မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, November 24, 2013

တိုကျိုမှာ “၀ိညာဉ်ဘက်”နဲ့ “သူငယ်ချင်းလေးပါပဲ”ကို ပေါင်း၍ဖျော်ဖြေမယ့် စိုင်းစိုင်းခမ်းလှိုင်

အာဆီယံ-ဂျပန် ဂီတပွဲတော်သို့ မြန်မာနိုင်ငံမှ သွားရောက်ဖျော်ဖြေမယ့် စိုင်းစိုင်းခမ်းလှိုင်က ၀ိညာဉ်ဘက်နှင့် သူငယ်ချင်းလေးပါပဲ သီချင်းနှစ်ပုဒ်ကို ပေါင်း၍ ဖျော်ဖြေမည်ဟု ပြောသည်။
ယင်းဂီတပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဂျပန်နှင့် အာဆီယံနိုင်ငံများမှ နာမည်ကြီးအနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
““တိုကျိုမှာ အာဆီယံ-ဂျပန်  Music Festival ရှိပါတယ်။ အ ဆီယံနိုင်ငံတွေက နာမည်ကျော် အဆိုတော်တစ်ယောက်နဲ့ ဂျပန် နိုင်ငံက အဆိုတော်တွေနဲ့ ဂီတပွဲတော်ကို နိုဝင်ဘာ ၂၈ ရက်မှာ တိုကျိုမှာ ပြုလုပ်မှာပါ။ ကျွန်တော် အဲဒီမှာ သွားရောက်ဖျော်ဖြေဖို့ ရှိပါတယ်”” ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

ယင်းဂီတပွဲတော်၌ နိုင်ငံတစ်နိုင်ငံလျှင် လေးမိနစ်ခန့် ဖျော်ဖြေချိန်ရရှိမည်ဖြစ်သောကြောင့် ၀ိညာဉ်ဘက်သီချင်းနှင့်  သူငယ်ချင်းလေးပါပဲ သီချင်းနှစ်ပုဒ်ကို ပေါင်း၍သီဆိုရန် ရွေးချယ်ထားကြောင်း ၎င်းကဆိုသည်။
ယင်းဂီတပွဲတော်သို့ နိုဝင်ဘာ ၂၆ ရက်တွင် သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် နိုဝင်ဘာ ၁၆ ရက် တွင် စတင်ခဲ့သော Focus Online Audience Choice Award 2013 ဆုအတွက်လည်း စိုင်းစိုင်းခမ်းလှိုင်က မဲအများဆုံးရရှိနေရာ စိုင်းစိုင်းခမ်းလှိုင်က ““ Focus Online ကနေပြီးတော့ ပရိသတ်တွေ ဘယ်အနုပညာရှင်ကို အချစ်ဆုံးပဲဆိုပြီး vote လုပ်ခိုင်းတယ်။ အဲဒီမှာ ကျွန်တော်က အမှတ်အများဆုံးရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပရိသတ်တွေက ကျွန်တော့်ပုံကို Like လုပ်တယ်။ ဒီ Page ကို Share တယ်ဆိုတာ သိရတယ်။ အဲဒီလိုမျိုး ပရိသတ်တွေရဲ့ မေတ္တာကို ရတဲ့အတွက် စိုင်းစိုင်းဖြစ်ရကျိုးနပ်တယ်လို့ ခံစားရပါတယ်”” ဟု ပြောသည်။
  http://www.7daydaily.com/

No comments:

 Blogger

Myanmar CNN