်ကြားပေးဖြစ်နေတာလဲဆိုတာကို သိချင်ပါတယ်။

► ကျွန်တော့်ကို မမို့ (မို့မို့မြင့် အောင်)က အကူအညီတောင်း လာတဲ့အတွက် ကျွန်တော် လာပြီးတော့ သင်ကြားပေးဖြစ် နေတာပါ။ အဓိကကတော့ မမို့ကပြောတယ်။ အရင် အကယ်ဒမီတွေတုန်းကလို သစ်သားတုံးကြီးတွေလို တောင့် တောင့်ပုံကြီးတွေ မဖြစ်စေချင် တော့ဘူးတဲ့။

လူမင်းရင်ခုန်တဲ့ အကယ်ဒမီ (သန့်ဇင်ဦး)

လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပတော့မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မော်ကင်းဥဒါန်း ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အတွက် ထင်ကြေးပေး ခန့်မှန်းထားကြသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံ၍ ၎င်း၏ အကယ်ဒမီ ရင်ခုန်သံ၊ မော်ကင်းဥဒါန်း ဇာတ်ကား ရိုက်ကူးစဉ် ကြုံတွေ့ခဲ့ရသော အမှတ်တရများနှင့် အကယ်ဒမီပွဲတက် ဖက်ရှင်များ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ထင်ကြေးပေး ခန့်မှန်း ထားကြတဲ့အပေါ် ကိုလူမင်းရဲ့ အကယ်ဒမီ ရင်ခုန်သံလေး ပြောပြပေးပါဦး။

LM : အကယ်ဒမီအတွက် ရမယ်လို့ အသံထွက်တဲ့ နှစ်တွေကတော့ ကိုယ့်ဘဝမှာ ကြုံရတာ များခဲ့ပါပြီ။ ဒီနှစ်မှာလည်း မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အသံ ကျယ်ကျယ်လောင်လောင်တော့ ထွက်နေတာပဲ။ ကိုယ့်အနေနဲ့ကတော့ ဒီနှစ်မှာ အကယ်ဒမီ ပွဲကြီးကို ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို ထူးထူးခြားခြား လုပ်ပြရမလဲ ဆိုတာကို ပိုပြီး စိတ်ပူနေမိပါတယ်။

ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆိုတဲ့ ချစ်သုဝေ

၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို ၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။ အဆို တော်လင်းလင်းနဲ့ ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့ တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။ ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊ အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့ အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့ အတွက်ပါ။ ဟိုတယ်Max မှာလုပ်ဖြစ်မယ်။ လူ ၂ဝဝလောက်ပဲ ဆံ့မှာဆိုတော့ လူ ၂ဝဝ လောက်နဲ့
wedding party ပွဲ၊ ကော့ တေးပါတီလုပ်မယ်လို့ စိတ်ကူး လိုက် တာပါ။ အဓိကကတော့ အစ်ကို (လင်းလင်း)က စီစဉ်တာပေါ့။ ထရီဇာ ကအစ က တည်းက Beach Wedding ကို စိတ်ကူးယဉ်ခဲ့ ဖူးတဲ့သူ ဆိုတော့ ပျော် ပျော် ရွှင် ရွှင်နဲ့ လက်ခံဖြစ် တယ်။ တ ကယ်တမ်း စီ စဉ်တဲ့ အခါမှာBeach မှာကျတော့ နည်းနည်းလေးအလုပ် ရှုပ် တယ်။ ဘယ်အခန်းမှာ ဘယ် သူဆိုပြီး အသေးစိတ်က အစ စီစဉ်ရတယ်"

ပြန်ပေးတရားခံ သုံးဦးအနက် တစ်ဦးကို ထပ်မံဖမ်းမိ

လင်မယားနှစ်ဦးကို ကျပ်သိန်းနှစ်ထောင်ဖြင့် ပြန်ပေးဆွဲခဲ့သည့် တရားခံသုံးဦးအနက် တစ်ဦးကို ဒီဇင်ဘာ ၂၅ ရက်က နယ်စပ်တွင် ထပ်မံဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြည်သူတစ်ဦး၏ သတင်းပေးမှုကြောင့် မြ၀တီမြို့တွင် ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၆ ရက် က တွံတေးမြို့နယ်အတွင်းနေထိုင်သော ဇနီးမောင်နှံနှစ်ဦးသည် တွံတေးမြို့နယ်မှ ဒလမြို့သို့ ဆိုင်ကယ်စီး၍သွားစဉ် ပိတ်ဆွယ်ရွာသို့ ရောက်သည့်အခါ အမျိုးသားသုံးဦးက ကားပေါ်သို့ ဆွဲတင်ကာ ပြန်ပေးဆွဲသွားခဲ့သည်။ ထို့နောက် ပြန်ပေးဆွဲခံရသည့် လင်မယားနှစ်ဦးကို ငွေ ကျပ်သိန်းနှစ်ထောင်ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူအား အကြောင်းကြားခဲ့သည်။ ထို့သို့ ပြန်ပေးဆွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းခုလပ်တွင် ၎င်းတို့ ကားပျက်သွားခဲ့၍ ရပ်ထားစဉ် ပြန်ပေးဆွဲခံရသူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်မြှုပ်ခဲ့သည့် ရတနာများ စမ်းသပ်တူးဖော်နေ

