သူ ပူလောင်နေပေမယ့် ကိုယ်က မပူတော့ပါ...
သူ မှားနေသလား....သနားလိုက်ပါ.
သူ့ ခမျာ အသိက မှောင်နေရှာတာ....
သူ ရွဲ့ နေလား....ကိုယ်က မှန်အောင်နေလိုက်ပါ....
သူ မသိရှာဘူး...ရွဲ့ သူသာ လျှင် တိမ်းသွားမှာ....
သူ မာနတွေ အလံလွှင့် နေသလား...
သူ မသိဘူး...သူ အောက်ကျတော့မှာ....
သူ တွန့်တိုနေလား.....ကိုယ်က ရက်ရောလိုက်ပါ...
သူ ဆင်းရဲ မယ့် လမ်းစ သူ ဖန်တီးနေတာ...
သူ မေတ္တာ မထားနိုင်ဘူးတဲ့လား...ကိုယ်
သူ နှလုံးသား လောင်ကျွမ်းနေပေမယ့် ကိုယ်က မေတ္တာခြုံလို့ လုံနေတယ်...
သူ့ ကို ခွင့် မလွှတ်နိုင်ဘူးလား...ကိုယ်က ဥပေက္ခာပြုလိုက်ပါ...
ကိုယ့်ကို ကိုယ် သနားတယ်မဟုတ်လား... ခွင့်လွှတ်ခြင်းကိုရယူလိုက်ပ
ကိုယ့် နှလုံးသားဟာ မီးတွေ လောင်မြိုက်ဖို့ မထိုက်တန်လို့ ပါ...
ကိုယ့် နှလုံးသားဟာ အဖိုးတန်လို့ ပါ....
ကိုယ့် နှလုံးသားဟာ စိတ်တန်ခိုးတို့ ရဲ့  စုစည်းရာပါ...
ကိုယ့် နှလုံးသားဟာ ကုသိုလ်ရတနာတို့ သာ စုဝေးချင်လို့ပါ...
ကိုယ့် နှလုံးသားကို မေတ္တာနဲ့သာ ဖုံးလွှမ်းချင်လို့ ပါ...
ကိုယ့် နှလုံးသား မှာ အမှိုက်တွေ မထည့်ချင်လို့ပါ..
ကိုယ့် နှလုံးသားကို နောင်တ ဆိုတာနဲ့ မထိတွေ့ စေချင်လို့ပါ...
ဒါကြောင့် သူ နဲ့ သူတို့ တွေကို ခွင့်လွှတ်လိုက်ပါ......
မေတ္တာဖြင့်
မနန်းမွန်း( အနှိုင်းမဲ့စာတိုပေစများ)
No comments:
Post a Comment