မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Sunday, November 24, 2013

“ပျိုး” ကို ယခင်ဇာတ်ရုပ်များအတိုင်း သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်

စတုတ္ထမြောက်နှင်းဆီကကြိုးအဖြစ် ရိုက်ကူးထားသော နှင်းဆီနန်းတော်ဇာတ်ကားတွင် ပါဝင်သည့် “ပျိုး” ၏ ဇာတ်ရုပ်ကို ယခင်ဇာတ်ကားများအတိုင်း သရုပ်ဆောင်နိုင်ခဲ့ကြောင်း အိန္ဒြာကျော်ဇင်က ပြောသည်။
““အရင်တုန်းကကားတွေရိုက်တုန်းကတော့ အိမ်ထောင်မကျသေးဘူး။ အခု ပြန်ရိုက်တဲ့အခါ အဲဒီကားမှာပါတဲ့ ပျိုးဆိုတဲ့ ဇာတ်ကောင်ကို ပြန်ယူရတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကို ဖတ်တဲ့အချိန်မှာရော ရိုက်တဲ့အချိန်မှာရော အရင်ဇာတ်ကောင်ကို ပြန်ရခဲ့ပါတယ်”” ဟု အိန္ဒြာကျော်ဇင်က နှင်းဆီနန်းတော်ဇာတ်ကားတွင် ပါဝင်သည့် ဇာတ်ရုပ်နှင့်ပတ်သက်၍ ပြောသည်။

ယင်းဇာတ်ကားတွင် ယခင်ရိုက်ကူးခဲ့သော ဇာတ်ကားများနှင့် မတူညီဘဲ   ဆန်းသစ်မှုများ ပြုလုပ်ထားကာ  လတ်တလော ခေတ်စားနေသော ဖေ့စ်ဘွတ်ခ် နှင့် ပတ်သက်သည့် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကွက်များပါဝင်ပြီး ဖျော်ဖြေရေးကို အဓိကဦးစားပေးရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ကြောင်း အိန္ဒြာကျော်ဇင်က ပြောကြားသည်။
သရုပ်ဆောင်အဖြစ် ဇာတ်ကားများ ပြန်လည်ရိုက်ကူးသော်လည်း တစ်လလျှင်တစ်ကားနှုန်းသာ ရိုက်ကူးပြီး ကျန်သည့်အချိန်များတွင် သမီးဖြစ်သူ ပြေသုဒြာအတွက် အချိန်ပေးဖြစ်ပြီး ပြေသုဒြာ၏ ပုံများကိုလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် တင်ပေးဖြစ်ကြောင်း ၎င်းကဆိုသည်။
နှင်းဆီကကြိုးကို ၂၀၀၃ တွင် စတင်ရိုက်ကူးခဲ့ကာ ဒုတိယမြောက် နှင်းဆီကကြိုးအဖြစ် ၂၀၀၅ တွင် ချောကလက်ဝိုင်၊ တတိယမြောက် နှင်းဆီကကြိုးအဖြစ် ၂၀၀၈ တွင် နှင်းဆီနက္ခတ်ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က လူမင်း၊ အိန္ဒြကျော်ဇင်တို့ နှင့် ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုကို ရရှိခဲ့သည်။

No comments:

 Blogger

Myanmar CNN