မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, December 27, 2013

ဗေဒင်ဝါသနာအိုး မှ ( ၇ ) ရက်သားသမီးများအတွက် ( ၂၆-၁၂-၂ဝ၁၃ မှ ၁-၁-၂ဝ၁၄ ) ဟောစတမ်း

တနင်္ဂနွေ
အလုပ်စီးပွားသစ်များ ချဲ့ထွင်နိုင်မည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ အထူးကောင်းသည်။ အညံ့ကင်း၍ ကောင်းခြင်းဘက်သို့ ဦးတည်မည်။ စိတ်ချမ်း မြေ့စရာများ ကြုံမည်။ မိသားစု လုပ်ငန်းစီးပွား တိုးတက်မည်။ ကျန်းမာရေး အနည်းငယ်အညံ့ရှိမည်။ ရုတ်တရက် ပေါ်လာသော ပြဿနာများကို ဖြေရှင်း ထိန်းချုပ်နိုင်မည်။ မိသားစုတွင် ကောင်းသော အလှူမင်္ဂလာကိစ္စများ ကြုံတွေ့ရ မည်။
ယတြာ ။ ။ မွေးနေ့တွင် အုန်းထမင်း ဆွမ်းတော်တင်ပါ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
အိုးအိမ်နေရာထိုင်ခင်းကိစ္စအတွက် ပြောဆိုမှုများမှန်သမျှ အောင်မြင်မည်။ ရတနာပစ္စည်းများ လက်ဆောင်ရတတ်သည်။ ပျိုရွယ်သူများအဖို့ မေတ္တာရေး ကံအထူးကောင်းသည်။ မထင်မှတ်ဘဲ ရုတ်တရက် ခရီးထွက်ရတတ်သည်။ ခြံ၊ ကား၊ အခန်းအလဲအလှယ် အပြောင်းအလဲ ရှိမည်။ ပြဿနာအတိုက်အခံ အခက်အခဲအမျိုးမျိုး ကြုံပြီးမှ ငွေဝင်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကရေကရာ ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
စိတ်ချမ်းသာစရာများ တစ်မျိုးပြီးတစ်မျိုး ဖြစ်မည်။ ဆုံးဖြတ်ချက်များ မှန် ကန်စွာ ချမှတ်နိုင်မည်။ အကြီးအကဲများ၊ မိတ်ဆွေကောင်းများမှ မိမိကို အကူ အညီပေးမည်။ တခြားသူများ မတွေးဝံ့၊ မလုပ်ဝံ့သည်များကို မိမိမှ အေးအေး သက်သာလုပ်၍ အဆင်ပြေသွားမည်။ ကာလအတန်ကြာ ဖြစ်ပေါ်နေသည့် စိတ်အနှောင့်အယှက်များကို ဖြေရှင်း၍ အဆင်ပြေ အောင်မြင်သွားနိုင်သည်။
ယတြာ ။ ။ မွေးနေ့တွင် ဆေးပုလင်းအဟောင်းများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~
ဗုဒ္ဓဟူး
ငွေကြေးမြှုပ်နှံ၍ အကျိုးရှိမည်။ ချီတုံချတုံဖြစ်နေသည့်ကိစ္စများကို ယတိ ပြတ် ဆုံးဖြတ်၍ အဆင်ပြေမည်။ အလုပ်အကြံအစည်များ ဆောင်ရွက်မှုမှန်သမျှ အောင်မြင်မည်။ ရည်ရွယ်ချက်များ အကောင်အထည်ဖော်၍ အကျိုးပေးသည်။ ခရီးကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ မေတ္တာရေး ကံကောင်းမည်။ ပညာ အတတ်နှင့် ပတ်သက်၍ ကံကောင်းမည်။
ယတြာ ။ ။ မွေးနေ့တွင် လက်ဖက်ရည်ခွက်ကိုင်းကျိုးများ ရှာဖွေစွန့်ပစ်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
အကြံအစည် အောင်မြင်မည်။ တိုးချဲ့လုပ်ကိုင်သောကိစ္စများမှ အကျိုး ကောင်း ခံစားရမည်။ ကိုယ်ဆောင်ရွက်ကူညီပေး၍ သူတစ်ပါးထံ ကျရောက် သည့် ဘေးဥပါဒ်အန္တရာယ်မှ ကင်းဝေးမည်။ နေရာထိုင်ခင်းကိစ္စ စကားပြောဆိုမှု အောင်မည်။ အလုပ်ရှာ၊ အလုပ်လျှောက်၍ ကောင်းသည်။ စိတ်ချမ်းသာစရာ များ အဆင့်ဆင့် ကြုံတွေ့မည်။ အချစ်ရေး ကံကောင်းမည်။
ယတြာ ။ ။ မွေးနေ့ ညနေပိုင်းတွင် ပလတ်စတစ်ပစ္စည်းကွဲများ ရှာဖွေစွန့်ပစ် ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
အလုပ်အကိုင် အကြံအစည်များ အောင်မြင်မည်။ စိတ်ချမ်းမြေ့ရမည်။ ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရမည်။ ဦးတည်ဖြတ် သန်းရာတစ်လျှောက်တွင် အနှောင့်အယှက်များ တွေ့မည်။ ဇွဲကြီးမှု၊ မဖြစ်မနေ လုပ်မှုတို့ကြောင့် အဆုံးတွင် အောင်မြင်မည်။ ကာလအတန်ကြာ မိမိနှင့် ရန် ဘက်သဖွယ် ဖြစ်နေသူများ မိမိနှင့် လိုလိုလားလား ဆက်ဆံ၍ ကောင်းကျိုးပေး လိမ့်မည်။
ယတြာ ။ ။ မွေးနေ့တွင် ဖရဲသီး ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ခရီးသွားရန် ကြံသူများ လိုရာခရီးရောက်မည်။ အိုးအိမ်နေရာထိုင်ခင်းနှင့် ပတ်သက်၍ စကားပြောဆိုခြင်းများ အောင်မြင်မည်။ အလုပ်အကြံအစည်များ၊ အရေးကြီးသောကိစ္စများ စနစ်တကျ ဆုံးဖြတ်ရှေ့တိုးဆောင်ရွက်ပါ။ တစ်ပိုင်း တစ်စ ဖြစ်နေသည်များကို ပြီးမြောက်အဆင်ပြေအောင် ဆောင်ရွက်နိုင်သည့် အနေ အထားရှိသည်။
ယတြာ ။ ။ မွေးနေ့တွင် သြဇာသီးမှည့် ဆွမ်းတော်တင်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အလိုရှိရာ၊ ဆန္ဒရှိရာများ စနစ်တကျ ဆောင်ရွက်ပါ။ မည်မျှခက်ခဲစေ အဆုံးတွင် အောင်မြင်မည်။ သူတစ်ပါးသူက ပေးလာသော အကြံများ လက်ခံ ပြီး ဆောင်ရွက်ပါ။ စုပေါင်းလုပ်ငန်း အကျိုးပေးသည်။ မိမိဆောင်ရွက်သမျှ ထိထိရောက်ရောက် ရှိမည်။ ငွေကြေး ကိစ္စ စကားပြောဆိုမှု အောင်မြင်မည်။ ကြွေးဟောင်းများ ပြန်လည်တောင်းခံ နိုင်မည်။ မေတ္တာရေး ကံကောင်းမည်။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် အုန်းနို့ခေါက်ဆွဲ ဒါနပြုပါ။

No comments:

 Blogger

Myanmar CNN