 

အုတ်ဖို ၊ ဒီဇင်ဘာ ၂၇ ။          ။ ပဲခူး တိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ရှမ်းကုန်းအုပ်စု အောင်လံစု ကျေးရွာအပိုင် ဥက္ကံရိုးချောင်း အဟောင်းအနီးတွင် ဂျပန်များ မြှုပ်နှံထားခဲ့သည့်ရတနာများ ရှိနိုင်၍ ဒီဇင်ဘာလ ၁၈ရက် မှစ၍ စမ်းသပ်တူး ဖော်ရေး လုပ် ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဂျပန်မြှုပ်ခဲ့သည့် ရတနာ များရှိနိုင်သည့်နေရာကို လမ်း ညွှန်ပြသနိုင်သူများနှင့် ပူးပေါင်း ၍ 
Golden  Geo Myanmar ကုမ္ပဏီက တူးဖော်နေခြင်းဖြစ် ကြောင်း သက်ဆိုင်ရာမှ သ တင်း ရရှိပြီး အဆိုပါနေရာသည် ရွာသစ်-အောင်လံစုလမ်းအရှေ့ ဘက် ကိုက်၃ဝဝကျော်ခန့်တွင် တည်ရှိကြောင်း ဒေသခံတစ်ဦး ဖြစ်သူ ဦးဒီပါစံကပြောကြား သည်။

၂၀၁၄ မှာ အစိုးရအဖွဲ့ အပြောင်းအလဲ အကြီးအကျယ်ဖြစ်နိုင်တယ် – စံဇာဏီဘို

၂၀၁၄ ခုနှစ်ထဲ အစိုးရအဖွဲ့ အပြောင်းအလဲ အကြီးအကျယ်ဖြစ်နိုင်တယ်လို့ နက္ခတ ပညာရှင် စံဇာဏီဘိုက ခန့်မှန်းတွက်ချက် ပြောလိုက်ပါတယ်။
အခြေခံလူတန်းစားတွေ ကျပ်တည်းမြဲ ကျပ်တည်းနေပြီး ချမ်းသာတဲ့သူတွေ ပိုချမ်းသာသွားဖို့ရှိတယ်၊ လူလတ်တန်းစားနဲ့ ချမ်းသားတဲ့လူတွေကြား ကွာဟချက် ပိုကြီးမားသွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ ဆက်ဖြစ်နိုင်သေးတယ်၊ အထူးသတိပြုဖို့ လိုမယ်လို့ ပြောပါတယ်။
၂၀၁၄ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဆရာ စံဇာဏီဘိုကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာ ဒီ ၂၀၁၄ မှာ အရင်ဦးဆုံး ဆရာတို့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုများ ခန့်မှန်းတွက်ချက်လို့ ရထားပါလဲ။
“၂၀၁၄ နိုင်ငံရေးမှာတော့ ထူးခြားတဲ့အပြောင်းအလဲ တခုခုတော့ သေချာပေါက်ဖြစ်မယ်။ ရက်အားဖြင့် ၂၀၁၄ ဇူလိုင်လ ၁၂ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အတွင်းမှာ ကောင်းသော အပြောင်းအလဲတခုဖြစ်မယ်။ တခုနဲ့ တခုကြား နောက် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ နောက်အစိုးရကြား  တည်ရှိနေတဲ့ အပြောင်းအလဲတခုဖြစ်မယ်။ နောက်ပြီးတော့ စိုးရ အဖွဲ့အစည်းကြီးတခုလုံးရဲ့ပုံသဏ္ဌာန် အပြောင်းအလဲကြီးဖြစ်မယ်။ အဲဒီရက်ကတော့ တိုင်းပြည်ရဲ့ ဖွဲ့စည်းမှုပုံသဏ္ဌာန် အပြောင်းအလဲနဲ့ နိုင်ငံရေးအပြောင်းအလဲ အကြီးစားဖြစ်မယ့် ကာလ ဖြစ်ပါတယ်။”
 စီးပွားရေးကော ဘယ်လိုမျိုးတွက်ချက်လဲ ခင်ဗျ။

