မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, November 28, 2013

အချစ်ကြီးသူရဲ့ အရှုံး ကောင်းကောင်း

သူငယ်ချင်းအတွက် - ကောင်းကောင်း

ကျွန်တော် ချစ်တဲ့သူမှာ ချစ်သူရှိတယ် (ကောင်းကောင်း)

နာရီတွေရပ်ထားမယ် - ကောင်းကောင်း

ခင်ဝင့်ဝါ ပါဝင်သရုပ်ဆောင်သော နတ်သမီးနှင့် ကျွန်တော် ဇာတ်ကား ၂၀၁၄ တွင် ဖြန့်ချိမည်

ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးထားပြီး ခင်ဝင့်ဝါ ပါဝင် သရုပ်ဆောင်ထားသည့် နတ်သမီးနှင့် ကျွန်တော် ဗီဒီယိုဇာတ်ကားကို ၂၀၁၄ မှာ ဖြန့်ချိရန်စီစဉ်ထားကြောင်း ဒါရိုက်တာ ကြည်ဖြူသျှင်က မဇ္ဈိမကို ပြောသည်။

နတ်သမီး နှင့် ကျွန်တော် ဇာတ်ကားသည် စာရေးဆရာ မင်းတစ်ခေတ်၏ ဝတ္တုကို ဇာတ်အိမ် အခြေခံထားပြီး ရိုက်ကူးမည်ဖြစ်သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးမည်ဖြစ်သော ယင်းဇာတ်ကားတွင် သရုပ်ဆောင် ကောင်းပြည့် ၊ ခင်ဝင့်ဝါနှင့် ပွင့် တို့ ပါဝင် သရုပ်ဆောင်ထားကြမည်ဖြစ်သည်။

သင့်ကို ပိုမိုနုပျိုစေမည့် အပြုအမူ ငါးမျိုး

စိတ်ဖိစီးမှုတွေကြောင့် သင့်ရုပ်သွင်က ပိုပင်ပန်းနွမ်းနယ်ကာ အိုစာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကို အခုထက်ပိုပြီး နုပျိုကျန်းမာလာစေဖို့ ဖိစီးမှုလျော့ပါးကာ ကြည်နူးမှု ဖြစ်စေမယ့် အပြုအမူတွေကို ဖော်ပြ လိုက်ရပါတယ်။

(၁) အသက်ပြင်းပြင်း ရှူပေးပါ

တရားထိုင်သလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ပေးတာက အသားအရေကို ကြည်လင်စေတဲ့ အပြင် ခန္ဓာကိုယ်မှာ အနာကျက်စွမ်းအားကို တိုးစေပါတယ်။ ဒါကြောင့် စိတ်နဲ့ ခန္ဓာကို ကျန်းမာစေကာ အရွယ်တင် နုပျိုစေပါတယ်။

(၂) ရယ်မောပါ

ရယ်မောတာကြောင့် ခန္ဓာကိုယ်ထဲမှာ ကောင်းတဲ့ ဟော်မုန်းဓာတ်တွေ အထွက်တိုးလာပြီး ကြည်နူးနှစ် သိမ့်မှုကို ရရှိစေပါတယ်။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

Wednesday, November 27, 2013

ကြက်ဥစားခြင်းဖြင့်ကိုယ်အလေးချိန်လျှော့

ကြက်ဥ တစ်နေ့တစ်လုံး စားခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူ ပြုဖွယ်ရှိ ကြက်ဥအား အထူး အစားအစာ အဖြစ် ထည့်သွင်း စဉ်းစား သင့်ကြောင်း၊ အကြောင်းမှာ ကြက်ဥကို စားသုံးခြင်း အားဖြင့် ကျန်းမာရေး ကို ကောင်းမွန်စေပြီး အဝလွန်ခြင်းကို ကာကွယ် တားဆီး ပေးနိုင်ဖွယ် ရှိသည်ဟု သုတေသန ပညာရှင်တို့က ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

အာဟာရဗေဒ ပညာရှင်တို့ကလည်း ကြက်ဥသည် အာဟာရ ပါဝင်မှုအများဆုံး အစားအစာများ ထဲမှ တစ်ခု ဖြစ်ပြီး နေ့စဉ် ကြက်ဥတစ်လုံး စားသုံးခြင်း အားဖြင့် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေမည် ဖြစ်သည်ဟု အကြံပြု တိုက်တွန်းခဲ့ကြသည်။

ခင်လှိုင် နဲ့ ဒိန်းဒေါင် ဆိုတာ ပရိသတ်တွေ တွဲပေးထားတာပါ

ဟာသ ဥာဏ်ရွှင်စွာ နဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့နိုင် သူတွေထဲမှာ ဟာသ လူရွှင်တော် ဒိန်းဒေါင်လည်း အပါအဝင်ပါပဲ။ ဒိန်းဒေါင်က ဖျော်ဖြေ ပွဲတွေ ကို ပြည် တွင်းမှာသာ မကဘဲ ပြည်ပ ဖျော်ဖြေ ပွဲတွေအထိပါ ဖျော်ဖြေပြီး ရရှိလာတဲ့ ငွေကြေးတွေ ကိုလည်း ပရဟိတ အလုပ် တွေမှာ အသုံးပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက် နေ့က၊ သြစတြေးလျနိုင်ငံ မှာ သွားရောက်ဖျော် ဖြေခဲ့တဲ့ ငွေကြေးတွေ ကိုလည်း မိဘမဲ့ကလေး ကျောင်းတွေကို လှူဒါန်း သွားမှာဖြစ်တယ် လို့ သိရ ပါတယ်။

ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်

အသက်(၃၈)နှစ်ရှိ မင်းသမီးသည် World War Zစတား မင်းသား၏ အသက်(၅၀)ပြည့် မွေးနေ့တွင် အမှတ်တရ လက်ဆောင်အနေဖြင့် ဒေါ်လာ (၁၂)သန်းတန် အသည်းပုံကျွန်းကို ဝယ်ယူ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ဘရတ်ပစ်တ်အတွက် ဂျိုလီ၏ ဒေါ်လာ ၁၂ သန်းတန် မွေးနေ့လက်ဆောင်
ဘရတ်ပစ်တ်အတွက် မွေးနေ့လက်ဆောင်အဖြစ် အန်ဂျလီနာဂျိုလီက တန်ဖိုးကြီးသည့် အသည်းတစ်ခု ပေးအပ်ခဲ့ကြောင်း သိရသည်။ အသက်(၃၈)နှစ်ရှိ မင်းသမီးသည် World War Zစတား မင်းသား၏ အသက်(၅၀)ပြည့် မွေးနေ့တွင် အမှတ်တရ လက်ဆောင်အနေဖြင့် ဒေါ်လာ (၁၂)သန်းတန် အသည်းပုံကျွန်းကို ဝယ်ယူ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

Tuesday, November 26, 2013

လှပကျန်းမာသက်ရှည်လိုသူတိုင်း ချမှတ်ထားသင့်သော သန္နိဋ္ဌာန် ကိုးရပ်

အလှအပ၊ ကျန်းမာရေးနဲ့ အသက်ရှည်ရှည် နေနိုင်ရေးတွေဟာ ဒွန်တွဲနေပါတယ်။ ဘဝမှာ လှပ ကျန်းမာပြီး အသက်ရှည်ရှည် နေရနိုင်ဖို့ ဆိုရင် မဖြစ်မနေ လိုက်နာမယ် ဆိုပြီး အောက်ပါအချက်တွေကို သန္နိဋ္ဌာန် ချမှတ်ကာ လိုက်နာပေးသင့်ပါတယ်။

၁) စားသောက်သော အတိုင်းအတာကို ထိန်းချုပ်ခြင်း

သင်ရဲ့ ကိုယ်လုံးကိုယ်ထည်ကို ကျန်းမာရေးနဲ့ အညီ ထိန်းနိုင်ဖို့ ကြိုးစားနေပါသလား။ သင်စားတဲ့ ထမင်းပန်းကန်ကို ဂရုစိုက်လိုက်ပါ။ လေ့လာမှုတွေ အရ ထမင်းပန်းကန်ကို သေးငယ်တာ ရွေးချယ်လိုက်တာက အစားအစာကို အလွန်အကျွံ မစားဖြစ်တော့တာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျအောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

အမျိုးသမီးများ နေ့စဉ် မိနစ် ၃၀ခန့် လမ်းလျှောက် ပေးလျှင် ရင်သားကင်ဆာ ဖြစ်ပွားမှုလျော့နိုင်

အမျိုးသမီးများ နေ့စဉ် မိနစ် ၃၀ခန့် လမ်းလျှောက် ပေးလျှင် ရင်သားကင်ဆာ ဖြစ်ပွားမှုလျော့နိုင်

အမျိုးသမီးများ နေ့စဉ်လမ်းလျှောက် လေ့ကျင့်မှုပုံမှန်လုပ်ပေးခြင်း၊ ကိုယ်အလေးချိန်မများရန် ထိန်းသိမ်း နေထိုင်ခြင်းကို ပြုလုပ်ပေးခြင်း တို့သည် ရင်သား ကင်ဆာဖြစ်ပွား မှုနှုန်း လျော့ကျစေပါသည်။

အသက် ၁၈ နှစ်အရွယ် အမျိုးသမီးများသည် သာမန်ကိုယ်အလေးချိန်ထက် ၂၁ပေါင်မှ ပေါင်၃၀ အထိမြင့်မားနေ ပါက ရင်သားကင်ဆာ ဖြစ်ပွားနိုင်မှု ၄၀ရာခိုင်နှုန်းရှိတတ်သောကြောင့် သာမန်အလေးချိန်ထက် ငါးပေါင်ခန့်သာပိုမိုမြင့်တက် ရန်ထိန်းသိမ်းနေထိုင် စားသောက်သင့်ပါသည်။ သာမန်အလေးချိန်ထက် ပေါင်၇၀ခန့် ပိုမိုများပြားသူ အမျိုးသမီးများ၏ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုနှုန်းမှာ မြင့်မားတတ်လေ့ရှိရာ နေ့စဉ်မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးသည့်အကျင့်ကို ပုံမှန် ပြုလုပ်ပေးသင့်ပါသည်။

