မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, December 26, 2013

အီရတ် ခရစ်စမတ်ည ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၄ ဦး သေဆုံး

အီရတ်နိုင်ငံရဲ့မြို့တော် ဘဂ္ဂဒက်က ခရစ်ယာန်တွေ စုဝေးရာ နေရာတွေကို ဒီဇင်ဘာ ၂၅ ရက်က ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၄ ယောက် သေဆုံးခဲ့ပါတယ်။ဘဂ္ဂဒက်မြို့တောင်ပိုင်း အာဒိုရာခရိုင်မှာ ခရစ်စမတ်ပွဲတော်အပြီး ခရစ်ယာန် ဘုရားကျောင်းနားမှာ ကားဗုံး ၁ လုံး ပေါက်ကွဲလို့ လူတချို့ သေဆုံးတယ်လို့ ရဲနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ခရိုင်တွင်း ခရစ်ယာန်တွေ အများစု နေထိုင်ရာဒေသက လူထူတဲ့ ဈေးတခုမှာ ဗုံး ၂ လုံး သီးခြားစီ ပေါက်ကွဲခဲ့လို့ တခြား လူ ၆ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးဘက်က ပြောပြီး ဒီတိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်တယ်ဆိုတာ မသိရသေးပါဘူး။
ရှီးယားအစ္စလာမ်ဂိုဏ်းဝင် ၀န်ကြီးချုပ် နူးရ် အယ်လ် မာလီကီးအစိုးရကို အယ်လ်ကေဒါတွေနဲ့ ချိတ်ဆက်ထားတဲ့ ဆွန်နီအစ္စလာမ့်ဂိုဏ်းဝင် အမာခံတွေ တိုက်ခိုက်နေကြလို့ အီရတ်နိုင်ငံတွင်း အကြမ်းဖက်မှုတွေ မြင့်တက်နေပါတယ်။

ဒီနှစ်ကတော့ ၅ နှစ်ကျော် ကာလအတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှု ဖြစ်သလို ဒီနှစ် အတွင်း တိုက်ခိုက်မှုတွေကြောင့် လူထောင်ပေါင်းများစွာ သေခဲ့ရပါတယ်။
ဒီနှစ်အတွက် ခရစ်စမတ်အကြိုညဟာ ခရစ်ယာန်တွေအတွက်သာမက ရှီးယားအစ္စလာမ်ဂိုဏ်းဝင်တွေရဲ့ အထွဋ်အမြတ်နေ့နဲ့လည်း တိုက်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရက်သတ္တပတ်ထဲမှာ ရှီးယားအစ္စလာမ်ဂိုဏ်းဝင်တွေရဲ့ ဘာသာရေးပွဲကို ဦးတည်သွားတဲ့ ဘုရားဖူးတွေကို ကားဗုံးတွေ ပစ်ခတ်မှုတွေနဲ့ အသေခံ ဗုံးခွဲမှုတွေကြောင့် လူအတော်များများ သေဆုံးခဲ့ပါတယ်။

ဒီဗွီဘီ

No comments:

 Blogger

Myanmar CNN