မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, December 31, 2013

“ သံဝေဂလင်္ကာများ”

၁။ နောက်နေ့ကြတော့ ဘာလုပ်မှာ၊
ကြံစီစိတ်ကူး ပြောကြရှာ၊
ထိုနေ့အတွင်းမှာ သေနိုင်တာ၊
ကြံတွေးကြောက်ကြပါ။

၂။ နောက်လကြတော့ ဘာလုပ်မှာ၊
ကြံစီစိတ်ကူး ပြောကြရှာ၊
ထိုလအတွင်းမှာ သေနိုင်တာ၊
ကြံတွေးကြောက်ကြပါ။



၃။ နောက်နှစ်ကြတော့ ဘာလုပ်မှာ၊
ကြံစီစိတ်ကူး ပြောကြရှာ၊
ထိုနှစ်အတွင်းမှာ သေနိုင်တာ၊
ကြံတွေးကြောက်ကြပါ။

၎။ အထုပ်ကြီး တပြင်ပြင်၊
နေ့ရောညရော စိတ်ကူးယဉ်၊
အထုပ်ရှင် သေလို့သွား၊
ကျန်တဲ့သူတွေ ဝေလို့စား၊
သေတဲ့လူတော့ အလကား။

သီရိမင်္ဂလာ မှ အဆိုအမိန့်များ

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

infinitydhamma

No comments:

 Blogger

Myanmar CNN