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

တစ်ခါထိုင်ရင် သုံးလေးနာရီကျော် ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။

သြစတြေးလျ လေ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း

ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။

ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

ဘ၀ဆိုတဲ့ လက်ဆောင်ကောင်း ( Life is a gift)


နေတိုးတို့ မိသားစုနဲ့ မာန်အောင်မြို့ နယ်က ရခိုင် လူမျိုးတို့ရဲ့ စုပေါင်း အလှူ



တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် အနီးက ရခိုင်ပြည်နယ် ဓမ္မာရုံမှာ မာန်အောင် မြို့နယ် (ရန်ကုန်) အသင်းရဲ့ ၁၉ ကြိမ်မြောက် မဟာ ဘုံကထိန်နဲ့ သက်ကြီးပူဇော် ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မာန်အောင် မြို့နယ်ရဲ့ ရခိုင် လူမျိုးဖြစ်တဲ့ နေတိုး နဲ့မင်းသွေး တို့မိသားစုလည်း ပါဝင်ပြီး ကထိန် သင်္ကန်း ကပ်လှူခဲ့ပါတယ်။ ရခိုင်သား တစ်ယောက်နဲ့ ဒီလိုပါဝင်ပြီး လှူဒါန်းမှုနဲ့ ပတ်သက်ပြီး မင်းသွေးက “ဒီနေ့ အလှူလေးက ကထိန်သင်္ကန်း ကပ်တယ်။ လပြည့်နေ့မှာ လုပ်တယ်။ ကျွန်တော် တို့ မိသားစု ပြုလုပ်တဲ့ ကုသိုလ်တွေကို ခုနစ်ရက် သားသမီးတွေ ရပါစေလို့လည်း ဆုတောင်းပါတယ်။ ဒီလို စုစုစည်းစည်းလေး နဲ့ဆိုတော့ ကိုယ့်အိမ်မှာပဲ လုပ် တာထက် ပိုပြီးလည်းကောင်းတာပေါ့။ တန်ဆောင်မုန်း လပြည့်နေ့မှာ မင်္ဂလာရှိတဲ့ ကုသိုလ်ကောင်းမှုလေး လုပ်ရတာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။ ဒီအခမ်းအနား မှာတော့ မာန်အောင်မြို့နယ်က ရခိုင်လူမျိုးတွေရဲ့ စုပေါင်း လုပ်တဲ့ အလှူလေး ဖြစ်ပြီး ရေစက်သွန်းချ အမျှဝေ ကုသိုလ်ယူခဲ့ ကြပါတယ်။ 

မေမွန်မောင်

 popularmyanmar

ဦးကျော်သူနဲ့ ဒေါက်တာ စင်သီယာမောင် တွေ့ဆုံ

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဌ ဦးကျော်သူနဲ့အဖွဲ့ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာပြီး မယ်တော်ဆေးခန်းနဲ့ မနောဖြူစင် ရေလှူအသင်း အပါအ၀င် ပရဟိတလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ နဲ့တွေ့ဆုံပြီး လူမှုရေးလုပ်ငန်း အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပါတယ်။
ဦးကျော်သူနဲ့အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒေါက်တာစင်သီယာမောင်နဲ့ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေါက်တာ စင်သီယာမောင်ရဲ့ ကျန်းမာရေး၊ ပညာရေး လုပ်ဆောင်နေမှုတွေကို လေ့လာခွင့်ရခဲ့တာနဲ့ ပတ်သက်လို့ ဦးကျော်သူက အခုလိုပြောပါတယ်။

ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့သည့် နေရာတွင် ရှေးအကျဆုံး ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိ

လုမ္ဗိနီရှိ မာယာဒေ၀ီကျောင်းအတွင်း ဗုဒ္ဓဖွားတော်မူရာ နေရာ၌ ရှာဖွေတွေ့ရှိသော ရှေးအကျဆုံး ဘုရားကျောင်းအနီးတွင် ပူဇော်နေကြသည့် ဘုရားဖူးဘုန်းတော်ကြီးများ
ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗိနီတွင် ရှေးအကျဆုံး သစ်သား ဘုရားကျောင်းဆောင်ကို ရှာဖွေတွေ့ရှိခဲ့မှုက ဗုဒ္ဓသည် ဘီစီခြောက်ရာစု မတိုင်မီက သက်တော်ထင်ရှားရှိခဲ့သည်ဟု သတ်မှတ်ထားမှုကို အဖြေထုတ်ပေးနိုင်ဖွယ် ရှိကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ နီပေါနိုင်ငံတောင်ပိုင်း လုမ္ဗိနီရှိ မာယာဒေ၀ီကျောင်းတွင် အုတ်ကျောင်းအောက်၌ ရှေးဟောင်း သစ်သားကျောင်းဆောင်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

White Card ကိုင်ဆောင်ထားသူနှစ်ဦး အပါအ၀င် ဘင်္ဂါလီ ခုနစ်ဦးအား ငွေကျပ် ၃၂ သိန်း ယူဆောင်၍ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် ခိုးသွင်းလာမှု ဖမ်းဆီးရမိ

White Card ကိုင်ဆောင်ထားသူနှစ်ဦး အပါအ၀င် ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ရန်ကုန်မြို့သို့ ငွေကျပ် ၃၂ သိန်း ယူဆောင်၍ လိုင်စင်မဲ့ ပါဂျဲရိုးကားဖြင့် ခိုးသွင်းလာမှုအား နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မှော်ဘီမြို့နယ်တွင် မှော်ဘီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနတို့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဘင်္ဂါလီ လူမျိုးများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နေထိုင်သည့် ရှော်ဘီရော်မာန် (အသက် ၂၀ နှစ်)၊ လှမောင် (အသက် ၂၈ နှစ်)၊ ကျော်မောင် (အသက် ၂၀ နှစ်)၊ ဇော်မာလက်ဒီး (အသက် ၃၀ နှစ်)၊ မာမွတ်ဆာဟဲလ် (အသက် ၂၅ နှစ်)၊ မသိန်းနု (ခ) ဆော်ဖီရာ (အသက်၂၂ နှစ်)၊ မသန်းနု (ခ) မောစ်တော်ဘာ (အသက် ၂၂ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

Monday, November 25, 2013

သမ္မတ ဦးသိန်းစိန် ရှေ့သီတင်းပတ် ဖိလစ်ပိုင်သွားမည်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ရှေ့တပတ်ထဲ သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အရပ်သား အစိုးရရဲ့အကြီးအကဲတဦးအနေနဲ့ ပထမဆုံးအကြိမ် သွားမယ့်ခရီးစဉ် အတွင်းမှာတော့ ၂ နိုင်ငံကြား ကိစ္စရပ်တွေသာမက ဒေသတွင်း ကိစ္စတွေကိုပါ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားတဲ့အကြောင်းလည်း နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မအင်းကြင်းနိုင်က တင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီဇင်ဘာ ၄ ရက်ကနေ ၆ ရက် အထိ လာရောက်မှာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ တနင်္လာနေ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မယ့် သမ္မတ ဦးသိန်းစိန်အစိုးရအတွက် ဒီဖိလစ်ပိုင်ခရီးစဉ်မှာ ထူးခြားမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်နဲ့ ပတ်သက်လို့ တရုတ်နဲ့အာဆီယံ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မြန်မာအနေနဲ့ အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်အချိန်မှာ စတင်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ ရှိတယ်လို့  ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ထိုင်းဆန္ဒပြသူတွေ အစိုးရရုံးတွေ ၀င်ရောက်စီးနင်း

ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေက ဘန်ကောက် မြို့တော်မှာ ဘဏ္ဍာရေးဝန်ကြီးရုံးကို သိမ်းပိုက်ထားလိုက်ပြီ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra အစိုရပြုတ်ကျအောင် တဆင့်တိုးပြီး ကြိုးစားတဲ့အနေနဲ့ တခြားဒါဇင်နဲ့ချီတဲ့ အစိုးရအဆောက်အဦးတွေကိုပါ ဆက်ပြီးသိမ်းပိုက်မယ်လို့ ဆန္ဒပြသူတွေက ခြိမ်းခြောက်နေပါတယ်။

ဆန္ဒပြသူ ၁,၀၀၀ လောက်ဟာ တနင်္လာနေ့မှာ ဘဏ္ဍာရေးဝန်ကြီးရုံး အဆောက်အဦးတွေထဲ ဝင်ရောက် နေရာယူထားကြတာပါ။ တချို့က နိုင်ငံခြားရေးဝန်ကြီးရုံးဝင်းထဲ ဝင်ရောက်ဖို့ ကြိုးစားနေကြပေမယ့် ရုံးအဆောက်အဦးတွေထဲတော့ မဝင်နိုင်ကြသေးပါဘူး။ ဆန္ဒပြသူတွေကို ဖယ်ရှားတားဆီးဖို့ မကြိုးစားတဲ့ ရဲတွေကတော့ ဘန်ကောက်မြို့တော်တလွှားက အစိုးရအဆောက်အဦး အနည်းဆုံး ၁၃ ခုဆီကို ဆန္ဒပြသူ သုံးသောင်းလောက် ချီတက်နေကြတယ်လို့ ပြောပါတယ်။