အိန္ဒိယတွင် ရထား မီးလောင်၊ အနည်းဆုံး လူ ၂၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ပြေးဆွဲနေတဲ့ ရထားတစင်းရဲ့ အတွဲ ၁ တွဲ မီးလောင်မှုအတွင်းမှာ လူ အနည်းဆုံး ၂၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသွားပါတယ်။
အန်တြာပရာဒတ် ပြည်နယ် ဒန်းဒစ်မြို့နယ်ကနေ ဘန်ဂလောမြို့နယ်ဆီကို သွားတဲ့ လမ်းတ၀က်မှာ ဒီနေ့ မနက် ၃ နာရီခွဲ ၀န်းကျင်က  မီးလောင်ကျွမ်းခဲ့တာလို့ မီးရထားဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
မီးစလောင်တဲ့အချိန် ရထားပေါ်မှာ ခရီးသည် ၇၂ ယောက်  ရှိနေခဲ့ပြီး ဒဏ်ရာရ သူတွေကို ဆေးရုံတင်ထားရပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးမယ်လို့ ခရိုင်အစိုးရက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတုန်းပဲ ဖြစ်ပါတယ်။
အိန္ဒိယမှာ နိုင်ငံပိုင် ရထားကွန်ရက်ဟာ ခရီးသည်တင်ရထား အစင်း ၉၀၀၀ ကို ပြေးဆွဲပေးနေပြီး နေ့စဉ် ရထားကို အသုံးပြုပြီး ခရီးသွားသူ ၁၈ သန်း ရှိပါတယ်။

 

အန်အယ်လ်ဒီ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ပြိုင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်ပေါင်း ၁၆၈ ချက်ကို ပြင်ဆင်ဖို့ လွှတ်တော်ကော်မတီထံ အကြံပြုတင်ပြဖို့ရှိပြီး ၂၀၁၅ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီက ပြောကြားလိုက်ပါတယ်။
 ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်/မ၀င် ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို ပြောကြားလိုက်တာပါ။
“ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဝင်ဘူးလို့ပြောတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ သဘောတရားအရ ဒီလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲ ဝင်ချင်စရာမရှိဘူးလို့ ဒီလို idea ကို ပြောတာဖြစ်တယ်။ မဝင်ဘူးလို့ ပြောတာမဟုတ်ဘူ။ ဒီထင်ပိုပြီးတိကျအောင်ပြောရင် ၂၀၁၅ ရွေးကောက်ပွဲ အန်အယ်လ်ဒီက ဝင်ကို ဝင်မယ်။ ကျနော်တို့ ဒီလိုအခြေအနေမှာ မပြင်ဘဲနဲ့ ရွေးကောက်ပွဲ ၀င်ဖို့ မသင့်ဘူးဆိုတာ သဘောတရားအရ ဒေါ်စုက ပြောခဲ့တာ။ အန်အယ်လ်ဒီ ၀င်ဖို့ ဒီနေ့အစည်းအဝေးက ဆုံးဖြတ်တာ မဟုတ်ဘူး။ အန်အယ်လ်ဒီဝင်ဖို့က ဒီထက်စောပြီး ကျနော်တို့ ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ၀င်ဖြစ်အောင် ၀င်မယ်လို့ ပြောတာပါ။”

Friday, December 27, 2013

ချစ်ဖို့ သတ္တိလို

သူ့ဆီက ဘာမှပြန်မမျှော်လင့်ဘဲနဲ့
ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ပေးနိုင်ဖို့
သတ္တိလိုပါတယ်။
ရာနှုန်းပြည့်ရိုးသားတဲ့စိတ်နဲ့ ဆက်ဆံတဲ့
ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့
သတ္တိလိုတယ်။
ကိုယ့်ဘ၀ထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့
သတ္တိလိုတယ်။
ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့
မျှော်လင့်ချက်မျိုးမထားဘဲ
ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့
သတ္တိလိုတယ်။

" ကွမ်းကြိုက်တဲ့မောင် "

