မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, December 28, 2013

အိန္ဒိယတွင် ရထား မီးလောင်၊ အနည်းဆုံး လူ ၂၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ပြေးဆွဲနေတဲ့ ရထားတစင်းရဲ့ အတွဲ ၁ တွဲ မီးလောင်မှုအတွင်းမှာ လူ အနည်းဆုံး ၂၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသွားပါတယ်။
အန်တြာပရာဒတ် ပြည်နယ် ဒန်းဒစ်မြို့နယ်ကနေ ဘန်ဂလောမြို့နယ်ဆီကို သွားတဲ့ လမ်းတ၀က်မှာ ဒီနေ့ မနက် ၃ နာရီခွဲ ၀န်းကျင်က  မီးလောင်ကျွမ်းခဲ့တာလို့ မီးရထားဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
မီးစလောင်တဲ့အချိန် ရထားပေါ်မှာ ခရီးသည် ၇၂ ယောက်  ရှိနေခဲ့ပြီး ဒဏ်ရာရ သူတွေကို ဆေးရုံတင်ထားရပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို လျော်ကြေးပေးမယ်လို့ ခရိုင်အစိုးရက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတုန်းပဲ ဖြစ်ပါတယ်။
အိန္ဒိယမှာ နိုင်ငံပိုင် ရထားကွန်ရက်ဟာ ခရီးသည်တင်ရထား အစင်း ၉၀၀၀ ကို ပြေးဆွဲပေးနေပြီး နေ့စဉ် ရထားကို အသုံးပြုပြီး ခရီးသွားသူ ၁၈ သန်း ရှိပါတယ်။

 

No comments:

 Blogger

Myanmar CNN