မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, December 31, 2013

ဒါရိုက်တာဝိုင်းဟာ သူ့ရင်ထဲမှာ အကယ်ဒမီရပြီးသားပါလို့ဆိုတဲ့ အကယ်ဒမီဖွေးဖွေး

 ခင်ဆွေသက်

ပရိသတ် အချစ်တော် မင်းသမီးလေး ဖွေးဖွေးကတော့ ၂၀၁၂ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ ပွဲတက်လာကတည်းက ရင်ခုန်သံတွေ မြန်နေတာမို့ အသံတွေတောင် တုန်နေရှာတဲ့ ဖွေးဖွေးဟာ သူမရဲ့ အကယ်ဒမီ ဆုအတွက် ပျော်ရွှင်မှုနဲ့ ပီတိတွေကို ခုလို မျှဝေပေးခဲ့ပါတယ်။

‘ဒီဆုရခဲ့တဲ့အတွက် ဖွေးမှာ အားတွေ ပိုရှိသွားပါတယ်။ ရစေချင်တဲ့ ပရိသတ်တွေအတွက် ဖွေးရသွားတဲ့အတွက် သူတို့လဲ ကျေနပ်မယ်လို့ထင်ပါတယ်။ ဖွေးသုံးသပ်မိတာက လက်ပံတစ်ကားတည်းမှာ တော်လို့ရတဲ့ ဆုဖြစ်တဲ့အတွက် တခြားကြိုးစားရမယ့် ကာရိုက်တာတွေ အများကြီးကျန်သေးတယ်။ ဒီတစ်ခုတည်းနဲ့ ကျေနပ်လို့မရဘူးဆိုတဲ့ အသိစိတ်တော့ ၀င်မိတယ်’တဲ့။
ဒါ့အပြင် မပေးဖြစ်တဲ့ ဇာတ်ကားဆုတွေ၊ တခြားဆုတွေအတွက်လည်း သူက ‘ သက်ဆိုင်ရာ လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ့နော်။ ဖွေးတို့လဲမသိပါဘူး။ တကယ်တော်တဲ့သူတွေရရမှာပါ။ ဘာဖြစ်လို့လဲတော့ ဖွေးလဲမသိဘူး။ ကိုဝိုင်းကတော့ ဖွေးရဲ့ရင်ထဲမှာ အမြဲတမ်း အကယ်ဒမီရပြီးသားပါ။ မမျှော်လင့်ပဲ ရခဲ့တဲ့အကယ်ဒမီဟာ ဖွေးအတွက်တော့ အရမ်းကျေနပ်စရာကောင်းပါတယ်။  ဖွေးအတွက် ဆုတောင်းပေးကြတဲ့ ပရိသတ်တွေ ဆုတောင်းပြည့်သွားတဲ့အတွက်လည်း ဖွေးကိုယ်တိုင်လည်း ၀မ်းသာလုံးဆို့ပြီး ဘာမှကို မပြောတတ်တော့ပါဘူးရှင်။’လို့ သူမရဲ့ပျော်ရွှင်မှုရင်ခုန်သံတွေကို ဖွင့်ဟသွားပါတယ်။

 Trend Myanmar

No comments:

 Blogger

Myanmar CNN