မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, December 30, 2013

နှစ်ထပ်ကွမ်း အကယ်ဒမီအတွက် အရမ်းက ကျေနပ်ပါတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီပိုင်ရှင် ပြေတီဦး

၂၀၁၂ခုနှစ်အတွက် ပရိသတ်ပေးတဲ့ အကယ်ဒမီဆုကို ဒုတိယအကြိမ် ထပ်မံရရှိသွားသူကတော့ အကယ်ဒမီ ပြေတီဦးပါ။ လက်ပံဇာတ်ကားမှာ အငြိမ်ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ရင်း အကယ်ဒမီဆု ဆွတ်ခူးသွားတဲ့ ပြေတီဦးရဲ့ ပီတိစကားတွေကတော့ ‘ပရိသတ်တွေ အမာခံအားပေးခဲ့လို့သာ ဒီနေရာလေးကို ရောက်လာခဲ့တာပါ။ အခု နှစ်ဆုရခဲ့ပြီဆိုတော့ ထပ်ပြီးကြိုးစားဖို့အားတွေလဲထပ်ရပါပြီ။ ထပ်ပြီးလဲကြိုးစားသွားမယ်။ အရမ်းလဲဝမ်းသာပါတယ်။ မမျှော်လင့်ပဲနဲ့ ရခဲ့တဲ့အတွက်ကို ပိုပြီးကျေနပ်စရာကောင်းတာပါ။ ရခဲ့တဲ့နှစ်ကားစလုံးမှာ မင်းသားရော၊ မင်းသမီးရောဇာတ်ဆောင်ဆုတွေ အသီးသီးရခဲ့ပြီး ဒါရိုက်တာဝိုင်းမရခဲ့တဲ့အတွက် အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်။ သူနဲ့ကလဲ တော်တော်ကို အကျိုးပေးတယ်လို့ပြောရမယ်။ ဒါပေမဲ့ သူနဲ့ကျွန်တော်အတွက် နောက်တစ်ကားရှိပါသေးတယ်။ နင်စေရင် ဆိုတဲ့ ကားလေးပါ။ အဲဒီကားလေးမှာတော့ သူ့ကိုရစေချင်ပါတယ်။ ဇနီးဖြစ်တဲ့ အူဝဲနဲ့က ကံစပ်တယ်လို့ပဲ ပြောရမလား။ အကျိုးပေးတယ်လို့ပဲပြောရမလား။ ကံကောင်းတယ်လို့ ပဲပြောရမလား။ အိမ်ထောင်ဖက် ကံစပ်တယ်လို့ပဲပြောရမလား။ သူနဲ့ ညားပြီးမှ ရခဲ့တဲ့ အကယ်ဒမီနှစ်ဆုအတွက်တော့သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။

ပထမကားမှာရခဲ့တုန်းက ဗီလိန်ဆန်တယ။် အဲလိုဇာတ်ရုပ်မျိုးက ရလေ့ရထမရှိတဲ့ ဇာတ်ရုပ်မျိုးပေါ့။ အခုဒီဟာဆိုရင်လဲ ပိုတောင်ဆိုးသေးတယ်။ သူကလဲ ဗန့်ဆန်တာပဲ။ ကွာခြားချက်က ပထမဇာတ်ရုပ်က အလှုပ်၊ စိတ်ထဲမှာရှိသလောက်ကို ဖွင့်ထုတ်ပြီး သရုပ်ဆောင်လို့ရတယ်။ အခုရတဲ့ ကားကကျတော့ အငြိမ်ဇာတ်ရုပ်၊ စိတ်ထဲမှာရှိတာကို ဖွင့်ထုတ်လို့မရတဲ့ အငြိမ်ဇာတ်ရုပ်ပေါ့။ ဒီဇာတ်ရုပ်က ကျွန်တော့်အတွက် ပိုခက်ခဲတယ်။ အန္တရာယ်ပိုများတယ်။ ကျွန်တော်အတွက် ရခဲ့တဲ့၂ ဆုလုံးက ကျေနပ်စရာ အရမ်းကောင်းပါတယ်။ ဟိုးအရင် အကယ်ဒမီပွဲစတက်တုန်းက ဆိုရင် ဒီလိုမျိုး ဆုရဖို့နေနေသာသာ ရုပ်ရှင်ကားကြီးတောင် ရိုက်ရဖို့က တော်တော်အလှမ်းဝေးပါတယ်။
အဲဒီလိုအခြေအနေကနေ တဖြည်းဖြည်း လျှောက်လှမ်းလာရင်း ကိုယ်တိုင်ရတဲ့ အခြေအနေမျိုးထိ ရောက်လာခဲ့တယ်။ ဒါကလဲ ပရိသတ်တွေရဲ့ကျေးဇူးပါပဲ။ အ၇မ်းကျေးဇူးတင်ပါတယ်။ ၂၀၁၄ မှာပရိသတ်အတွက် အာမခံချက်ပေးနိုင်တာကတော့ ကျွန်တော်လုပ်သမျှ အရာအားလုံးကို ရိုးသားစွာနဲ့ လုပ်တယ်။ လုပ်ခဲ့တဲ့ အနုပညာလမ်းကြောင်း တစ်လျှောက်မှာ ၁၀၀ ရာခိုင်နှုန်း လိပ်ပြာသန့်တယ်။ ကားတိုင်းကားတိုင်းမှာ ကျွန်တော်လုပ်နိုင်စွမ်းရှိသလောက် မခိုမကပ်ပဲနဲ့ကြိုးစားခဲ့တယ်။ အဲဒါတွေအားလုံးနဲ့ အာမခံပေးနိုင်ပါတယ်’တဲ့။

Trend Myanmar

No comments:

 Blogger

Myanmar CNN