မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, December 24, 2013

မင်းသမီးကြီး ဝါဝါဝင်းရွှေ ပြောပြေတဲ့ ဝင်းဦး အမှတ်တရများ

မင်းသားကြီး ဦးဝင်းဦးနဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီးဒေါ်ဝါဝါဝင်းရွှေက ဦးဝင်းဦးနဲ့ ၁၆နှစ်သမီးမှာ ” သိကြားစေသက်သေညွှန်း” ဆိုတဲ့ ဇာတ်ကားကို ပထမဆုံးအတူ စတင်ရိုက်ကူးခဲ့ပါတယ်။ ဦးဝင်းဦးထက်အနုပညာ လောကကို တစ်နှစ်စောပြီး ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် ဝင်းဦးက ဝါဝါဝင်းရွှေထက် ၁၃ နှစ်နီးပါးကြီးကြောင်းလည်း သိရပါတယ်။ ဦးဝင်းဦးနဲ့ပတ်သက်ပြီး ဝါဝါဝင်းရွှေရဲ့အမှတ်တရစကားသံကတော့ ” အန်တီဝါ မှတ်မိသလောက်အေဝမ်းခြံမှာ ရိုက်နေတဲ့ အချိန်ရိုက်ကွင်းကို လာကြည့်တယ်။ သူနဲ့ ပထမဆုံးရိုက်တဲ့ကားက ပဲခူးရုပ်ရှင်က မောင်သန်းအောင်တို့နဲ့ ရိုက်တဲ့ ” သိကြားစေ သက်သေညွှန်း” ဆိုတဲ့ကားပေါ့။

သမီးရည်းစားကွဲသွားပြီး ပြန်တွေ့ ကြတဲ့ကားပေါ့။ ဟဲဗီးဒရာမာဇာတ်ပေါ့။ ဆရာကြီးဦးသုခနဲ့ ရိုက်ခဲ့ကြတာ၊ လုံးဝမှတ်မှတ်ရရက အဲဒီကားနဲ့ အန်တီဝါရော၊ ဆရာကြီး ဦးသု ခရော၊ ကိုဝင်းဦးရော အကယ်ဒမီဆုရဖို့အတွက် အရုပ်တောင်ထုပြီးပြီလို့ ဆရာကြီး ဦးသုခက ပြောပြတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာ အကယ်ဒမီပေးပွဲ မကျင်းပဖြစ်ခဲ့ ဘူး။ နောက် ” ချစ်သမီး” ကားမှာ အန်တီဝါအကယ်ဒမီပြန်ရတာပေါ့။ ၃ယောက်လုံးအတွက် အမှတ်တရပါပဲ။ အဲဒီကားက တအားအောင်မြင်ခဲ့တယ်။ သူနဲ့အတွဲကားဆို တအား အားပေးကြတယ်။ အန်တီဝါက အဲဒီအချိန်က ၁၆နှစ်ပဲရှိသေးတော့ အခုခေတ်မော် ဒယ်တွေလို ပိန်သေးသေးလေးပေါ့။ ဇာတ်ကားတွေကဆက်တိုက်အတွဲ ရိုက် ဖြစ်ခဲ့ပါတယ်။ အနုပညာသမားတစ်ယောက် အနေ နဲ့ ဦးဝင်းဦးအတွက် ဂုဏ်ယူမိသလို သူ့လို အနုပညာရှင်မျိုးနောက် ထပ်ပေါ်ဖို့လည်းမလွယ်ဘူးလို့ ဆို လာတဲ့ ဒေါ် ဝါဝါဝင်းရွှေက ” သူ့လိုအနုပညာရှင်မျိုးက နောက်တစ်ယောက်ထပ် ပေါ်ဖို့မလွယ်ဘူး။ အခုချိန် ထိမပေါ်သေးဘူးလို့ထင် တယ်။ မျက်ရည်ကျမယ် ဆိုလည်း မျက်ရည် ကို ပေါက်ပေါက် ကျအောင် လုပ်နိုင်တယ်။ စွယ်စုံရ တယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူအတွက် အမြဲဂုဏ်ယူပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်

No comments:

 Blogger

Myanmar CNN