မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, December 30, 2013

ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ

ရန်ကုန် (မဇ္ဈိမ) ။      ။ Happy New Year Grand Royal 2013 ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ကျိုက္ကဆံ မြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်းချပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က မဇ္ဈိမကို ပြောသည်။ ယင်းဖျော်ဖြေရေး အစီစဉ်ကို ညနေ၆နာရီတွင် စတင်ကျင်းပမည် ဖြစ်သည်။
“ဒီနှစ်က ပွဲတွေကလည်း အရမ်းများတယ်လေ။ နောက်ပြီး ကျွန်တော်တို့ရဲ့ Grand Royal ပရိတ်သတ်တွေအတွက် တစ်ကယ်ကို ထိထိမိမိ ပျော်စေချင်လို့ လိုအပ်တာတွေ အများကြီး ထည့်ထားတယ်။  ပြည်ပဖျော်ဖြေရေးပွဲတွေလည်း ထည့်ထားပါတယ်။” ဟု ဂျွန်လွင် က ပြောသည်။
ယင်းဖျော်ဖြေရေးတွင် ပရိတ်သတ်တိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀ ဟု သတ်မှတ်ထားခြင်းဖြစ်ရာ လာရောက်ကြမည့် ပရိသတ် ၂၀၀၀၀ ကျော်အထိ မျှော်မှန်းထားပြီး ယခင်နှစ်ကမူ ပရိတ်သတ် ၅၀၀၀ လာရောက်ခဲ့သည်ဟု ဂျွန်လွင် ကပြောသည်။ ဖျော်ဖြေရေးတွင် ပေ၆၀၊ ၄၀ အကျယ်ရှိသည့် စတိတ်စင်သုံးမျိုးကို ဆောက်ထားမည်ဖြစ်ပြီး ယင်းစတိတ်စင်များသည် ယခင်နှစ်ကထက်များစွာ ကြီးမားသည်ဟု ဆိုသည်။ ယခုနှစ်ဖျော်ဖြေရေးပွဲတွင် LED မီးများဖြင့် ပရိတ်များကို ကစားပြမည်ဖြစ်ပြီး

ဖျော်ဖြေမှု အပြီးတွင် Count Down ရေတွက်ရန်အတွက် လေးငါးဆင့် ပစ်ဖောက်နိုင်သည့် မီးရှုးမီးပန်းများကို အသုံးပြုရန် ဝယ်ယူခဲ့သော်လည်း ခွင့်ပြုချက် မရရှိသဖြင့် မီးအလင်းရောင် ခပ်ကြီးကြီးများကို ပရိတ်သတ်များကြားတွင် ဖြတ်သန်းသွားစေရန် လုပ်ဆောင်မည် ဖြစ်သည်။
အဆိုပါ GrandRoyal ဖျော်ဖြေပွဲတွင် ပရိသတ်များ လုံခြုံရေးအတွက် လုံခြုံရေးအင်အား ၁၈၀ ကျော်ကို အသုံးပြုသွားမည် ဖြစ်သည်။ ယင်းဖျော်ဖြေရေးတွင် အမေရိကန် နိုင်ငံသားတစ်ဦးက ထူးဆန်းသည့် မီးများဖြင့် ကပြဖျော်ဖြေမည် ဖြစ်ပြီး ခေတ်ပေါ်အကအဖွဲ့များ ၏ ဖျော်ဖြေမှုများ၊ မျက်လှည့်နှင့် စတိတ်ရှိုး ဖျော်ဖြေမှုများလည်း ပါဝင်မည် ဖြစ်ကာ DJသော်သော်က သူ၏ လက်စွမ်းဖြင့် တီးခတ်
ဖျော်ဖြေ ဖြစ်သွားမည် ဖြစ်သည်။
၎င်းဖျော်ဖြေပွဲတွင်Big Bag ၊ Wanted ၊ Idiots ၊ Reasons ၊ ဖူးဖူး ၊ဂျီလတ် ၊ ဇွဲပြည့် ၊ အောင်မြင့်မြတ် ၊ အေသင်ချိုဆွေ၊ ရတနာမိုင်၊ အိုင်းရင်ဇင်မာမြင့်တို့၏ သီဆိုမှုကို Immroted နှင့် SIR တီးဝိုင်းတို့က တီးခတ် ဖျော်ဖြေ မည်ဖြစ်ပြီး အက ပိုင်းတွင် ဝတီစိုး ၊ လင်းလင်း ၊ ဟန်ဇော် ၊ Little Jade Dragon အဖွဲ့တို့ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။
ယခင်ကျင်းပခဲ့သည့် ၂၀၁၂ ခုနှစ်HappyNewYear GrandRoyal 2012 ဖျော်ဖြေပွဲတွင် အမေရိကန် အမျိုးသမီးတစ်ဦး မီးကွင်းအက၊ ခန္ဓာကိုယ်ကို ကွင်းဖြင့် လှည့်သည့်ဖျော်ဖြေသည့် အကသည် လူကြိုက်များခဲ့သည်။

 မဇ္ဈိမ

No comments:

 Blogger

Myanmar CNN