မြောက်ဥက္ကလာက၇တန်းကျောင်းသူ သံဖြူဇရပ်မြို့မှာထွက်ပြေးလွတ်မြောက်

ပါးစပ်ပိတ်ပြီးဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတယ်လိုပြောပြတဲ့ မြောက်ဥက္ကလာ အလက(၅)၊ ၇တန်းကျောင်းသူ မမိုးသက်သက်ဇော် -------------------------------------------------------------------------
၂၀၁၃ နိုဝင်ဘာ ၂၄ ၂၀း၀၀ အချိန်ခန့်တွင် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ် အမျိုးသမီးငယ် တစ်ဦးသည် မော်လမြိုင်---ရေး ခရီးသည်တင် ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော မမိုးသက်သက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း ၊အဆိုပါ ခလေးငယ်၏ ပြောကြားချက်အရ ၄င်းအား နေအိမ် ရေတွင်း ရေခပ်နေစဉ် အမည်မသိ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ ဖမ်းဆီးခေါ်ဆောင်လာပြီး ရန်ကုန်မြို့

အမျိုးသမီးများသို့


လက်မထပ်ရသေးငြား....တအားမကြွားဝါနှင့်
ဖူးစာဖောက်ပြား....လွဲမှားခဲ့သော်
အရှက်ရလိမ့်

လက်မထပ်ရသေးငြား....တအားမလိုက်လျောနှင့်
ညားဖို့ကြောင်းကံ......မလှပြန်သော်
ကိုယ်ကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား.......အခွင့်အရေး
များမပေးနှင့်...ဝေးဖို့ကံသင့်
ဖန်ခဲ့လေသော်.........အကျိုးနည်းလိမ့်

လက်မထပ်ရသေးငြား
မည်သို့မည်ပုံ.......ယုံအောင်လှည့်ဖျား
အတည်ယူမည်...........ဘယ်သို့ယူမည်
ကြည်ဖြူပါဟု......သွေးသားအမှု
ခံခဲ့လေသော်.........မယုံမှားနှင့်
ကိလေသာစိတ်...........ခဏသာယာ
ပြီးခဲ့လေသော်...........နောင်တတရား
ရင်ဝယ်ပိုက်...............ငါလူမိုက်ဟု
နောင်တကြီးကြီး..ရပေလိမ့်။

အမေ

ရီဝေနေတေဲ့ အမေ့ အတွေးတွေမှာ
သားသမီးတိုင်းရဲ့ ပုံရိပ်တွေ
မပြတ် ပြေးလွှား နေတာပါ...

ခွဲခွာ ရကာနီး တစ်ဖြည်းဖြည်း ရောက်လာပြီမို့
ဖွင့်မပြောရက်တဲ့ နှုတ်ဆက် စကားတွေက ရင်နဲ့ အပြည့် နေမှာပါပဲ...

တရားရိပ်ဆိုတာ အေးချမ်းပေမယ့်
သံယောဇာဉ် ဆိုတာကလည်း
ရစ်နှောင်မှုက ကြီးမားလွန်းတာကြောင့်
အမေ..ဝေခွဲရ ခက်နေမလားဟင်...

စိတ်ချ လိုက်ပါအမေရယ်...
သူ့အိုးနဲ့ သူ့ဆန် တန်မယ့် သူတွေ ချည်းပါပဲ..


အမေ့ ခွင့်လွှတ် နားလည်မှုတွေ အတွက် 
သား၊ သမီး တွေ လိမ္မာ ရေးခြား ရှိခဲ့ပါတယ်...

ဒါပေမယ့် သူတို့ လည်း သူတို့ရဲ့ မိဘဝတ်တရားကို
အမေ့လို ဖြည့် နေကြတုန်းမို့
ပျက်ကွက်ခဲ့တာ ရှိ ရင် ခွင့်လွှတ်ပါ အမေ...

မိဝေးသား

ပြင်ဦးလွင်မှာ ပရိသတ်တွေ နဲ့ အသားတကျ ဖျော်ဖြေခဲ့တဲ့ လင်းလင်းရဲ့ ဒုတိယ မြောက် တစ်ကိုယ်တော်ရှိုး

Dream Lover Band နဲ့ အဆိုတော် လင်းလင်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ဖျော် ဖြေပွဲကို နိုဝင်ဘာ ၁၇ ရက်နေ့၊ နေ့ခင်း ၂ နာရီက ပြင်ဦးလွင်ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ ကျင်းပခဲ့ပါတယ်။  ပွဲစဖွင့်တာ နဲ့ လင်းလင်းနဲ့ သူ့ပရိသတ်တွေ တစ်သားတည်း ကျပြီး ပျော်ပျော်ရွှင်ရွှင် အဖွဲ့ကျခဲ့တာပါ။ အိပ်မက်ထဲက စစ်သားကြီး၊ သံမဏိလိပ်ပြာ၊ မန္တလေးမြို့ သေဆုံးခြင်း သီချင်းတွေ ဆိုတဲ့အခါမှာတော့ တစ်ကွင်းလုံးမှာ ပရိသတ်တွေ ပြိုင်တူ လိုက်ဆိုကြ တာကြောင့် ပွဲကကြက်သီး ထ စရာကောင်းလောက်အောင် ကြွခဲ့တာပါ။ လင်းလင်းရဲ့ ဖျော်ဖြေ ပွဲကို သံဃာတော်တွေပါလာ အားပေးတာတွေ့ရပြီး ဆရာတော် တစ်ပါးက လင်းလင်း အတွက် ဂုဏ်ပြု ပန်းစည်းတစ်စည်း ကိုယ်စားချီးမြှင့်ခဲ့တာလည်း တွေ့ရပါတယ်။

သုသာန်မြေကရိုက်ကွင်းများ

မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ရှုတင်ရိုက်ကွင်းတည်ကြရတဲ့အခါမှာ ဇာတ်လမ်းအရလိုက်ဖက် မှုရှိမယ့် နေရာတွေကို သွားရောက်ရိုက်ကူးကြရပါတယ်။နေရာအစုံကို သွားရောက်ရိုက်ကူးကြတဲ့ အခါမှာလည်း  ဇာတ်လမ်းလိုအပ်ချက်အရ သုသာန်လိုနေရာမျိုးတွေ အထိ ရိုက်ကွင်းတွေကို တည်ပြီး ရိုက်ကူးကြရလေ့ရှိပါတယ်။ ဇာတ်ကား မှာပါဝင်သရုပ်ဆောင်ကြရတဲ့ အနုပညာ ရှင်တွေအနေနဲ့လည်းဇာတ်ရုပ်ပီပြင်စေဖို့ အတွက်ကိုပဲ အဓိကထားရိုက်ကူးခဲ့ကြပြီး  ပရိသတ်အတွက် အကောင်းဆုံး ဖြစ်အောင်
သရုပ်ဆောင် ဖို့ကိုပဲစိတ်ကူးထဲထည့်ပြီး လုပ်ဆောင် နေကြတာဖြစ်ပါတယ်။သုသာန်လိုနေရာမျိုးမှာ ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး အနုပညာရှင် တချို့ကို မေးမြန်းဖော်ပြလိုက်ပါတယ်။

ယခုနှစ် အကယ်ဒမီ အတွက် အကယ်ဒမီအောင်ခိုင်၏အကြံပြုချက်


ငရဲသားဆိုသည့် မြန်မာရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီထူးချွန်ဆု၊ အကယ်ဒမီရွှေစင်ရုပ်တုကို သိမ်း ပိုက်ထားနိုင်ခဲ့သည့် အကယ်ဒမီ အောင်ခိုင်သည် ရုပ်ရှင်လောက တွင် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ အရ တက်ရောက်ခဲ့ဖူးသည့် အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားများစွာ ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့်လည်း ယခုနှစ် ၂ဝ၁၂ခုနှစ်   မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲကြီးအတွက် ယခုလိုပင် အကြံပြုစကားဆိုခဲ့သည်။
“အခု ဦးအောင်ခိုင်ဆောင်း ပါးတစ်ခုလည်း ရေးနေပါတယ်။ ‘ရွှေ ကြက်ဖရုပ်ရှင်ပွဲတော်ကြီးဆီမှနေ   မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့’ ဆို ပြီး ရေးနေပါတယ်။ ဆိုလိုတာ မနှစ် က အဆင်မပြေအသံတွေ အများ ကြီး ပြန်ကြားခဲ့ရတယ်။ ဒီနှစ်မှာ တော့ ရွှေကြက်ဖရုပ်ရှင်ပွဲတော်က ပြန်လာတဲ့အချိန်မှာ Report ပြန် တင်တဲ့အချိန်မှာ ဦးအောင် ခိုင်အကြံ ပြုထားတာရှိပါတယ်။အခုထပ်ပြီး တော့လည်း ပေါ်ပြူလာဂျာနယ်က နေ ပြောချင်ပါတယ်။ အဲဒါဘာလဲ ဆိုတော့ တရုတ်ပြည်က ရွှေကြက်ဖ ပွဲတော်ဆိုတာ
ဦးအောင်ခိုင်တို့ဆီမှာ ဆိုရင် အကယ်ဒမီဆုပေးတာပါပဲ။

အွန်လိုင်းပေါ်က စိတ်ဝင်စားဖွယ် အဖြူရောင်ရဲတိုက်

လတ်တလောမှာတော့ အွန်လိုင်းပေါ်မှပရိသတ်များကြား ရေပန်းစားနေတဲ့ ‘အဖြူရောင်ရဲတိုက်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အမျိုးမျိုးကြားနေရပါတယ်။ ‘အဖြူရောင်ရဲတိုက်’ ရုပ်ရှင်ဇာတ်ကားကိုတော့ ရွှေတောင် ထုတ် လုပ်ရေးကစီစဉ်ပြီးစာရေးဆရာမလွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ‘အဖြူရောင် မြစ်တစ်စင်းရဲ့ လျှို့ဝှက် ချက်’ ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်း ရေးသားထားပါတယ်။ ‘အဖြူရောင် ရဲတိုက်’ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပြီး နေတိုး၊ ပြေတီဦး၊
အိန္ဒြာကျော်ဇင်၊ ကောင်းပြည့်၊ သန္တာဗို၊ ချိုပြုံးနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ ၄င်းရုပ်ရှင်ဇာတ်ကားကိုတော့ နိုဝင်ဘာ ၈ ရက် နေ့မှာ စတင် ရုံတင်ပြသခဲ့ပြီး လက်ရှိလည်း ရုံတင်ပြသနေဆဲဖြစ်သလို ပရိသတ်ကြိုက်နှစ်သက်မှု ရရှိ နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကား ပုံစံကတော့ ပုဂံမြို့ရဲ့ ရှုခင်းအလှအပ၊ ရှေးဟောင်းအမွေ အနှစ်ဘုရားတွေကိုပါ ထည့်သွင်းရိုက်ကူးထားကာ ရိုမန့်၊ ဒရာမာဇာတ် ကားတစ်ကားလည်း ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး


လတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော်’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်းပုံစံလေး ဖြစ်ပါတယ်။ အကြိုက်ဆုံး ဇာတ်ဆိုတာထက် ဇာတ်လမ်းတွေကိုလည်း မျှတအောင် အဓိကစဉ်းစားေ ကြာင်း ပြောလာတဲ့နေတိုးက. “တစ်နှစ် စာရိုက်ကူးမယ့် ပုံစံတွေက အချစ်၊ ဒရာမာတွေက များ လား၊ ဒါမှမဟုတ်ရင်လည်း ဟိုးအရင်တုန်းကလို အက်ရှင် တွေပဲ ရိုက်ပေးရ မလား၊မျိုးစုံတော့ ကျွန်တော်စဉ်းစားပြီး ချင့်ချိန်ရတာပေါ့။ အမြဲတမ်းတော့ အသစ်အဆန်းဖြစ် အောင်တော့ ကြိုးစားကြရတာပဲ။ ကျွန်တော်တို့ ဒီလောကမှာဖြတ်သန်းလာခဲ့ တဲ့ တစ်လျှောက်လုံးမှာ လည်း ဇာတ်လမ်းပုံစံတွေလည်း များနေပြီ။ ဇာတ်အခြေအနေအရ ပရိသတ်တွေ ကြိုက်နှစ် သက်မယ့်ပုံစံတွေ ဒီဟာမျိုးတွေ အဓိကဦးစားပေး ရိုက် ကူးဖြစ်နေတယ်” လို့ ပြောပါတယ်။

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်

‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Sunday, November 24, 2013

ကမန်တိုင်းရင်းသား လူဦးရေစာရင်း ကောက်ဖို့ စီစဉ်နေ


ကမန် အမျိုးသား တိုးတက်ရေး ပါတီ (ဗဟို) ကနေ မြန်မာနိုင်ငံတွင်းက ရခိုင် မျိုးနွယ်စုဝင် ကမန် တိုင်းရင်းသား လူဦးရေ စာရင်း ကောက်ယူသွားမယ်လို့ နိုဝင်ဘာလ ၂၃ရက် နေ့စွဲနဲ့ ကြေညာ လိုက်ပါတယ်။

ကမန် တိုင်းရင်းသား အများစုဟာ အစ္စလာမ် ဘာသာ ကိုးကွယ်သူတွေ ဖြစ်ကြပြီး ဘာသာရေး နွယ်တဲ့ အကြမ်းဖက်မှုတွေ နောက်ဆုံး ဖြစ်ခဲ့တဲ့ ကျောက်ဖြူ သံတွဲဘက်မှာ အများစု နေထိုင်ကြပါတယ်။

“ပျိုး” ကို ယခင်ဇာတ်ရုပ်များအတိုင်း သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

စတုတ္ထမြောက်နှင်းဆီကကြိုးအဖြစ် ရိုက်ကူးထားသော နှင်းဆီနန်းတော်ဇာတ်ကားတွင် ပါဝင်သည့် “ပျိုး” ၏ ဇာတ်ရုပ်ကို ယခင်ဇာတ်ကားများအတိုင်း သရုပ်ဆောင်နိုင်ခဲ့ကြောင်း အိန္ဒြာကျော်ဇင်က ပြောသည်။
““အရင်တုန်းကကားတွေရိုက်တုန်းကတော့ အိမ်ထောင်မကျသေးဘူး။ အခု ပြန်ရိုက်တဲ့အခါ အဲဒီကားမှာပါတဲ့ ပျိုးဆိုတဲ့ ဇာတ်ကောင်ကို ပြန်ယူရတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကို ဖတ်တဲ့အချိန်မှာရော ရိုက်တဲ့အချိန်မှာရော အရင်ဇာတ်ကောင်ကို ပြန်ရခဲ့ပါတယ်”” ဟု အိန္ဒြာကျော်ဇင်က နှင်းဆီနန်းတော်ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ရုပ်နှင့်ပတ်သက်၍ ပြောသည်။

တိုကျိုမှာ “၀ိညာဉ်ဘက်”နဲ့ “သူငယ်ချင်းလေးပါပဲ”ကို ပေါင်း၍ဖျော်ဖြေမယ့် စိုင်းစိုင်းခမ်းလှိုင်

အာဆီယံ-ဂျပန် ဂီတပွဲတော်သို့ မြန်မာနိုင်ငံမှ သွားရောက်ဖျော်ဖြေမယ့် စိုင်းစိုင်းခမ်းလှိုင်က ၀ိညာဉ်ဘက်နှင့် သူငယ်ချင်းလေးပါပဲ သီချင်းနှစ်ပုဒ်ကို ပေါင်း၍ ဖျော်ဖြေမည်ဟု ပြောသည်။
ယင်းဂီတပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဂျပန်နှင့် အာဆီယံနိုင်ငံများမှ နာမည်ကြီးအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““တိုကျိုမှာ အာဆီယံ-ဂျပန်  Music Festival ရှိပါတယ်။ အ ဆီယံနိုင်ငံတွေက နာမည်ကျော် အဆိုတော်တစ်ယောက်နဲ့ ဂျပန် နိုင်ငံက အဆိုတော်တွေနဲ့ ဂီတပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်မှာ တိုကျိုမှာ ပြုလုပ်မှာပါ။ ကျွန်တော် အဲဒီမှာ သွားရောက်ဖျော်ဖြေဖို့ ရှိပါတယ်”” ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

အာဆီယံသတင်းအချက်အလက်များ လေ့လာနိုင်မည့် ၀က်ဘ်ဆိုက် နိုင်ငံခြားရေးဝန်ကြီးဌာန လွှင့်တင်

အာဆီယံနှင့်ပတ်သက်သည့်  သတင်းအချက်အလက်များကို စုစည်းတင်ဆက်ထားသော ၀က်ဘ်ဆိုက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြုလုပ်ထားပြီး www.asean2014.gov.mm ၌ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူးက ပြောကြားသည်။
““အခုက စမ်းသပ်အဆင့်ပေါ့။ လွှင့်တော့လွှင့်ထားပါပြီ။ အဲဒီမှာ အာဆီယံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တင်ထားပါတယ်”” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ဗုံးဖောက်ခွဲမှု ဖမ်းမိသူများကို ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး



ဗုံးဖောက်ခွဲမှုဖြစ်စဉ်များကြောင့် ဖမ်းဆီးထားသူများကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးကာ သက်ဆိုင်ရာ တရားရုံးများသို့ လွှဲအပ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲခဲ့သူနှင့် ဆက်စပ်နေသူရှစ်ဦးကို ဖမ်းဆီးထားရာ နိုဝင်ဘာ ၂၂ ရက် တွင် ဒဂုံမြို့နယ်ရဲစခန်းမှတစ်ဆင့် အနောက်ပိုင်းခရိုင်တရားရုံးသို့  ပြောင်းလဲစစ်ဆေးကာ ဖမ်းမိထားသူထဲမှ နှစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလွှဲအပ်လိုက်ကြောင်း အဆိုပါရဲအရာရှိက နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

Friday, November 22, 2013

Pitbull - International Love ft. Chris Brown

Katy Perry - Part Of Me

Taylor Swift - Red

Katy Perry - Wide Awake

Carly Rae Jepsen - Call Me Maybe

One Direction : What makes you beautiful

ကိုးရီးယားမင်းသမီးတွေရဲ့ ပွဲတက်ဖက်ရှင် မြန်မာမင်းသမီးများအတု မခိုးရန်

မင်းတုန်းမင်းကြီး ဘာတွေလုပ်

မင်းတုန်းမင်းကြီးဟာ အရှင်ဘုရင်ဆိုပေမယ့် အေးအေးဆေးဆေး ဇိမ်ခံနေတာမျိုး မဟုတ်ဘဲ သူ့ချိန်ဇယားနဲ့သူ အလုပ်အလုပ်လုပ်နေခဲ့တာကို ချီးကျူးဖို့ ကောင်းပါတယ်။


မနက်စောစော ၅ နာရီခွဲလောက်မှာ အိပ်ရာကထတယ် ။ အပြင်မထွက်ခင် အလှည့်ကျ မိဖုရားများက သလွန်တော်အောက်ကနေ တစ်ကိုယ်လုံးကို ဆီတော်များနဲ့ ပွတ်လိမ်းပေးရတယ် ။ ခေါင်းလိမ်းဆီ ၊ ကိုယ်လိမ်းဆီ ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး နှစ်မျိုးစလုံးဟာ စပါယ် မြတ်လေး စတဲ့ သင်းပျံ့ မွှေးကြိုင်တဲ့ အဖိုးတန်ဆီများဖြစ်ကြတယ် ။ ရေမချိုးလို့ မဖြစ်တဲ့ အကြောင်းကိစ္စတွေကလွဲပြီး မင်းတုန်းမင်းကြီးဟာ
ရေချိုးလေ့မရှိဘူးတဲ့ ။ ရေအစား ဆီတွေနဲ့ ပွတ်လိမ်းပြီး တစ်ကိုယ်လုံးမှာ ရှိတဲ့ ချေးညော်များနဲ့
မကောင်းတဲ့ အနံ့ အသက်တွေကို သုတ်သင်တာဖြစ်မယ်ထင်ပါတယ်။

အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားတဲ့ မိုးယုစံ

လူငယ် ဆယ်ကျော်သက် ကောင်လေးများ၏ အချစ်တော်၊ ဇာတ်လမ်းတိုင်းမှာ အမြဲတမ်း ဖက်ရှင်ကျကျ လှပ နေတတ်တဲ့ မိုးယုစံက အနုပညာသာမက အပြင် စီးပွားရေးကိုပါ စိတ်ဝင်စားကြောင်း သိရသည်။

''ညီမကတော့ ဖြစ်နိုင်ရင် အပြင် စီးပွားရေးလည်း လုပ်ချင်တယ်။ အနုပညာကတော့ ကိုယ့်ရဲ့ ဝါသနာလေ၊ အနုပညာ အလုပ်က ခက်ခဲတယ်။ အပြင် စီးပွားရေးဆိုတာက စီးပွားရေး အကြောင်းပဲ သိရင် ရပြီ။ အနုပညာ အလုပ်က အကုန်လုံးကို သိရတယ်။ အနုပညာသမား ဆိုတာက ကိုယ့်စိတ်နဲ့ ဘာမှ လုပ်လို့မရဘူး။ အရာ အားလုံးကို ထိန်းချုပ် ထားရတယ်'' ဟု သူမက ပြောကြားခဲ့သည်။

ပထမဆုံးခပ်ကြမ်းကြမ်း ထောင်ထွက်ဇာတ်ရုပ်နဲ့ဝတ်မှုန်ရွှေရည်

‘ဘရိတ်နဲ့ချစ်ပါ’ ဆိုတဲ့ဇာတ်ကားကို ဝတ်မှုန်ရွှေရည်က နေတိုးနဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ရုပ်အနေနဲ့ ခပ်ကြမ်း ကြမ်းပုံစံမျိုးသရုပ်ဆောင်ရတာဖြစ်သလို၊ ထောင် ထွက် တစ်ယောက်ပုံစံမျိုးကို ပထမဆုံးသရုပ်ဆောင်ရတာ လို့လည်း ပြောပြတာကြောင့် “ကစ်က ဒီကားထဲမှာ ကာ ရိုက်တာ၃မျိုးလုပ်ရတယ်။ မော်ဒယ်ပေါက်စလေး ဇာတ်ရုပ်၊ အိမ်ထောင်သည် ဇာတ်ရုပ်၊ ထောင်ကျသွား တဲ့အခါ ခပ်ကြမ်းကြမ်းဖြစ်သွားတဲ့ ဇာတ်ရုပ်တွေ လုပ်ရတယ်။ ထောင်ကျပြီး ခပ်ကြမ်းကြမ်းဖြစ် သွားတာက ပထမဆုံးလုပ်ဖူး တာပဲ။ အပြင် အဆင်အိုက်တင်ကအစ သေချာလုပ်တယ်။ ကစ်က ကိုယ်တစ်ခါမှမလုပ်ဖူးတဲ့ ဇာတ်ရုပ် မျိုးလုပ်ရတော့ ပျော်ပါတယ်။ စိတ်လည်း လှုပ်ရှားတယ်” လို့ ပြော ပြပါ တယ်။

နာမည်ကြီးတံဆိပ် ဖိနပ်နှင့် အဝတ်အစားများ မုန်တိုင်းသင့်ဒေသသို့ ဘက်ခမ်းစုံတွဲ လှူဒါန်းမည်

ကမ္ဘာကျော်စုံတွဲ ဒေးဗစ်ဘက်ခမ်းနှင့် ဒီဇိုင်နာဗစ်တိုးရီးယားတို့က ဖိလစ်ပိုင်နိုင်ငံတွင် ခံစားခဲ့ရသည့် တိုင်ဖွန်းမုန်တိုင်း ဟဲလန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များအတွက် အဝတ်အထည်နှင့် ဖိနပ်များကို ဗြိတိန်ရှိ ကြက်ခြေနီကယ်ဆယ်ရေးရုံးသို့ နိုဝင်ဘာ ၂၂ ရက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်သည်။

အဆိုပါလှူဒါန်းမှုတွင် နာမည်ကြီးတံဆိပ်ဖိနပ်များအပြင် နာမည်ကျော်ဒီဇိုင်နာများ၏ အဝတ်အထည်များ၊ ဒီဇိုင်နာသင်တန်းသူများ၏ ဖက်ရှင်လက်ရာ အဝတ်အထည်များ ပါဝင်မည်ဖြစ်ကြောင်းနှင့် အခြားအလှူရှင်များကိုလည်း လှူဒါန်းရန် တိုက်တွန်းပေးသွားမည်ဖြစ်ကြောင်း အဆိုပါစုံတွဲက ဆိုသည်။

မလေးရှားနိုင်ငံ ဒုက္ခသည်စခန်းများမှ တရားမဝင် မြန်မာလုပ်သားများ သတ္တမအကြိမ် ပြန်လည် ရောက်ရှိ

မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းတွင် ရောက်ရှိနေသည့် မြန်မာလုပ်သား ၁၇၀ ကျော်ကို သီတဂူ အထောက်အကူပြု အဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့၏ လှူဒါန်းမှုဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သတ္တမအကြိမ် အခမဲ့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သီတဂူ အထောက်အကူပြု အဖွဲ့မှ ဦးမြတ်သူက ပြောကြားသည်။


MAI စင်းလုံးငှား လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသည့် လုပ်သားများသည် ဒုက္ခသည်စခန်း ဂျိုဟိုး၊ လေးညှင်း စသည့် ဒုက္ခသည်စခန်း ကိုးခုမှ ပြန်လည် ခေါ်ဆောင်လာခြင်း ခံရသူများ ဖြစ်ပြီး မြန်မာနိုင်ငံ လေဆိပ်သို့ ပြန်လည် ရောက်ရှိချိန်တွင် လုပ်သားတစ်ဦးလျှင် ကျပ်နှစ်သောင်းစီ လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။
“Camp ထဲက လူတွေစုတယ်။ ၁၇၀ ပြည့်သွားရင် ထပ်ခေါ်မယ်။ ဒီကြားထဲ ပြန်ချင်ရင်တော့ ကိုယ့်စရိတ်နဲ့ ကိုယ်ပေါ့” ဟု ဦးမြတ်သူက ထပ်မံပြောကြားသည်။

22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင် လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။
အကျိုးပေးဂဏန်းမှာ - ၅၊ ၁၊ ၉။
အထူးဟော - မုချ အောင်မြင်မှုရမှာပါ။
ယတြာ     - အိမ်ဘုရားကို တနင်္ဂနွေ နံနက်တွင် ကောင်ညှင်းပေါင်းနှင့် အကြော် (၁၀) ခု ဖြင့်ကပ်လှူ၍ ဆုတောင်းပါ။
 တနလာၤ

မိုင်းဖုန်းဆရာတော် ရန်ကုန်မြို့ ကြွမည်

တားမြစ်မိန့်ကြောင့် ထိုင်းနိုင်ငံဘက်သို့ ၉ နှစ်ကျော် ကြာကြွရောက် သီတင်း သုံးခဲ့ရသော မိုင်းဖုန်းဆရာတော်သည် ရန်ကုန်မြို့သို့ ကြွရောက်တော်မူ မည်ဟု မိန့် ကြားကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်းမိုင်းပြင်း လွှတ်တော် အမတ် ဦးစိုင်းထွန်းစိန်က Popular News သို့ ပြောသည်။

အစိုးရသစ် လက်ထက်လွှတ်တော်တွင် မိုင်းပြင်း၊ မိုင်းဆတ်နှင့် မိုင်းတုံ လွှတ်တော် အမတ်တို့က ဆရာတော်အား တာချီလိတ် မိုင်းဖုန်းသို့ ပြန်လည် ပင့်ဆောင်လိုကြောင်း အဆို တင်သွင်း ခဲ့ပြီး အောင်မြင်ခဲ့သည့် အတွက် ဆရာ တော်မှာ မြန်မာပြည်ဘက်သို့ နိုဝင် ဘာလ ၁၅ ရက်နေ့က ပြန်လည် ကြွချီပြီး ရက်ပိုင်း အတွင်း ထိုသို့ ဒါယကာ၊ ဒါယိကာမများကို အမိန့် ရှိလိုက်ခြင်း ဖြစ် ကြောင်း ၄င်းကဆိုသည်။

Thursday, November 21, 2013

ရှိသည် ဖြစ်သည် {ချမ်းချမ်း}

နန်းခင်ဇေယျာရဲ့ အိုက်တင်အပေါ် ခန့်စည်သူရဲ့သုံးသပ်ချက်

ခန့်စည်သူက “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ ဇာတ်ကား ကို နန်းခင်ဇေ ယျာ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားမှာ နန်းခင်ဇေယျာကို တစ်ဆင်းန် ချင်းစီ စိတ်ရှည်ရှည်နဲ့ ရိုက် ကူးနေသလို ဒီဇာတ်က မင်းသမီး ဇာတ် လည်း ဖြစ်တာကြောင့် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..
“ဒီဇာတ်ကို တအားကြိုက်ခဲ့တာ။ မင်းသား ဇာတ်မှ၊ မင်းသမီး ဇာတ်မှ မဟုတ်ဘူး။ ပရိသတ် အတွက် တကယ်ကို အမြင်ဆန်း တဲ့ ဇာတ်လေး ဆိုရင်လည်း မင်းသားဇာတ် မ ဟုတ် လည်း ရိုက်မှာပါပဲ။ ရိုက်ရင်း နဲ့တောင် အရင်က ကိုညီအောင်ရယ်၊ မခိုင် ကြီးရယ် တို့နဲ့ ရိုက်ခဲ့တုန်းက အချိန်ကို သတိရမိတယ်။ ကိုယ့် အလှည့်တုန်း ကလည်း တစ် ကတ်ချင်း စီကို သေချာ သင်ပေးပြီး စိတ်ရှည်ရှည်နဲ့ ရိုက်ပေး ခဲ့ကြတာလေ။ ဒီလိုပဲ အခု နန်းခင် ဇေယျာ ကလည်း အသစ် ဆိုတော့ ဒီလိုပဲ လက်တွဲခေါ် ရတာပေါ့။

