မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 25, 2013

ယခုနှစ် အကယ်ဒမီ အတွက် အကယ်ဒမီအောင်ခိုင်၏အကြံပြုချက်


ငရဲသားဆိုသည့် မြန်မာရုပ်ရှင် ဇာတ်ကားဖြင့် အကယ်ဒမီထူးချွန်ဆု၊ အကယ်ဒမီရွှေစင်ရုပ်တုကို သိမ်း ပိုက်ထားနိုင်ခဲ့သည့် အကယ်ဒမီ အောင်ခိုင်သည် ရုပ်ရှင်လောက တွင် ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများ အရ တက်ရောက်ခဲ့ဖူးသည့် အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားများစွာ ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့်လည်း ယခုနှစ် ၂ဝ၁၂ခုနှစ်   မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးအပ်ပွဲကြီးအတွက် ယခုလိုပင် အကြံပြုစကားဆိုခဲ့သည်။
“အခု ဦးအောင်ခိုင်ဆောင်း ပါးတစ်ခုလည်း ရေးနေပါတယ်။ ‘ရွှေ ကြက်ဖရုပ်ရှင်ပွဲတော်ကြီးဆီမှနေ   မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့’ ဆို ပြီး ရေးနေပါတယ်။ ဆိုလိုတာ မနှစ် က အဆင်မပြေအသံတွေ အများ ကြီး ပြန်ကြားခဲ့ရတယ်။ ဒီနှစ်မှာ တော့ ရွှေကြက်ဖရုပ်ရှင်ပွဲတော်က ပြန်လာတဲ့အချိန်မှာ Report ပြန် တင်တဲ့အချိန်မှာ ဦးအောင် ခိုင်အကြံ ပြုထားတာရှိပါတယ်။အခုထပ်ပြီး တော့လည်း ပေါ်ပြူလာဂျာနယ်က နေ ပြောချင်ပါတယ်။ အဲဒါဘာလဲ ဆိုတော့ တရုတ်ပြည်က ရွှေကြက်ဖ ပွဲတော်ဆိုတာ
ဦးအောင်ခိုင်တို့ဆီမှာ ဆိုရင် အကယ်ဒမီဆုပေးတာပါပဲ။
အဲဒီမှာ သူတို့တွေရဲ့စင်ဆောက်ထား တဲ့ ပုံစံတွေကို အများကြီး ကြုံတွေ့ ခဲ့ရပါတယ်။  သူတို့ ဆီမှာ ဘာတစ်ခု ရှိလဲဆို တော့ Media Room ဆို တာ ကို သတ် သတ် ပေးထားပါ တယ်။ ဒီမှာ အဲဒါမရှိ သေးပါဘူး။ မီဒီယာဆိုတာကတော့ ကိုယ့်သတင်းကို ကိုယ်ရအောင် ယူကြ မှာပဲေ လ။ သတင်းထောက်တွေကို လည်း ကိုယ်ချင်းစာရမယ်။ မနှစ်က အကယ်ဒမီမှာ ကိုယ်လူချောအဖွဲ့ အယောက် ၅ဝ ကျော်လောက်သုံးပြီး တော့ တားဆီးတာတောင် မရပါဘူး။ မနှစ်ကလိုမဖြစ်အောင်ဦးအောင်ခိုင် အကြံပေးထားတာကတော့ Media Room ကို သတ်သတ်မီဒီယာတွေ အတွက်သီးသန့်အခန်းလုပ်ပေးထား ရင် အနုညာ သမားအကယ်ဒမီဆုယူ ပြီးတာနဲ့ Media Room ခေါ်ပြီး မေး မြန်းကြမယ်ဆိုရင်အားလုံးအေးအေး ဆေးဆေးနဲ့ လုပ်လို့ရသွားမယ်။ အဲဒီ လိုတော့ အကြံပေးထားတယ်။   နောက်  ပြီး  အဲဒီမှာ ဘာတစ်ခု ကောင်းလဲဆို  ရင် VIP ဆိုတာမရှိဘူး။ အထူးဧည့် သည်တော်လည်း ဒီBox   ထဲမှာပဲ။ အနုပညာသမားတွေလည်း ဒီ Box  ထဲမှာပါပဲ။ တစ်ခုပဲရှိတယ်။  Public  နဲ့ အနုပညာသမားခွဲထားပေးတာပဲရှိ တယ်။ ကျန်တာဘာမှ မရှိဘူး။ ဒီက အကယ်ဒမီပေးပွဲမှာကျတော့ VIP တွေစင်ဘက်ကို မျက်နှာလှည့်ပြီး စင် ဆောက်ရတာတို့ ဘာတို့ ဖြစ်တဲ့အခါ ကျတော့ အကယ်ဒမီစင်မြင့်ဆောက် လုပ်ရတဲ့နေရာဟာအင်မတန်ကို ကျဉ်းသွားတယ်။ ဒီနှစ်ကတော့ ဆီးဂိမ်း ကလည်း ရှိနေတဲ့ အတွက် အကယ် ဒမီကို ဘယ်နေရာမှာ ကျင်းပမလဲ ဆို တာ မသိနိုင်သေးဘူး။ ဦးအောင်ခိုင် တို့ အစည်းအရုံးက မေတ္တာရပ်ခံ ထားတာက တစ်နှစ်အကယ်ဒမီကို နောက် တစ်နှစ်မကူးစေဖို့ဘဲ။” ဟု ဦးအောင်ခိုင်က ယခုနှစ် အကယ် ဒမီအတွက် အကြံပြုချက်များကို ပြောပြခဲ့သည်။
ထက်လူလူ
 popularmyanmar

No comments:

 Blogger

Myanmar CNN