မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, November 6, 2013

သားအချစ် မြေးအနှစ်ဆိုရိုးစကား
အခုမှလက်တွေသိလိုက်ရတယ်……
ငယ်စဉ်အခါ လဝါဝါမှာ……
ပုံတွေပြောပြ နှိုင်းတုဆလို့ 
အတွေးတွေကိုဆန်းသစ်စေသူ…

အိုကွယ့်ငါ့မြေးလှပဂေးလေးရေ…
ပုံပြင်အမျိုးမျိုး အတွေးဆင်သလို့ 
စိတ်အားထက်သန် ကြိုးစားမာန်ကို
တိုးတက်ဖွံ့ဖြိုး ဦးနှောက်အသိတိုးဖို့ …။


ခုကွယ် ဘယ်များမသိငြားလည်း
ငါ့မြေး လှပဂေး ဘယ်မှာကြားမလဲ
တသသဆို တမ်းတသည်ဟု
တစ်ဆင့်စကား တစ်ဆင့်ကြား၏။

ရေမြေတွေခြားဘဝသမားမို့ 
မိဘ ဆွေမျိုး အဘိုးအဖွားတို့ 
တမ်းတသော်လည်း မဖြစ်နိုင်ရာ
ယခုအခါမှာ……… ဘဝအတွက်ကြိုးစားနေသူအဖို့ ။

အခြေရယ်ကောင်း အောင်မြင်ခဲ့ လို့ 
အခွင့်ရယ်သာ ကြိုးစား ရှာလို့ 
ပြန်ခွင့်ရလျှင် အားပေး ကျေးဇူး
ရှိခိုးချင်သည် ဇရာအိုထောင်း
အို အဖိုး အဖွားတို့ ……
အမေ့မြေး လှပဂေးလေး
တစ်ခါ ပုံပြင် ပြောပြဖို့ …။

နန်းမြင့်ဝင်း
                ကဗျာရွာငယ်လေးမှကူးယူသည်။

2 comments:

လွမ်းရိပ်​ ( ကဗျာကရာ​လေး ) said...

အရမ်း​ကောင်းတယ်​ဗျာ မိုက်တယ်

Unknown said...

ကျွန်တော်ဘလော့ကိုလာလည်သွားတဲ့ လွမ်းရိပ် ကဗျာကရာလေးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ နောက်လဲဝင်လည်ပါနော် ။ကဗျာကိုကောင်းတဲ့လို့ ပြောတဲ့အတွက်ရောကျေးဇူးတင်ပါတယ်။

 Blogger

Myanmar CNN