မင်္ဂလာပွဲအကြို စိတ်ကူးပုံရိပ်များနဲ့ ဝိုင်းစုခိုင်သိန်း

‘မက်လောက်စရာ’ တေး စီးရီးနဲ့ ဂီတအနုပညာမှတ်တိုင် စိုက်ထူခဲ့သူ ဖြစ်ပြီး ‘မျက်လှည့်’ တေးစီးရီး၊ အခုနောက်ဆုံးထွက်ရှိခဲ့တဲ့ ‘အာဘွား’ တေးစီးရီးတို့ ဖြင့် ဂီတချစ်သူေ တွရဲ့အားပေးမှုကို အခိုင်အမာရ ရှိနေသူ သရုပ်ဆောင်အဆိုတော်ဝိုင်းစုခိုင်သိန်း က အမေရိကက ချစ်သူဥက္ကာကြူနဲ့ ၂ဝ၁၄ ဖေ ဖော်ဝါရီ လမှာ မင်္ဂလာပွဲဆင်နွှဲတော့မှာ ဖြစ် ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်နေ့ မနက်ပိုင်း ဆီဒိုးနားဟိုတယ်မှာ စုလျားရစ်ပတ် ဘိသိက် မင်္ဂလာပွဲ၊ ညပိုင်းကန်တော်ကြီးပဲလေ့စ်ဟို တယ်မှာ မင်္ဂလာညစာ စားပွဲပြုလုပ် မှာဖြစ်သလို ဖေဖော်ဝါရီ လဆန်းမှာလည်း လက်မှတ်ရေးထိုး ပွဲ၊မင်္ဂလာဦး ဆွမ်းကျွေးပွဲ ပြုလုပ် မှာဖြစ်ကြောင်း သိရပါတယ်။ မကြာမီဘဝတစ်ခုကို အတူလက် တွဲကာ လျှောက်လှမ်းကြတော့မယ့် လိုက်ဖက်တဲ့စုံတွဲ ဥက္ကာကြူနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ စကားသံ များကိုလည်း မင်္ဂလာသတို့သား၊ သတို့သမီး တို့ရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံရိပ်များဖြင့် ရိုက်ကူးတင် ဆက်ဖော်ပြလိုက်ပါတယ်။

ပူလောင်တဲ့အချစ်မျိုးနဲ့ပဲ ကြုံခဲ့ဖူးတယ်လို့ဆိုတဲ့ ၀တ်မှုန်ရွှေရည်

ပရိသတ်တွေသိချင်တဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးတွေထဲမှာ ချစ်စရာကောင်းတဲ့ မင်းသမီးလေး ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးလည်း ပါဝင်နေပါတယ်။ အားလုံးသိပြီးသား အဆိုတော်၊ မင်းသားနဲ့ ပြတ်သွားတဲ့နောက်ပိုင်း အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသံမှမကြားရတော့တဲ့ ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးကတော့ ‘အချစ်ရေးက မစဉ်းစားတာတော့ မဟုတ်ပါဘူး။ ကစ်စိတ်ချမ်းသာချင်တယ်။ ဒါပေမဲ့ စိတ်ချမ်းသာဖို့ကလဲ ကစ်အချစ်ရေးဘက်ကို စဥ်းစားလိုက်ရင် ၊ အဲ့ဒီဘက်ကို အားသာသွားရင် အလုပ်ဘက်မှာ အားလျော့သွားမှာ စိုးတယ်။ ကစ်စဉ်းစားချင်ရင်တောင်မှ မစဉ်းစားမိအောင် နေပါတယ်။ ကစ်ကတော့ အချစ်ဆိုတာကို ပူလောင်တယ်လို့ပဲထင်ပါတယ်။ ဒါကလဲ ပူလောင်တဲ့အချစ်မျိုးနဲ့ပဲကြုံဖူးလို့နေမှာပါနော်။ အေးချမ်းတဲ့အချစ်မျိုးကိုလဲ မရှာတော့ပါဘူး။

Wednesday, November 20, 2013

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား ပြည်နယ်အစိုးရအနေဖြင့် လက်ခံခြင်းမပြုရန် ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း

ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်မခံသည့် အနေဖြင့် ပြည်သူများက တစ်ခဲနက် ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုများကို နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ ရက်တို့တွင် ရခိုင်ပြည်နယ် နေရာအနှံ့အပြား၌ ကျင်းပပြုလုပ်ခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်မှ ပြည်နယ်လွှတ်တော်သို့ ရခိုင်ပြည်နယ်အတွင်း အိုအိုင်စီရုံး ဖွင့်လှစ်ရန် တောင်းဆိုမှုအား လက်ခံခြင်းမပြုရန် အဆိုကို တင်သွင်းခဲ့ကြောင်း သိရသည်။
ယင်းသို့ တင်သွင်းရာတွင် ရခိုင်ပြည်နယ်အတွင်း ပြည်သူတစ်ရပ်လုံး ကန့်ကွက်နေသည့် အစိုးရမဟုတ်သော OIC INGO အဖွဲ့အစည်းသည် ရခိုင်ပြည်နယ်တွင် အခြေစိုက်ပြီး ဆက်ဆံရေး ရုံးဖွင့်လှစ်ရန် တောင်းဆိုမှုများ ပြုလုပ်နေခြင်းအပေါ် ပြည်နယ်အစိုးရ အနေဖြင့် လုံးဝလက်ခံခြင်း မပြုရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုအား နည်းဥပဒေ ပုဒ်မ ၁၂၂ အရ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကြီးထံသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုမှ ဂျင်ကလိ အပါအ၀င် တုတ်၊ ဓား လက်နက်များ သိမ်းဆည်းရမိ

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုမှ ဂျင်ကလိ အပါအ၀င် တုတ်၊ ဓားလက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ သတင်း ထွက်ပေါ် နေသကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများ မပါဝင်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။ ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ၂၇x၂၈ ကြား၊ ၈၃x၈၄ ကြား၊ ချမ်းလယ် ရပ်ကွက်၊ နေအိမ်နှင့် ဂိုဒေါင်တစ်ခုတွင် ဖောက်ခွဲရေး ပစ္စည်းများ သိမ်းဆည်းထားကြောင်း သတင်းရရှိမှုကြောင့် နိုဝင်ဘာ ၁၉ ရက်က ၀င်ရောက် ရှာဖွေခဲ့ကြောင်း၊ ထိုသို့ ၀င်ရောက်ရှာဖွေရာတွင် ဂျင်ဂလိလက်နက် ၁၅ ပိသာပါ ပီနံအိတ် တစ်လုံး၊ နှစ်ခွချွန်ခက်ရင်းခွ ၁၂ ချောင်း၊ လှံတစ်ချောင်း၊ ဓားဦးချွန် ငါးချောင်း၊ ဓာတ်ဆီစိမ်ထားသည့် ပုလင်းကွဲများ၊ သံတိုသံစ၊ ပုလင်းကွဲစများ ထုထောင်းရာတွင် အသုံးပြုသည့် ငရုတ်ဆုံများကိုပါ သိမ်းဆည်း ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Randy Orton Championship Celebration: Raw, Oct. 28, 2013

WWE RAW 11/18/13 FULL SHOW HD

WWE Raw 11/4/13 Full Show

WWE Raw 11/11/13 Full Show

WWE Smackdown 10/4/13

WWE - Friday Night Smackdown 11/10/13

ပညာရှိလက္ခဏာ (၇)ပါး

၁ ။ သဒ္ဓါ - စိတ်ကြည်လင်ခြင်း ။
၂ ။ ဟိရိ - မကောင်းမှုမှ ရှက်ခြင်း ။
၃ ။ သြတ္တပ္ပ - မကောင်းမှုမှ ကြောက်ခြင်း ။
၎ ။ ဗဟုသုစ္စ - အကြားအမြင် များခြင်း ။
၅ ။ ၀ီရိယ - လုံ့လအားထုတ်ခြင်း ။
၆ ။ သတိ - မမေ့မလျော့ခြင်း ။
၇ ။ ပညာ - မြော်မြင်ဆင်ခြင်တတ်သော အသိရှိခြင်း ။
မူရင်း  http://soethuhein.iblogger.org/

ပညာရှိတို့ စွန့်ပယ်အပ်သူ (၁၁)ဦး

၁ ။ ကောဓံ - အမျက်ဒေါသကြီးသူ ။
၂ ။ လောဘံ - အလိုကြီးသူ ။
၃ ။ မဒံ - မာန်ယစ်လွန်းသူ ။
၎ ။ မာနံ - ထောင်လွှားသူ ။
၅ ။ တိန္နံ - ပျင်းရိသူ ။
၆ ။ ဣဿံ - ငြူစူစောင်းမြောင်းသူ ။
၇ ။ ပမာဒံ - ကုသိုလ်ကောင်းမှု၌ မေ့လျော့သူ ။
၈ ။ သောဏ္ဏံ - သေအရက်သောက်ကြူးသူ ။
၉ ။ နိဒ္ဒါလုကံ - အအိပ်ကြူးသူ ။
၁၀။ မက္ခံ - ကျေးဇူးချေတက်သူ (ကန်းသူ) ။
၁၁။ မစ္ဆေရဉ္စ - ၀န်တိုသူ ။
မူရင်း  http://soethuhein.iblogger.org/

