မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, December 27, 2013

" ကွမ်းကြိုက်တဲ့မောင် "

နှစ်ဆယ့်လေးနာရီထဲ
အိပ်ချိန်ကလွဲလို့
တစ်ရေးနိုးတောင်
ထထ၀ါးတတ်တဲ့ကောင်။
တစ်ကယ်ဆို
ကိုယ့်အနာဂတ်ယာခင်းလေးထဲ
အတတ်ကြွဆုံးမျိုးစေ့
မျှော်လင့်ချက်မြေသြဇာ
အားလုံးအိပ်သွင်ဖာမှောက်
ရေလောင်းပေါင်းသင်ခဲ့တာ
ရွေရောင်အိပ်မက်တွေကလှလွန်းတယ်။
ခုတော့လည်းကွယ်
ငါ့ရင်ဘတ်တစ်ခုလုံး
ကျွှဲပခုံးထနေတာတောင်မှ
ထွန်ရေးကမလှပခဲ့ဘူး။
ခ န္တီးတရားနဲ့
သဘောတူကြည်ဖြူစွာ
ကျွှန်ခံခဲ့တာတောင်မှ
ကိုယ့်ချွှေးခဲသီးနှံဆိုတာ
ဈေးကောင်းမရခဲ့ဘူး။
ကိုယ့်ရင်ဘတ်နဲ့တိုင်းခဲ့မျှ
လမ်းတွေကမညီဘူးလေ
ရင်ခုန်သံရေစီးချောင်းထဲမျှောခဲ့သမျှ
သံဝေဂစာပေတွေကလွဲလို့
ဖွတ်မရဓါးမပါဆုံးရတယ်။
ရေဆန်နဲ့ရေစုန်
စိတ်ကိုအရောင်မဆိုးချင်တော့ပါဘူး
ကံတရားကဆန်းကြယ်ပြခဲ့သမျှ
ကိုယ့်ဘ၀ကိုကိုယ်သိသလောက်ရခဲ့ပြီမို့
အချစ်ရေ
အချိန်တန်အိမ်ပြန်လာခဲ့ရင်
ကွမ်းတယာရေတမုတ်တော့..............ဆက်။
 
 http://khan-war.blogspot.com

No comments:

 Blogger

Myanmar CNN