မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, December 21, 2013

တရားလက်လွတ် ငှက်တောင်ကျွတ်

အတောင်ပံအားကိုးပြီး ပျံသန်းနေရတဲ့
ငှက်ဟာ တောင်ပံ ကျွတ်သွားရင်
ကျိုးသွားရင် ပျံသန်းနိုင်ဦးမလား။

လူတွေလဲ ငယ်ရွယ်၊ သန်မြန်တဲ့အချိန်
သွားနိုင်လာနိုင်တုန်းက
ဒါန- ဆိုတဲ့ အလှူအတန်းကိုလဲ
တတ်နိုင်သလောက်မလှူမတန်း။

သီလ- ဆိုတဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ ကိုလဲ
ဟုတ်တိပတ်တိ မဆောက်တည်။

သမထ၊ ၀ိပဿနာတရား ကိုလည်း
တစ်နာရီ၊ တစ်ရက်မှ ပြည့်အောင် မထိုင်။


သားကျွေးမှု၊ မယားကျွေးမှု တွေနှင့်
ရက်တွေ လတွေ နှစ်တွေကုန်
အသက်အရွယ်တွေကကြီးလားတော့
ခြေမနိုင်၊ လက်မနိုင်ဖြစ်တဲ့အချိန်
ဘယ်တရားကို အာရုံပြုရမယ်
ဘာကိုမှတ်နေရမယ် ဆိုတာတောင်
မသိတော့ဘူး။

ဒါနဲ့ မိမိပြုလုပ်ခဲ့တဲ့ မကောင်းတဲ့ နိမိတ်ကထင်လာ၊
အာရုံလွဲမှားပြီး အပါယ်လေးပါးဆိုတဲ့
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အသူရကာယ်
ဘ၀တွေရောက်ရော့။

ကိုင်း- ဘုရားသာသနာတော်ကြီးနဲ့ တွေ့ပါလျက်
အပါယ်လေးပါးရောက်သွားတာ….
ကြောက်စရာမကောင်းဘူးလား။
သနားစရာမကောင်းဘူးလား။

အဲဒါကြောင့် "တရားလက်မလွတ်စေကြနဲ့"။

(မောင်းထောင် မြေဇင်းတောရ ဆရာတော်ဘုရားကြီး)

မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

No comments:

 Blogger

Myanmar CNN