မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 18, 2013

ရွှေမှုံရတီ - ပရိသတ်ရဲ့အားပေးမှုကိုရတဲ့ လူတစ်ယောက်လို့ပဲစိတ်ထဲမှာ ခံယူထားတယ်

အနုပညာပျိုးခင်းက ရွှေမှုံရဲ့ အနုပညာဘ၀တစ်ခုပါပဲဆိုတဲ့သရုပ် ဆောင်ရွှေမှုံရတီက `လတ်တလော မှာ ဒါရိုက်တာ ညိုမင်းလွင် ရိုက်နေ တဲ့ ဗီဒီယိုဇာတ်ကားမှာ အန်ကယ် လေး၊ မဇာလေး၊ သွန်းဆက်တို့နဲ့ အတူပါဝင်သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အိမ်လေးက သူများနဲ့ မတူ ဘူး ထူးခြားတယ်။ ရွှေမှုံရိုက်ဖူးတဲ့ ဇာတ်အိမ်တွေထက် ပိုဆန်းတယ်။ အရမ်းလည်းကောင်းတယ်။ အခက် အခဲကတော့ မရှိပါဘူး။ ဒါပေမဲ့ အံ ၀င်ခွင်ကျမဖြစ်တဲ့ ဇာတ်အိမ်မျိုးဆို တော့ ပထမတစ်ရက်လောက်တော့ နည်းနည်းလေးအဆင်မပြေဘူး။ နောက်ပိုင်းရက်တွေကျတော့အဆင် ပြေသွားပါတယ်။ ပြီးတော့ ရွှေမှုံက ဇာတ်လမ်းရွေးချယ်တဲ့နေရာမှာ အမေလည်းဖတ်တယ်။ ထုတ်လုပ် ရေးတွေက လာပေးတဲ့ဇာတ်လမ်း တွေက ကိုယ်ရိုက်ချင်တဲ့ပုံစံတွေနဲ့ ကွက်တိဖြစ်နေတဲ့အတွက် သိပ်ပြီး ရွေးစရာမလိုဘူး။ လက်ရှိမှာလည်း ကိုယ့်ကိုယ်ကိုယ်အောင်မြင်လာတဲ့ မင်းသမီးတစ်ယောက်လို့မသတ်မှတ် ပါဘူး။ ပရိသတ်ရဲ့အားပေးမှုကို ရတဲ့ လူတစ်ယောက်လို့ပဲ စိတ်ထဲမှာ မှတ် ယူထားတယ်။ အောင်မြင်တယ်လို့ လည်းမယူဆဘူး။
ရွှေမှုံခံယူချက်က တော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင် ပြီလို့ထင်တဲ့နေ့ဟာ ကျဆုံးတဲ့နေ့ပဲ ဆိုပြီးခံယူထားတယ်။ ဒီအလုပ်အ ပေါ်မှာကိုယ်ယူထားတဲ့ တာဝန်တစ် ခုကို ကျေအောင်ကြိုးစားမယ်ဆိုတဲ့ စိတ်၊ မပြီးပြီးအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ကြိုးစားတယ်။ ဥပမာ တစ်ခု ပြောရရင် ရွှေမှုံအရမ်းနေမကောင်း ဖြစ်နေတဲ့အခါ ဇာတ်ကားရိုက်ခဲ့ရ တယ်။ ဒါပေမဲ့ ရိုက်ကွင်းပေါ်ရောက်သွားရင် အရမ်းနေကောင်း တဲ့လူတစ်ယောက်လိုဖြစ်သွားတဲ့ စိတ်မျိုးနဲ့ ကြိုးစားတယ်။ ပရိသတ် အားပေးမှုရလာတဲ့အတွက်လည်း ကြိုးစားရကျိုးနပ်ပါတယ်။ ပရိသတ် အမြင်မရိုင်းအောင်၊ မရိုးအောင် အမြဲတမ်း ကြိုးစားသွားမှာပါ။ ရွှေမှုံ က ဖက်ရှင်အနေနဲ့ လက်ရှိမှာ အမြဲတမ်း Free Style လေးတွေကိုပဲ တ စိုက်မတ်မတ်ဝတ်ဖြစ်တယ်။ စမတ် ကျကျဝတ်ရမယ့် နေရာမျိုးတွေသာ စမတ်ကျကျဝတ်တယ်။ ကျန်တဲ့အ ချိန်တွေမှာတော့ အဆင်ပြေသလိုပဲ ၀တ်ဖြစ်ပါတယ်။

8 DAYS A WEEK ENTERTAINMENT

1 comment:

Anonymous said...

ရွှေမှုံရတီလေးက ချစ်စရာလေးနော်

 Blogger

Myanmar CNN