၂၀၁၄ ခုနှစ် နှစ်သစ်အား ပျော်ပွဲရွှင်ပွဲများဖြင့် ကြိုဆိုခြင်းကို ဒီဇင်ဘာ
၃၁ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာများတွင်
ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင် အစည်ကားဆုံး နှစ်သစ်ကြိုဆိုခြင်းကို အခမဲ့
ဝင်ခွင့်ပေးခဲ့သည့် မိုင်ဒါကွင်းတွင် ပြုလုပ် ခဲ့ပြီး တေးသံရှင်များစွာ၏
အခမဲ့ ဖျော်ဖြေမှုများစွာဖြင့် ပရိသတ်များ စည်ကားစွာဖြင့် ပြုလုပ်ခဲ့ပြီး
၂၀၁၄ နှစ်သစ်ကို ပျော်ရွှင်မှု အပေါင်းဖြင့် ကြိုဆိုခဲ့သည်ကို တွေ့ရသည်။
အလားတူ ၂၀၁၄ ခုနှစ် နှစ်သစ်ကြိုဆိုခြင်းကို ရန်ကုန်မြို့ရှိ
အင်းလျားကန်ဘောင်နှင့် မြကျွန်းသာ ကန်ဘောင်တို့တွင် ပြုလုပ်ခဲ့ပြီး
လုံခြုံရေးအင်အား တင်းကျပ်စွာဖြင့် ပြုလုပ်ခဲ့သော်လည်း နှစ်သစ်ကို
ကြိုဆိုသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။
ထို့ပြင်
တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်း၌လည်း Grand Royal မှ ပရိသတ်
အသိအမှတ်ပြုပြီးသား အဆိုတော် အဖွဲ့များဖြစ်သည့် Big Bag၊ Wanted၊ Idiots၊
Reason တို့နှင့် ဂျီလတ်၊ အေသင်ချိုဆွေ၊ ရတနာမိုင်၊
အိုင်ရင်းဇင်မာမြင့်နှင့် ပြည်ပဒီဂျေပညာရှင်များနှင့် အခြားအနုပညာရှင်
များစွာတို့၏ ဖျော်ဖြေမှုများနှင့် ပရိသတ် မြောက်များစွာဖြင့်
နှစ်သစ်ကြိုဆိုပွဲ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
ကန်တော်ကြီး
မျှော်စင်ကျွန်းတွင်လည်း ဟစ်ဟော့ပ် အနုပညာရှင်များဖြစ်သည့်
စိုင်းစိုင်းခမ်းလှိုင်၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဘန်နီဖြိုး၊
ကျော်ထွဋ်ဆွေ၊ Snare၊ Bobby Soxer စသည့် အနုပညာရှင်များဖြင့် Hip Hop Beach
Party ကို ပြုလုပ်ခဲ့ပြီး ဟစ်ဟော့ပ်ဝါသနာရှင် လူငယ်များဖြင့် နှစ်သစ်ကို
ကြိုဆိုခဲ့ကြသည်။
ရန်ကုန်မြို့အတွင်း အဆိုပါ ပွဲလမ်းသဘင်များဖြင့်
နှစ်သစ်ကိုကြိုဆိုခြင်းများအပြင် သက်ဆိုင်ရာ ရပ်ကွက် အသီးသီးရှိ
လူငယ်များကလည်း ပုံစံအမျိုးမျိုးဖြင့် ၂၀၁၄ ခုနှစ် နှစ်သစ်ကို
ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့ မိုင်ဒါကွင်းတွင် ၂၀၁၄
နှစ်သစ်အား ကြိုဆိုသည့် ဖျော်ဖြေပွဲတွင် အနုပညာရှင်များနှင့် ပရိသတ် များ
ပါဝင်ဆင်နွှဲနေသည်ကို တွေ့ရစဉ်
Eleven Media Group
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
Subscribe to:
Post Comments (Atom)
Myanmar CNN
- တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ရာတွင် မြေအောက်ရှိ ပိုက်လိုင်းများနှင့် မလွတ်၍ တစ်နှစ်ခွဲခန့်ကြာမည်ဟု သိရ
- မဖြိုးဖြိုးအောင်၏ ခင်ပွန်း ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် ဖမ်းဆီးခံရကြောင်း သိရ
- ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းခလေးများ နှင့် ငွေကြေးပေး၍ လိင်ဆက်ဆံသူ အရာရှိ-ဘုရားလူကြီးနှင့် လူကြီးပိုင်းများ အားစတင်ဖမ်းဆီး
- ၀န်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်
- လည်ချောင်းထဲမှာ အစာပိုက်ထည့်ထားရလို့ သီချင်းဆိုရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဖွင့်ဟလာတဲ့ ဆိုတေး
No comments:
Post a Comment