၂၀၁၂ခုနှစ်
ကလေးသရုပ်ဆောင် အထူးဆုကို ရရှိခဲ့တဲ့ ယွန်းယွန်းအတွက် သူမကို
ချစ်တဲ့ပရိသတ်တွေကတော့ တကယ့်ကို ပျော်ရွင်ကျေနပ်နေကြတာပါ။ ကလေးသရုပ်ဆောင်ဆု
ပေးတာကြာပြီ ဖြစ်တာကြောင့် ဒီနှစ်အတွက် ဒီအထူးဆုလေးဟာ ထူးခြားတဲ့အပြင်
ကလေးသရုပ်ဆောင်တွေအတွက်လည်း တကယ့်ကို ကိုယ်စားပြုနိုင်တဲ့ ဆုလေးတစ်ဆုပါ။
အကယ်ဒမီ ရွှေစင်ရုပ်ထုကို လက်ဝယ်ရရှိပြီး စင်ပေါ်မှာ ကျေးဇူးတင်စကားကို
အပြည့်အစုံ ပြောကြားပေးသွားတဲ့ ယွန်းယွန်းက သူမရဲ့
ပျော်ရွှင်ပီတိစကားလေးကိုလည်း 'ဒီဆုလေးကိုရရှိခဲ့တာ အရမ်းဝမ်းသာပါတယ်။
တော်တ်ေခက်ခဲတဲ့ဆုဆိုတာကိုလည်း သမီးနားလည်ပါတယ်။ သမီးနဲ့ ရင်းနှီးတဲ့
ကလေးသရုပ်ဆောင်တွေ ကိုယ်စားရတယ်လို့ခံယူထားပါတယ်။ အားလုံးကိုလဲ
ကျေးဇူးတင်ပါတယ်'တဲ့။
Trend Myanmar
Trend Myanmar

No comments:
Post a Comment