မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, December 29, 2013

ဆီရီးယားစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦး သေဆုံး

ဆီရီးယား စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း နိုင်ငံမြောက်ပိုင်း အလပ်ပိုမြို့ ဟင်းသီးဟင်းရွက်ဈေးမှာ လူ ၂၅ ယောက် သေဆုံးသွားတယ်လို့ စောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြောပါတယ်။
ဒေသအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အင်တာနက်ပေါ်ကို တင်ထားတဲ့ ဗီဒီယို ထဲမှာ ဗုံးထိသွားတဲ့ ကားတစင်းထဲကနေ အလောင်းတွေကို ဆွဲထုတ်နေကြတာကို အခုလို တွေ့ရပါတယ်။ ဗုံးထိထားတဲ့ လမ်းတလမ်းထဲမှာလည်း အပျက်အစီးတွေနဲ့ အလောင်းတွေကို တွေ့ရပါတယ်။
ဒီရက်သတ္တပတ်တွေအတွင်းမှာ အလပ်ပိုမြို့မှာ အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူရာနဲ့ ချီပြီး သေဆုံးသွားပါပြီ။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

စနေနေ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ကလေးလေးယောက်အပါအ၀င် လူ ၂၅ ယောက်သေဆုံးပြီး ဆေးရုံလည်း တစိတ်တပိုင်း ပျက်စီးသွားတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
တချိန်က ဆီးရီးယားရဲ့ စီးပွားရေးမြို့တော်ဖြစ်ခဲ့တဲ့ အလပ်ပိုမြို့ကို သူပုန်တွေ လက်ထဲကနေ ပြန်သိမ်းယူနေတာလို့ အစိုးရ အာဏာပိုင်တွေက ပြောပါတယ်။
ဆီးရီးယားမှာ နှစ်နှစ်ခွဲကြာ ပဋိပက္ခအတွင်း သေဆုံးသူ တသိန်းကျော်သွားပါပြီ။

ဒီဗွီဘီ

No comments:

 Blogger

Myanmar CNN