မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, December 25, 2013

ရွှေပိုးအိမ်ရဲ့ ၂၀၁၄ အစီအစဉ်တွေနဲ့ သူမပြောပြတဲ့ သူမရဲ့အချစ်ရေး

အကယ်ဒမီ ဗန်းကိုင်ကနေ ခုချိန်မှာ ဗီဒီယိုဇာတ်ကားများမှာပါ ပါဝင်သရုပ်ဆောင်လာတဲ့ ရွှေပိုးအိမ်ရဲ့ New Year အစီအစဉ်လေးနဲ့ ၂၀၁၄ခုနှစ်အတွက် သူမ စိတ်ကူးစီစဉ်ထားတဲ့ အရာတွေကို မေးကြည့်တဲ့အခါမှာတော့ ‘New Year ကိုတော့ အိမ်မှာပဲ မိသားစုနဲ့တစ်ခုခု လုပ်စားဖြစ်မယ် ထင်တယ်။ အပြင်လဲမထွက်ဖြစ်ဘူး။ အိမ်မှာပဲနေတာများလို့လေ။ နှစ်တစ်နှစ် ကုန်သွားပြီဆိုတော့ အသက်တစ်နှစ်ပိုကြီး သွားတယ်ပေါ့။ ကိုယ်ကတော့ဒီနှစ်မှာ ဘာတွေလုပ်ခဲ့လဲ။ ပြန်စဉ်းစားတယ်။ ပြန်တွေးဖြစ်တယ်။ ၂၀၁၄ မှာ လုပ်ဖို့စဉ်းစားထားတာက သီချင်းဆိုဖို့ပေါ့။ ၀ါသနာလဲပါတယ်။ ကိုယ်တတ်သလောက်လေးနဲ့ကြိုးစားရမှာပေါ့နော်။ အဲဒါကလဲ အခုမှစဉ်းစားမိတာပေါ့နော်။ အဲဒီအတွက်ကို ဆရာတွေနဲ့သေချာသင်ပြီးလုပ်ရမှာပေါ့နော်။
ဘာပဲဖြစ်ဖြစ် အားပေးတဲ့ပရိသတ်ကလဲ အားပေးချင်တယ်ဆိုတော့ သူတို့အတွက် ကိုယ့်အနုပညာလေးနဲ့ချပြချင်ပါတယ်’တဲ့။
၂၀၁၄ မှာ မင်္ဂလာဆောင်ကြတော့မဲ့ အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး တော့လည်း သူမက ‘၀မ်းသာတယ်။ ကိုယ့်အစ်မတွေယူကြတော့မယ်ဆိုတော့လေ။ ဒီအလုပ်လုပ်တယ်ဆိုတာ ပရိသတ်တွေအတွက်ပဲ တစ်ဘ၀လုံးအချိန်ကုန်ခံလို့မှမရတာ။ သူ့ဘ၀လဲရှိသေးတယ်။ မသက်မွန်တို့ဆိုလဲ အောင်မြင်နေပြီ။ အိမ်ထောင်လဲပြုတော့မယ်ဆိုတော့ ပြီးပြည့်စုံသွားပြီ။’လို့ သူမအမြင်ကို ဖွင့်ဟသွားပါတယ်။
သူမရဲ့ အချစ်ရေး၊ မင်္ဂလာသတင်းကိုတော့ ‘မင်္ဂလာသတင်းကတော့အများကြီးလိုပါသေးတယ်။ ကိုယ်က အခုချိန်မှာ ကလေးလိုပဲ ။ပျော်မယ်။ ပါးမယ်။ ရည်းစားထားမယ်။ ရည်းစားမရှိဘူး လို့မလိမ်ဘူး။ ရည်းစားရှိတယ်။ ဒီအလုပ်ကို ကိုယ့်ရဲ့ ပါရမီဖြည့်ဖက်ကလဲ နားလည်မှုပေးနိုင်မှလေ။ ဒီအလုပ်က ချစ်ခန်းကြိုက်ခန်းတွေပါတော့ နားလည်မှုပေးနိုင်တဲ့ ယောကျာ်းမျိုးကို ရွေးချယ်ရမှာပေါ။ ကိုယ်က အခုကလေးစိတ်ဆိုတော့ မိဘကိုဆိုးဖို့ပဲ စိတ်ထဲမှာရှိတာလေ။ အချစ်ဆိုတာ ပျော်ဖို့လဲကောင်းတယ်။ စိတ်ညစ်ဖို့လဲကောင်းတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့။ နားလည်မှုဆိုတာ အရေးကြီးတယ်။ မိဘတွေက ငယ်ငယ်ကတည်းက ဆုံးမထားတာက ချမ်းသာဖို့မလိုဘူး။ အရည်အချင်းရှိဖို့ပဲလိုတယ်။ ဆင်းရဲနေရင် ဆိုက်ကားနင်းကျွေးနိုင်လား။ ကူလီထမ်း ကျွေးနိုင်လား။ အဲလိုပေါ့နော်။ အဲလိုအရည်အချင်းရှိတဲ့ ရဲရင့်တဲ့ လူကိုရှာတဲ့။ တချို့က နုတယ်လေ။ အဲလိုမျိုးကိုတော့ မရှာနဲ့တဲ့။ အချစ်ကိုစိတ်ထဲမှာပဲထားတယ်။ ခေါင်းထဲမှာတော့ အလုပ်ကိုပဲဦးစားပေးဖြစ်နေပါတယ်။’ လို့ပြောပြခဲ့ပါတယ်။

 Trend Myanmar

No comments:

 Blogger

Myanmar CNN