နှစ်ဆယ့်လေးနာရီထဲ
အိပ်ချိန်ကလွဲလို့
တစ်ရေးနိုးတောင်
ထထ၀ါးတတ်တဲ့ကောင်။
တစ်ကယ်ဆို
ကိုယ့်အနာဂတ်ယာခင်းလေးထဲ
အတတ်ကြွဆုံးမျိုးစေ့
မျှော်လင့်ချက်မြေသြဇာ
အားလုံးအိပ်သွင်ဖာမှောက်
ရေလောင်းပေါင်းသင်ခဲ့တာ
ရွေရောင်အိပ်မက်တွေကလှလွန်းတယ်။

ဆေးလိပ်နဲ့တူတဲ့ဘဝ

   ဆေးလိပ်နဲ့တူတဲ့ဘ၀အတွက်...................................ဆေးလိပ်ကိုကြည့်စမ်းပါ....................................ဆေးလိပ်ကိုလူတွေက..............................လို
                                   တဲ့အချိန်မှာသောက်သုံးပြီး................................မလိုအပ်ရင်ပြစ်ခဲ့ကြတာ................................လူတွေကဒီသဘောပဲ................................လိုအပ်ရင်သုံးပြီး..............................မလိုအပ်ရင်တော့............................ကန်ထုတ်ပြစ်ကြတာပဲနော်.........................

အလွမ်း

             အလွမ်းတွေပြည့်နက်နေတဲ့ငါ့ကမ္ဘာ
                                                         
                        နေ့တိုင်းလွမ်း

                        ညတိုင်းလွမ်း

                        လွမ်းလွန်းလို့ငါ

                        လွမ်းခဲ့ရတဲ့ရက်တွေ

                        လွမ်းခဲ့ရတဲ့ညတွေ

                        မင်းလေးမသိနိုင်ပေမယ့်

                        လွမ်းနေတဲ့ငါ

                        ဆွေးနေတဲ့ငါ

ဘယ်အရာအတွက်မှ စိတ်ရှုပ်မခံဘူး ပျော်အောင်ပဲနေတယ်လို့ ဆိုလိုက်တဲ့ ရွှေမှုန်ရတီ

အသက်ငယ်ငယ်နဲ့ ပရိသတ်အားပေးမှုကို ရရှိနေတဲ့ ရွှေမှုန်ရတီနဲ့ တွေ့ဆုံခိုက် ပြောဖြစ်သမျှတွေကတော့  ‘အခုရိုက်နေတဲ့ကားလေးက စပွန်ဆာကိုကိုနှင့် အော်စကာကိုကိုတဲ့။ မင်းသားက အန်ကယ်လေး၊ ဒါရိုက်တာက ကိုပြည်ဟိန်းသီဟပါ။ ဒီကားလေးက ဟာသကားလေးပါပဲ။ ဒီကားမှာရွှေမှုန်က စံပယ်ပန်းရောင်းတဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားတယ်။ ချမ်းသာချင်တော့ သူဌေးသမီးဟန်ဆောင်ပြီး အန်ကယ်လေးကို ကပ်တဲ့ပုံစံလေးပါ။  အန်ကယ်လေးကလဲ ဆင်းရဲတယ်။ သူကလဲ ရွှေမှုန်ကို သူဌေးသမီးထင်ပြီး လိုက်ကပ်တာပေါ့။ ဆံပင်လေးလဲ ပြောင်းထားတယ်။ ဆံပင်ကတော့ ကောင်မလေးက လူငယ်လဲဆန်တယ်။ ချမ်းလဲချမ်းသာချင်တဲ့အတွက် နဲနဲလေး ထူးခြားအောင်လုပ်ထားတာပါ။’လို့ သူမက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ရာနှုန်းပြည့် ပြန်ကောင်းပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်) ဦးဆောင်တဲ့ ဆရာဝန်များအဖွဲ့က ခြေထောက်ခွဲစိတ်ထားတဲ့ အနာချုပ်ရိုးကို ဒီဇင်ဘာ ၂၆ ရက်နေ့က ဖြည်ကြည့်ပြီးနောက် အနာကျက်နေပြီး ကောင်းမွန်စွာ လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ဒေါက်တာတင်မျိုးဝင်းက အဖွဲ့ချုပ်ဥက္ကဋ္ဌအနေနဲ့ လုပ်ငန်းတာဝန်တွေ ပြန်လည် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ခွင့်ပြုလိုက်ပါတယ်။ဒါကြောင့် အဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် သွားရောက်ဖို့ မူလ စီစဉ်ထားတဲ့အတိုင်း လာမယ့်နှစ် ဇန်န၀ါရီ ၆ ရက်နေ့မှာ သွားရောက်မယ်လို့ မိသားစုဆရာဝန်က အတည်ပြု ပြောကြားပါတယ်။

 


 Blogger

Myanmar CNN