မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, December 31, 2013

ပုဒ်မ ခုနစ်ခုဖြင့် တရားစွဲဆို ခံနေရသူများနှင့် နိုင်ငံရေးအကျဉ်းသား များကို သမ္မတ အကြွင်းမဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပြု

မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ရှိသော နိုင်ငံရေး အကျဉ်းသား အားလုံးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှု များဖြင့် တရားစွဲဆို ခံထား ရသူများ အားလုံးကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ရုံးက ထုတ်ပြန်လိုက်သည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နှင့် အများပြည်သူ၏ အကျိုး ပျက်စီးစေမှု ၅၀၅ (ခ) အပါအဝင် နိုင်ငံရေးဥပဒေပုဒ်မ ခုနစ်ခုနှင့် ပတ်သက်ပြီး အကျဉ်းကျနေသူ များကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ထို့အပြင် အဆိုပါ အမှုများနှင့် တရားစွဲဆို ခံထားရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ များကို အမှုမှ ပိတ်သိမ်းပြီး ချက်ချင်း လွှတ်ပေးရန်နှင့် စုံစမ်းစစ်ဆေးဆဲ အမှုများ ကိုလည်း အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းပေးရန် ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ အကျဉ်းကျနေသူများနှင့် တရာစွဲဆို ခံထားရသော တက်ကြွ လှုပ်ရှားသူများကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်ခြင်းသည် နိုင်ငံတော် သမ္မတသည် နိုင်ငံရေး အကျဉ်းသားများ အကြွင်းမဲ့ လွတ်မြောက်ရေးကို အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။ "ထောင်ထဲမှာ ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ တင်မကဘဲ နိုင်ငံရေး အမှုနဲ့ တရားစွဲ ခံထားရသူတွေကို လွှတ်ပေး လိုက်တော့ အကြွင်းမဲ့ လွှတ်ပေးတယ်လို့ ပြောလို့ရပါတယ်" ဟု ၄င်းက ဆိုသည်။
အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအမှုများဖြင့် အကျဉ်းကျခံနေ ရနေသူ ၃၅ ဦး ရှိပြီး တရားစွဲဆို ခံထားရသူ ၂၀၀ ကျော်ရှိကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီထံမှ သိရသည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော အမှုများတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၊ အများပြည်သူ အကျိုး ပျက်စီးစေမှု ၅၀၅ (ခ)၊ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်မှု၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများနှင့် ၁၉၅၀ အရေးပေါ် စီမံမှု အက်ဥပဒေများ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ်မကုန်မီ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု သမ္မတက ကတိပြုထားသည်။

yoyarlay

No comments:

 Blogger

Myanmar CNN