မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, December 23, 2013

မိုင်တိုင်၂၆ ဇာတ်ကားကို အမေရိကားမှာ ပြသဖို့ ကမ်းလှမ်းခြင်းခံရတဲ့အကြောင်း ပြောပြတဲ့ ခွန်းဆင့်နေခြည်

သရုပ်ဆောင် သူထူးစံ၊ ခွန်းဆင့်နေခြည်တို့ သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားဖြစ်တဲ့ မိုင်တိုင် ၂၆ ရုပ်ရှင်ဇာတ်ကားကြီးကို အမေရိကားမှာ သွားရောက်ပြသသွားမယ့်အကြောင်း သရုပ်ဆောင် ခွန်းဆင့်နေခြည်ကို မေးမြန်းကြည့်မိတဲ့အခါမှာတော့ ‘အစ်မတို့ရဲ့ မိုင်တိုင်၂၆ ဇာတ်ကားကို New Year ကျရင် အမေရိကားမှာ စတင်ပြသမှာ ဖြစ်ပါတယ်။ အဲဒီအပြင် နယူးယောက်မြို့ ဆန်ဖရန်စ္စကို၊ လော့အိန်ဂျလိစ်၊ ဖရော်ရီဒါ စတဲ့မြို့တွေမှာလည်း ပြသသွားအုံးမှာဖြစ်ပါတယ်။ မိုင်တိုင် ၂၆ဇာတ်ကား ကိုအမေရိကားမှာ သွားရောက်ပြသဖို့အတွက် ကမ်းလှမ်းခြင်းခံရတာပါ။ အဲဒီလိုကမ်းလှမ်းခြင်းခံရတဲ့ အတွက် အရမ်းကိုဝမ်းသာမိပါတယ်။ မိုင်တိုင်၂၆ ဇာတ်ကားကိုပြသတဲ့အပြင် သီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေရအုံးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အ၀တ်အစားပိုင်း နဲ့ပတ်သက်ပြီး သေချာကြိုတင် ပြီးပြင်ဆင်နေပါတယ်။ ဒီဇင်ဘာ ၂၈ရက်နေ့ မှာသွားရမှ ဖြစ်လို့ ဒီဇင်ဘာ ၂၉ရက်နေ့ အကယ်ဒမီပွဲကိုတော့ မတက်ရောက်နိုင်တော့ပါဘူး။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ကြားနေရတာတော့ န၀ရတ်နဲ့ ချောရတနာလို့တော့ ကြားပါတယ်။ သူတို့သရုပ်ဆောင် ထားတာတွေကလည်း ကောင်းကြပါတယ်’လို့ သူက ပြောပြသွားခဲ့ပါတယ်။


Trend Myanmar

No comments:

 Blogger

Myanmar CNN