မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, December 25, 2013

ထိုင်းမြန်မာဖက်စပ် ရိုက်ကူးမယ့် ဇာတ်ကားဟာ ကျွန်တော့်အတွက် စိန်ခေါ်မှုပါလို့ ဆိုလိုက်တဲ့ လူမင်း

အန်ကယ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဌ၊ သရုပ်ဆောင် ၊ ဒါရိုက်တာ လူမင်းနဲ့ တွေ့ဆုံခိုက် အာရှရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ADMA မီဒီယာမှ ပထမဆုံးရိုက်ကူးမယ့် ထိုင်းမြန်မာဖက်စပ် ရုပ်ရှင်ဇာတ်ကားအကြောင်း ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။
-ထိုင်းမင်းသမီးနဲ့ ရိုက်မဲ့ဇာတ်ကားအတွက် ပြင်ဆင်ထားတဲ့ အပိုင်းလေးတွေကို ပြောပြပေးပါလား။
ကိုယ့်ဖက်က ပြင်ဆင်ထားတာကတော့ ကိုယ်တာဝန်ယူမဲ့ အပိုင်းပေါ့။ ဇာတ်ညွှန်းအပိုင်းနဲ့ ပတ်သတ်ပြီး ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ဇာတ်ညွှန်းရေးဖို့လုပ်နေပါတယ်။ ကျန်တာကတော့ ထပ်ပြီးဆွေးနွေးရဦးမှာပါ။
-ဒီဇာတ်ကားကြီးမှာ အန်ကယ်လေးကို ဒါရိုက်တာအဖြစ် လာငှားတဲ့အပေါ် မြင်မိတဲ့အမြင်က။
ရိုက်ပေးဖို့လာကမ်းလှမ်းတဲ့အတွက်တော့ ကိုယ်ဂုဏ်ယူပါတယ်။ ကိုယ့်အတွက် တော်တော့ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလို့လဲမြင်ပါတယ်။ အချိန်ယူပြင်ဆင်ပြီးတော့ရိုက်ရမှာပါ။
-ထိုင်းမင်းသမီးနဲ့ရိုက်မဲ့ဇာတ်ကားမှာ မင်းသားအဖြစ် စိုင်းစိုင်းကို ရွေးချယ်တဲ့အပေါ် ရိုက်ကူးမဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ အမြင်က။

ဒါက ထုတ်လုပ်ရေးဖက်က ရွေးချယ်ပြီး စီစဉ်တာပါပဲ။ ဒီဇာတ်လမ်းအမျိုးအစားကို ကိုယ်က ဒါရိုက်တာတစ်ယောက်ရဲ့ အမြင်နဲ့ပဲစဉ်းစားတယ်။ အခုရိုက်ရမဲ့ ဇာတ်လမ်းအမျိုးအစားက ရှိပြီးသားဇာတ်လမ်းတစ်ခု၊ ဒါမှမဟုတ် ၀တ္ထုတစ်ပုဒ်ကို ကြည့်ပြီးတော့မှ ဇာတ်ကောင်တွေ ကတ်စတင်တွေ ချပြီးရိုက်တဲ့ အမျိုးအစားမဟုတ်ဘူး။ ကတ်စတင်တွေကို အရင်ရွေးချယ်ပြီးတော့မှ ဇာတ်လမ်းကိုတည်ဆောက်ပြီး ရိုက်ယူရမဲ့ အမျိုးအစား။ အဲဒီတော့ ဇာတ်လမ်းကို စတည်ဆောက်ပြီး ဇာတ်ညွှန်းအပ်ထားတယ်ပေါ့။
-ရုပ်ရှင်အစည်းအရုံးက ပန်ကြားထားတဲ့ အရာတွေအပေါ် ဝေဖန်တဲ့သူရှိသလို လိုက်နာတဲ့သူလဲရှိတော့ အန်ကယ်လေးက အဲဒါနဲ့ပတ်သတ်ပြီးဘာပြောချင်ပါသေးလဲ။
အဓိကက လောကသားတွေကို သတိလေးရသွားအောင် ပန်ကြားထားတာပါ။ အနုပညာရှင်လဲ လူပဲလေ။ လွတ်လပ်ချင်တယ်။ ပျော်ပါးချင်တယ်။ ခေတ်မှီချင်တယ်။ ခေတ်ဆန်ချင်တယ်ဆိုတာ လူသားတစ်ယောက်ရဲ့ခံစားချက်ပဲလေ။ ဒါအနုပညာရှင်တွေမှာလဲရှိမှာပဲ။ ဒါပေမဲ့ သတိလေးရှိကြဖို့ ပေါ့။ ဒီခေတ်နည်းပညာတွေရဲ့ ကျယ်ပြန့်မှုတွေ၊ လွှမ်းမိုးမှုတွေက လူတွေအပေါ် ကြီးလာတဲ့အတွက် အနုပညာရှင်တွေအနေနဲ့ သတိလေးထားကြဖို့၊ ဆင်ခြင်ကြဖို့ ကိုပန်ကြားထားတာပါ။
Trend Myanmar

No comments:

 Blogger

Myanmar CNN