စကားများများပြောခြင်း၏ အပြစ်ငါးပါး

၁ ။ စကားများများ ပြောသဖြင့် မမှန်မကန်သော မုသာဝါဒ စကားများပြောမိခြင်း ။
၂ ။ ပိသုဏ၀ါစာ ကုန်းတိုက် ၊ ချောပစ်စကား ပြောဆိုမိခြင်း ။
၃ ။ အကျိုးမဲ့သော သမ္ဗပ္ပလာပ စကားပြောဆိုမိခြင်း ။
၎ ။ ကြမ်းတမ်းယုတ်မာသော ဖရုသ၀ါစာ စကားကိုပြောမိခြင်း ။
၅ ။ သေဆုံးပါက အပါယ်သို့ လားရခြင်း ။
မူရင်း  http://soethuhein.iblogger.org/

စကားအရာ အင်္ဂါ (၁၀)ဖြာ

၁ ။ ကာလ၀ါဒီ ပြောချိန် ပြောခွင့်သင့်မှ ပြောခြင်း ။
၂ ။ ဘူတ၀ါဒီ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း ။
၃ ။ ဓမ္မ၀ါဒီ တရားနှင့်ဆက်စပ်သည်ကိုသာ ပြောဆိုခြင်း ။
၎ ။ အတ္တ၀ါဒီ အကျိုးစီးပွားနှင့် ဆက်သွယ်သည်ကိုသာ ပြောဆိုခြင်း ။
၅ ။ ပီယ၀ါဒီ ချစ်ဖွယ်သော စကားကိုသာ ပြောဆိုခြင်း ။
၆ ။ မိဟိတပုဗ္ဗဘာဏီ ပြုံးရွှင်စွာ ပြောဆိုခြင်း ။
၇ ။ မိတဘာဏီ မတိုမရှည် ချင့်ချိန်ပြောဆိုခြင်း ။
၈ ။ အတုရိတ၀ါဒီ အဆောတလျင် အရင်စလို မပြောဆိုရခြင်း ။
၉ ။ ပေါရီ မြို့  ကြီးသူ မြို့ ကြီးသားတို့ အသုံးမနှုန်း အတိုင်း ပြောဆိုခြင်း ။
၁၀။ ၀ိသဒ၀ါဒီ တိကျပြတ်သား သန့်ရှင်းသေချာစွာ ပြောဆိုခြင်း
 မူရင်း  http://soethuhein.iblogger.org/

Tuesday, November 19, 2013

အနန္တတာဝန် တို့အဓိဌာန်

 ၁ ။ ဘုရားကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၂ ။ တရားကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၃ ။ သံဃာကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၎ ။ ဆရာ့ကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၅ ။ မိဘကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၆ ။ တိုင်းပြည်ကျေးဇူး ၊ စိတ်ကြည်နူး ၊ အထူးကျေအောင် ဆပ်ပါမည် ။
၇ ။ ကျေှးဇူးမကျေ ၊ လူမိုက်တွေ ၊ မသွေဖြစ်မှာ စိုးရသည် ။
၈ ။ ကျေးဇူးဆပ်ကာ ၊ လူလိမ္မာ ၊ မှန်စွာဖြစ်အောင် ကြိုးစားမည် ။
၉ ။ တိုင်းပြည်လူမျိုး ၊ များကောင်းကျိုး ၊ သယ်ပိုးရွက်ဆောင်ပြုပါမည် ။


မူရင်း  http://soethuhein.iblogger.org/

ဆီမီးကိုရှာ

အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေသူများ
ဖြစ်လျက် အဘယ်ကြောင့် ပျော်မြူးရယ်ရွှင်ခြင်း ဖြစ်ဘိ
သနည်း ။ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိ
သနည်း ။

အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီးနေသူများ ဖြစ်ပါလျက်
အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးကို မရှာဘဲ
နေကြကုန်သနည်း ။


(ရှင်တော်ဗုဒ္ဓ)

 မူရင်း  http://soethuhein.iblogger.org/

အပယ်မကျနိုင်တဲ့ ကုသိုလ်(၇)မျိုး

(၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်

(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်

(၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်

(၄) စာရေးတံမဲ လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၅) ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၆) ရေတွင်းရေကန် လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၇) ကျောင်းဆောင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်

အဲဒီပုဂ္ဂိုလ်များ သေရင် အပယ်မကျပါဘူး ဆရာတော်အရှင်ဇ၀နဟောကြားတဲ့ ဗုဒ္ဓဘာသာအခြေခံ တရားတော်များထဲမှာ နားကြားရလို့ ပြန်လည်မျှဝေလိုက်ပါတယ် လှူတဲ့အခါမှာစိတ်ထားတက်ဖို့တော့လိုပါတယ်ခင်ဗျာ..


မူရင်း  http://soethuhein.iblogger.org/

သံဃာဂုဏ်တော် (၉)ပါး

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။

(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။

(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။

(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။

(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။

(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။

(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း

(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။

(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။ 

မူရင်း  http://soethuhein.iblogger.org/

တရားဂုဏ်တော် (၆)ပါး

(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂)ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။ 

 မူရင်း  http://soethuhein.iblogger.org/

ဘုရားဂုဏ်တော် (၉)ပါး

(၁) အရဟံ
(က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။

(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။

(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။

(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း

မူရင်း  http://soethuhein.iblogger.org/

ပါရမီ (၁၀)ပါး

၁။ ဒါန = ပေးလှူခြင်း ။

၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း ။

၃။ နေက္ခမ္မ = ကိလေသာတောမှထွက်ခြင်း ။

၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။

၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့လရှိခြင်း ။

၆။ ခန္တီ = သည်းခံခြင်း ။

၇။ သစ္စာ = ဖြောင့်မတ်/မှန်ကန်ခြင်း ။

၈။ အဓိဋ္ဌာန် = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။

၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း ။

၁၀။ ဥပေက္ခာ = လစ်လျူရှုခြင်း/အသင့်အားဖြင့် ။
အတိုမှတ်ရန် …ဒါ ၊ သီ ၊ တော ၊ ပ ၊ အား ၊ ခံ ၊ ဖြောင့် ၊ ဌာန် ၊ ပွား ၊ လစ်လျူ ။

မူရင်း http://soethuhein.iblogger.org/

◘◘◘ ပျော်ရွှင် ရတဲ့ ငါ့အလုပ် ◘◘◘

  • ငါ အလုပ်တစ်ခု ရပြီ
  • ငါ့အလုပ်က လစာမရှိ
  • ပင်စင်မရှိ
  • ပိတ်ရက်မရှိ
  • Public Holiday မှာတောင် မနားရ
  • ဒါပေမဲ့ အဲဒီအလုပ်ကို 
  • လုပ်နေရတာ ငါပျော်တယ်
  • အဲဒါကတော့....
  • နင့်ကို ချစ်နေရတဲ့ အလုပ်ပေါ့.....
  •  
မူရင်း <http://knowledgableit.blogspot.com/ >
     

◘◘◘ အဖြည့်ခံ ◘◘◘

  • မြင်လှည့်ပါ....
  • မင်းနဲ့ အနီးဆုံးမှာ ရှိတဲ့ ငါ့ကိုလေ
  • ပြောလှည့်ပါ....
  • မင်းဘ၀မှာ ရင်ဖွင့်စရာတွေ ကြုံတဲ့အခါ
  • ခေါ်လှည့်ပါ....
  • ငါ့အကူအညီကို လိုအပ်လာတဲ့အခါ
  • ထားခဲ့ပါ.....
  • ငါထက် ပေးဆပ်နိုင်တဲ့သူကို မင်းတွေ့ တဲ့အခါ
မူရင်း <http://knowledgableit.blogspot.com/ >
စာဖတ်ခြင်းက

ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်...

ဆွေးနွေးညှိနှိုင်းခြင်းက

အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။

မှတ်သားခြင်းက

တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ 
 မူရင်း <http://knowledgableit.blogspot.com/ >
စိတ်ထဲ ဝမ်းနည်းတာ များလာတော့
ဟန်ဆောင်ပြုံးတတ်လာတယ်

ဘဝကဘဲ နာကျင်ပါ များလာတော့
ရပါတယ် အဆင်ပြေသွားမှာပါ ဆိုတဲ့စကားကို ပြောတတ်လာတယ်

ရင်ထဲ အရမ်းမွန်းကြပ်တာတွေများလာတော့
လူမသိသူမသိ စကားမပြောဘဲတနေရာမှာ ငြိမ်ငြိမ်လေးထိုင်နေချင်လာတယ်


ဒါပေမယ့်
ကံဆိုးပြီးရင် ကံကောင်းမှုတွေ
ကိုယ့်ဆီရောက်လာမှာပါဆိုတဲ့မျှော်လင့်ချက်လေးနဲ့  မျက်ရည်တွေသုတ်ပြီး
နောက်ထပ်တခါ လောကကြီးကို ရင်ဆိုင်ဖို့  မဲ့ပြုံးလေးပြုံးမိလိုက်ပြန်ပြီ~~~

 မူရင်း <http://knowledgableit.blogspot.com/ >

မင်္ဂလာဒုံမြို့နယ် ဘောဂရပ်ကွက်၌ အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်း ဓားဖြင့်လှီး၍ အသတ်ခံရ

