မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, December 25, 2013

မသေခင် တခဏ...

မသေခင် တခဏ မှာ ချစ်ကြသည်။
မသေခင် တဒင်္ဂ မှာ မုန်းကြသည်။
မသေခင် အတွင်းမှာ ရန်ဖြစ်ကြသည်။
မသေခင် တခဏ မှာ ကျေးဇူးကန်းကြသည်။
မသေခင် တခဏမှာ ၀ဋ် ဟောင်းဆပ် ပြီး ၀ဋ်သစ်ယူကြသည်။
မသေခင် တခဏ မှာ အငြိုးထား အဓိပ္ပာယ်မဲ့ကြသည်။
မသေခင် တခဏ မှာ အမွေလု ကြသည်။
မသေခင် တခဏ မှာ မတရားတာ တွေလုပ်ကြသည်။
မသေခင် တခဏ မှာ လောဘကြီးကြသည်။ ဒေါသ ထွက်ကြသည်။ မောဟကို ရှေ့ တန်းတင်ကြသည်။
ထို မသေခင် တခဏ မှာ တရားကို ဘယ်သူ ရှု ကြသည် ဆိုတာ ကတော့...........

သေမင်း နှင့် ရင်ဆိုင်ချိန်မှာ အဖြေထွက်ကြရ မှာ ပါဘဲလေ....

မသေခင် တခဏ မှာ နောင်တ မရကြဖို့.........

မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)

No comments:

 Blogger

Myanmar CNN