မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, December 23, 2013

ဒီနှစ်အကယ်ဒမီကတော့ သူ့အတွက်ရင်ခုန်စရာမရှိပါဘူးလို့ ပြောတဲ့ စိုးပြည့်သဇင်

အနုပညာနဲ့ပတ်သတ်ရင် သရုပ်ဆောင်အပြင် ဂီတပါ ၀ါသနာကြီးသူကတော့ အကယ်ဒမီစိုးပြည့်သဇင်ပါပဲ။ သူမဟာ မကြာသေးခင်ကမှ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အနုပညာ၊ ဂီတနဲ့ ကျောင်းစာကို ဘယ်လိုများ မျှတလုပ်ဆောင်သွားမလဲဆိုတာကို စောင့်ကြည့်အကဲခတ်နေကြတဲ့ ပရိသတ်ကြီးအတွက် သူမနဲ့ ဆုံတွေ့ခိုက် ခုလို မေးမြန်းကြည့်လိုက်တဲ့အခါ ‘ဆယ်တန်းအောင်သွားပြီဆိုတော့ ကျောင်းကတော့ လျှောက်ထားတုန်းပါပဲ။ ဘာပဲပြောပြော ဆယ်တန်းအောင်သွားပြီဆိုတဲ့အတွက် စိတ်တော့ သက်သာသွားတာပေါ့။ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်ဆိုတာအချိန်ယူပြီးတက်လို့ရတယ်။ အဝေးသင်ဆိုတဲ့အတွက် ဆယ်တန်းနဲ့လဲ မတူဘူး။ ဆယ်တန်းက ဘာသာစုံ၊ အခုက မြန်မာစာ တစ်ခုတည်းဆိုတော့ နဲနဲတော်သွားတာပေါ့နော်။ ပြီးတော့ဆယ်တန်းက မဖြေလို့လဲမရဘူး။ မအောင်ရင်လဲ အပြောခံရမယ်။ မဖြေပြန်ရင်လဲ အဆင်မပြေဘူး။ အဲဒီတစ်နှစ်က စိုးပြည့်ကြိုးစားပြီး လုပ်ခဲ့တဲ့နှစ်ပေါ့။ အောင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ အခုရိုက်နေတဲ့ကားလေးက သင်္ကြန်မယ်လေးတဲ့။ မင်းသားက ထိုက်စံမော့စ်ပါ။ ဒီကားလေးထဲမှာ စိုးပြည့်က အသွက်ကလေးပဲ။ သင်္ကြန်ကို မြတ်နိုးတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားတယ်။ သင်္ကြန်သံကြားရင်မနေနိုင်ဘူး။ ဟာသနဲ့ ဒရာမာနဲ့ရောထားတဲ့ ဇာတ်ပုံစံလေးပါ’လို့ သူမရဲ့ လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း ပြောပြပါတယ်။

၂၀၁၂ အကယ်ဒမီနဲ့ ပတ်သတ်လို့လည်းသူမက ‘ဒီနှစ်အတွက်တော့ ရင်ခုန်စရာမရှိသေးပါဘူးရှင်။ ညီမ၀တ်စုံအတွက် ပိုးထည်က မလတ်ပါ။ ဒီဇိုင်နာကလဲ မလတ်ပါ။ အရောင်က လိမ္မော်ရောင်လေးပါ’တဲ့။
အားလုံးစိတ်ဝင်စားနေတဲ့ စိုးပြည့်သဇင်ရဲ့ အချစ်ရေးကို မေးကြည့်တဲ့အခါမှာတော့ သူမက ‘စိုးပြည့်ရဲ့ မင်္ဂလာသတင်းကတော့ အဝေးကြီးမှာပါ။ အချစ်ဆိုတာကို စိုးပြည့် နားလည်ထားတာက စိုးပြည့်မှာ ရှိနေတဲ့ မိဘ၊ဆွေမျိုးသားချင်း၊ မောင်နှမ၊ စိုးပြည့်ရဲ့ပရိသတ်၊ စိုးပြည့်ရဲ့ အနုပညာ ဒါတွေပဲ စိုးပြည့်အတွက်အချစ်လို့ယူဆရမှာပေါ့နော်’လို့ ဆိုသွားပါတယ်။

Trend Myanmar

No comments:

 Blogger

Myanmar CNN