၁) မေတ္တာတရားကို ဘေးထား၊ မာနတရားကို ကိုးကွယ်ကြတဲ့သူ တွေနဲ့ တွေ့ တဲ့ ခါ ဆွံ့  အမိပါတယ်။
၂) ရုပ်ဝတ္ထု ကို စိတ်ကျန်းမာရေးထက် ကိုးကွယ်ကြတဲ့သူ တွေနဲ့ တွေ့ တဲ့ခါ ဆွံ့ အမိပါတယ်။
၃) အမှန်တရားကို သိပေမယ့် လက်မခံကြတဲ့သူတွေ နဲ့ တွေ့ တဲ့ ခါ
ဆွံ့ အမိပါတယ်။
၎) ကျေးဇူးတရားကို အရောင်းအ၀ယ် ကိစ္စလောက် အလေးမထားဘဲ ကျေးစွပ်ကြတဲ့ခါ ဆွံ့ အမိပါတယ်။
၅) မနာလိုစိတ်ကြောင့် မယုံနိင်စရာ ပြောင်းလဲ ကြတဲ့ခါ ဆွံ့ အမိပါတယ်။
၆) တွန့်တိုတာ ကို ရှေ့ တန်းတင် သူများ ပစ္စည်းဆို လက်မနှေး တဲ့သူတွေနဲ့ တွေ့ တဲ့ခါ ဆွံ့ အမိပါတယ်။
ရ) အမှားကို ထောက်ပြတဲ့ခါ ဘူး ခံငြင်း နှစ်ခါ မဆင်ခြင်ကြတဲ့ သူတွေ နဲ့ တွေ့ တဲ့ခါ ဆွံ့ အမိပါတယ်။
၈) ငါ ဆိုတဲ့ မာန်တွေ ၀င် ဘယ်တော့ မှ မသေ တော့ မလို မမြဲခြင်းကို ငါ မသိ ဆိုတဲ့ သူတွေ နဲ့ တွေ့ တဲ့ခါ ဆွံ့ အမိပါတယ်။
၉) တစ်ဘ၀ စာကို တနပ်စား ဥာဏ်လောက် နဲ့ အပန်းတကြီး ကြံစည် ကြတဲ့သူတွေ နဲ့ တွေ့ တဲ့ခါ ဆွံ့ အမိပါတယ်။
၁၀) ကံကံ ၏ အကျိုးဆိုတာ ဘာလဲ...နောက်ဘ၀ ဆိုတာ ငါနဲ့ ဆိုင်သလား ဆိုတဲ့ သူတွေ နဲ့ တွေ့ တဲ့ခါ ဆွံ့ အမိပါတယ်။
ထိုသူတွေနဲ့ ကြုံ မိတဲ့ခါ ပြောရန် စကား မရှိတော့ ပါ။
မေတ္တာဖြင့်
မနန်းမွန်း ( အနှိုင်းမဲ့စာတိုပေစများ)
No comments:
Post a Comment