နိုဝင်ဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊ ဘောဂရပ်ကွက် ဘောဂ ၂ လမ်းရှိ နေအိမ်တစ်အိမ်၌ အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသူ တစ်ဦးနှင့် မိခင်ဖြစ်သူတို့ လည်ပင်းအား ဓားဖြင့် လှီးသတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေသူများနှင့် သေဆုံးသူ၏ ဆွေမျိုးများထံမှ စုံစမ်းသိရှိရသည်။
သေဆုံးသူများမှာ မမြမြသန်း (ခ) ချောစု အသက် (၃၆) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မနှင်းအေးဝေ အသက်ကိုးနှစ်၊ လေးတန်းကျောင်းသူတို့ ဖြစ်ပြီး မနှင်းအေးဝေမှာ နေအိမ်အိပ်ခန်းတွင်း၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာဖြင့် သေဆုံးနေကာ မိခင်ဖြစ်သူ မမြမြသန်း (ခ) ချောစုမှာ နေအိမ်အနီး လမ်းမပေါ်၌ လည်ပင်းအလှီးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းအား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်နေ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုမှ သံသယတရားခံ စောထွန်းထွန်းအား ဖမ်းဆီးရမိပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန် (ဒုတိယညွှန်ကြားရေး မှူး)(မှုခင်း)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားသည်။

"စောထွန်းထွန်းကို နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ကျောက်ကြီးမှာ ဖမ်းဆီးရမိတာပါ။ အခုတော့ စစ်ဆေးနေတုန်းပဲ။ သူ့ကိုစစ်တဲ့နေရာမှာ စီစီတီဗွီကင်မရာတွေ တပ်ဆင်ပြီး စစ်နေပါတယ်။ လောလောဆယ်တော့ ရမန်ကြီး ချုပ်ရက် ယူထားတယ်" ဟု ဒုတိယ ရဲမှူးကြီး ဦးဝင်းစိန်က ပြောကြားသည်။

စာချုပ်တွေကပြုံးနေတယ်

 သစ်တောတွေ...
ကုန်သလောက်ဖြစ်နေပြီ..။

နှစ်တစ်ရာကျော်သစ်ပင်ဆိုတာစာအုပ်ထဲမှာပြန်ရှာရမလား.
ခရိုနီတွေ ဟာ..သစ်နဲ့ မြက်ကို...မှားပြီးရိတ်နေသလိုပဲ
..။

လူဆယ်ဖက်မကကြီးတဲ့သစ်ကို မြင်ဖူးဖို့နေနေသာသာ..
လူနှစ်ဘက်သစ်ပင်တောင် ပတ်ဝန်းကျင်မှာ မရှိတော့ဘူး..။

၂၅ နှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းကနေ
၁၉ ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တယ်..။

ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဟု ဆိုရာဝယ်

ခရိုနီဘက်ကလိုက်ပြီး ပြောတာလည်း မလုပ်ချင်ဘူး။ ခရိုနီတွေကို ဆော်တဲ့အတွက် လက်ခုပ်တီး တာမျိုးလည်း မလုပ်ချင်ဘူး။ သို့သော် ... ခရိုနီတွေကို တိုက်ခိုက်တာမျိုးကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်လို့တော့ မယူဆပါဘူး။ ခရိုနီတွေဖြစ်နေတာကိုတော့ ပြောရမှာပဲလေ။ သူတို့က Public Figure တွေပဲ။ စီးပွားရေးလုပ်ငန်းတွေ လုပ်နေကြတာပဲ။
ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ် ဆိုတာက ဘယ်လို တိုက်ခိုက်တာလဲ။ သူတို့က ခိုးဝှက်ပြီး၊ လက်ဝါးကြီးအုပ်ပြီး တိုင်းပြည် ရဲ့ ငွေတွေကို စားကြ သောက်ကြ၊ အမြတ်ကြီးထုတ်ကြ ၊ လက်ဝါးကြီးအုပ်ကြ ပြောတာမျိုးတွေ။

ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတင်သူ (မိန်းကလေး) များ သတိထားရန်

ဖေ့ဘုတ်မှာဓါတ်ပုံအရမ်းတင်ချင်တဲ့ ကိုယ့်အလှကိုအရမ်းပေါ်လွင်စေချင်တဲ့ ကျွန်တော်ခင်ရတဲ့
ညီမလေးတွေရော ကျွန်တော်နဲ့ မသိတဲ့ ညီမလေးတွေရော သတိပေးချင်ပါတယ်..
ကျွန်တော်ဆရာကြီးလုပ်တာမဟုတ်ပါဘူး..ဖြစ်နိုင်တဲ့ အန္တရာယ်ကိုကြိုပြီးသတိပေးတာပါခင်ဗျာ..
အခု လူပြောများနေတဲ့ GOOGLE တို့ FACEBOOK တို့က ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ
ရောင်းစားတယ်ပြောနေကြပါတယ်။ ဒါဟာလည်း ယေဘူရတော့ ကျွန်တော်တို့လို အပျော်တမ်း သုံးသူတွေကို သူတို့ကစိတ်မ၀င်စားပါဘူး။

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်

၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ဆုပန်ထွာက ဆေးလိပ်ဖြတ်ချင်သူများကို ကူညီမည်

ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ်စီးကရက်ဆိုင်ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဟု မင်းသမီးဆုပန်ထွာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။ ယင်းဆိုင်နာမည်ကို "Vape city" ဟု အမည်ပေး ထားပြီးအမေရိကန်နိုင်ငံမှ ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။

“ဒီဆေးလိပ်က ဆေးလိပ်စွဲနေသူတွေအတွက် အများကြီးထိရောက်မှုရှိပါတယ်။ နောက်ပြီး ဖွာနေရင်လည်း အငွေ့ထွက်ရင်ဘေးနားကလူတွေအတွက်ရော၊ ကလေးတွေအတွက်ရော ထိခိုက်မှုမရှိပါဘူး။အဲယားကွန်း ခန်းမှာလည်းသောက်လို့ရပါတယ်။ ဆေးလိပ်ပြာလည်း ခြွေစရာမလိုပါဘူး။ နီကိုဒင်းလည်းမပါတော့ ထိခိုက်မှုမရှိပါဘူး၊ မီးခြစ်လည်း မလိုပါဘူး”ဟု မင်းသမီး ဆုပန်ထွာက ပြောကြားသည်။

အိမ်ထောင်ပြုပြီးသွား ရင် အနုပညာ အလုပ်ကို မလုပ်တော့ ဘူးလို့ ကန့်သတ်ထား တာမျိုး မရှိပါဘူး ဆိုတဲ့ သက်မွန်မြင့်

ဒါရိုက်တာကိုဇော် (အရုဏ် ဦး) ရိုက်ကူးနေတဲ့ ‘ရင်ဖွင့်သံ’ ဇာတ်ကားကို သက်မွန်မြင့်က ဟိန်းဝေယံနဲ့အတူ ပါဝင်သရုပ် ဆောင်နေပါတယ်။

ဒီဇာတ်ကားထဲမှာ သက်မွန်မြင့် က မိသားစုအတွက် အနစ်နာခံရတဲ့သူအဖြစ် သရုပ်ဆောင် ထားပါတယ်။သက်မွန်မြင့်က “သက်မွန်အခု နောက် ပိုင်း ဇာတ်ကားတွေ ရိုက်တဲ့အခါမှာဇာတ်လမ်းလေး က လေးလေးနက် နက်လုပ်ရတဲ့ ဇာတ်ကားလေး တွေကိုရိုက်ရတာ ပိုပြီးသဘောကျလာတယ်။

၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ

အောင်မြင်မှုကို အချိန်တိုလေးအတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ ငယ်ရွယ်ပေမဲ့ ကာရိုက်တာ ၀င်အောင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမဟာ အင်တာဗျူး ဖြေတာတောင် အနုပညာအလုပ်တွေနဲ့ မအားလပ်လွန်းသူမို့ အင်တာဗျူးဖြေဆိုချိန်မှာတောင် ကားပေါ်ကမဆင်းနိုင်သူလေးပါ။

Monday, November 18, 2013

လစ်ဗျား လက်နက်ကိုင် ပြဿနာ ကြီးထွားလာ

လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့တော်မှာ အခြေ စိုက် နေတဲ့ လက်နက်ကိုင် တွေကို မြို့ထဲ ကနေ ထွက်ခွာ ပေးဖို့ ဆန္ဒပြခဲ့ သူတွေနဲ့ လက်နက် ကိုင် အဖွဲ့တွေ အကြား ထိပ်တိုက် ရင်ဆိုင် မှုတွေကြောင့် လူ ၄၀ လောက် သေဆုံး ခဲ့ရ အပြီး အဲဒီမှာ အခြေ အနေတွေ တင်းမာ နေပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်တာ ကာလဟာ ဂဒါဖီ အစိုးရ ပြုတ်ကျ ခဲ့ပြီး ကတည်းက ဆိုရင် အခြေအနေ အဆိုးဝါးဆုံး ကာလလို့ ပြောရမှာ ဖြစ်ပါတယ်။ လက်နက် ကိုင် အဖွဲ့တွေ အချင်းချင်း တိုက်ကြ ခိုက်ကြ၊ အဲဒီ ကနေ အခုဆို ဆန္ဒပြတဲ့ အရပ်သားတွေ သေဆုံးတဲ့ အထိ ဖြစ်ခဲ့ရ တာပါ။

ပဲရစ်မြို့မှာ ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ သတင်း သမား တွေကို ၄ ရက် အတွင်း ဒုတိယ အကြိမ် သေနတ်နဲ့ ထပ်မံ တိုက်ခိုက်မှု တခု ဖြစ်ပွား ခဲ့တဲ့ နောက် လက်နက် ကိုင် ရဲတပ်ဖွဲ့တွေကို အဓိက သတင်းစာတိုက် တခု အပြင်မှာ ချထား လိုက်ပြီး ကမ္ဘာကျော် ရှမ်ဇီလေဇီ လမ်းမကြီး အပေါ်မှာ လုံခြုံရေး ရဟတ်ယာဉ် တွေလည်း ဝဲပျံနေပါတယ်။

ပဲရစ် မြို့လယ်က သတင်းစာတိုက် တခုမှာ အမျိုးသား တဦးကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ လူလို့ သံသယရှိသူ သေနတ် သမားရဲ့ နောက်ကို ရဟတ်ယာဉ် တစင်းနဲ့ ခြေရာခံ လိုက် နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
 Blogger

Myanmar CNN