မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 25, 2013

အွန်လိုင်းပေါ်က စိတ်ဝင်စားဖွယ် အဖြူရောင်ရဲတိုက်

လတ်တလောမှာတော့ အွန်လိုင်းပေါ်မှပရိသတ်များကြား ရေပန်းစားနေတဲ့ ‘အဖြူရောင်ရဲတိုက်’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အမျိုးမျိုးကြားနေရပါတယ်။ ‘အဖြူရောင်ရဲတိုက်’ ရုပ်ရှင်ဇာတ်ကားကိုတော့ ရွှေတောင် ထုတ် လုပ်ရေးကစီစဉ်ပြီးစာရေးဆရာမလွန်းထားထား(ဆေးတက္ကသိုလ်)ရဲ့ ‘အဖြူရောင် မြစ်တစ်စင်းရဲ့ လျှို့ဝှက် ချက်’ ဝတ္ထုကို နေစိုးသော်က ဇာတ်ညွှန်း ရေးသားထားပါတယ်။ ‘အဖြူရောင် ရဲတိုက်’ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပြီး နေတိုး၊ ပြေတီဦး၊
အိန္ဒြာကျော်ဇင်၊ ကောင်းပြည့်၊ သန္တာဗို၊ ချိုပြုံးနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ် ဆောင်ထားကြပါတယ်။ ၄င်းရုပ်ရှင်ဇာတ်ကားကိုတော့ နိုဝင်ဘာ ၈ ရက် နေ့မှာ စတင် ရုံတင်ပြသခဲ့ပြီး လက်ရှိလည်း ရုံတင်ပြသနေဆဲဖြစ်သလို ပရိသတ်ကြိုက်နှစ်သက်မှု ရရှိ နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကား ပုံစံကတော့ ပုဂံမြို့ရဲ့ ရှုခင်းအလှအပ၊ ရှေးဟောင်းအမွေ အနှစ်ဘုရားတွေကိုပါ ထည့်သွင်းရိုက်ကူးထားကာ ရိုမန့်၊ ဒရာမာဇာတ် ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ် ကားကို ရုံတင်ပြ သနေစဉ်အတွင်းမှာပဲ ပရိသတ်တွေရဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။နေတိုးရဲ့ ပရိသတ် တွေဖြစ်တဲ့ We Love Nay Toe Group က ရန်ကုန် သမ္မတရုပ် ရှင်ရုံနဲ့ မန္တလေး ဝင်းလိုက် ရုပ်ရှင်ရုံတွေမှာ နိုဝင်ဘာ ၁ဝ ရက်နေ့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဇာတ် ကားမှာ နေတိုးရဲ့ ဇာတ်ဝင်ခန်း ပါဝင်မှုအပေါ် အားမရ ဖြစ် ခဲ့ကြတဲ့ နေတိုးရဲ့ ပရိသတ်တွေက ဖေ့စ်ဘုတ်စာ မျက်နှာ ပေါ်မှ တစ်ဆင့် ဝေဖန်ကြရာ အဆိုပါ အကြောင်းအရာကို ဂျာနယ်တစ်စောင်မှလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
‘အဖြူရောင်ရဲတိုက်’ ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သူ များဘက်မှ သူတို့ရဲ့ထင်မြင်ယူဆ ချက်များကို အင်တာနက်စာမျက် နှာကနေ ရေး သားဖော်ပြထားတာ က ဇာတ်ကားမှာ နေတိုးပါဝင်သရုပ် ဆောင်ရတဲ့ အခန်းကနည်းကြောင်း၊ ပြေတီဦးကိုအသားပေးလွန်းကြောင်း၊ နေတိုး အတွက်လုပ်ကွက်မရှိကြောင်း ဖော်ပြ ထားပါ တယ်။အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးပြေတီဦးက နိုဝင်ဘာလ ၂၃ရက်နေ့၊မနက်၉နာရီရုပ်ရှင်အ စည်းအရုံး မှာ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ရုပ်ရှင်အ စည်း အရုံးအနေနဲ့ အနုပညာလောက သား အချင်းချင်း ပြေလည်စေချင်တဲ့ အတွက် နိုဝင်ဘာလ ၂၁ရက်နေ့၊ ညနေ ၆နာရီက ရုပ်ရှင်အစည်းအရုံး မှာပဲတွေ့ဆုံညှိနှိုင်းဖို့စီစဉ်ခဲ့ ပါတယ်။ ညှိနှိုင်းမှုကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်း၊ နာယကဦးစိုးမိုး၊ ပြေတီဦး၊ နေတိုး၊ အိâန္ဒာကျော်ဇင်၊ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ ရွှေ တောင်ထုတ် လုပ်ရေးမှ မခင်မာဝင်းတို့တွေ့ဆုံခဲ့ကြ ပါတယ်။ ဒီလိုဆွေးနွေးမှုများအပြီး စာနယ်ဇင်းရှင်းလင်းပွဲမပြုလုပ်တော့ဘဲ ပြေပြေလည်လည်နဲ့ ပြီးဆုံးခဲ့တာ ကြောင့် ညှိနှိုင်းမှုအပြီးမှာ  တွေ့ ဆုံမေး မြန်းမှုများကိုဖော်ပြပေးလိုက်ရပါတယ်။
လူမင်း-
အနုပညာရှင်တွေအချင်းချင်း၊ အားပေးတဲ့ပရိသတ်တွေအချင်းချင်း စိတ်ဝမ်းမကွဲဖို့၊ ပြေလည်ဖို့ပါပဲ။ နေတိုး ရော၊ ပြေတီဦးရောက ကိုယ့်ညီအစ်ကို အရင်းလိုဖြစ်နေတယ်။ တစ်ယောက် နဲ့တစ်ယောက်က အမုန်းတွေရှိနေရမယ့်သူတွေလည်းမဟုတ်ဘူးလေ။ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး တစ်ဖက်က လည်း ရှင်းလင်းပွဲလုပ်မှာတွေကို မဖြစ် စေ ချင်ဘူး။အကုန်လုံးကိုခေါ်ပြီး အချင်းချင်းနားလည်မှုလွဲတာလေး တွေကိုပြောကြတာ။အဓိကကအွန်လိုင်း မှာဖြစ်ကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး   We Love Nay Toe Group ပရိသတ်တွေက သိချင်တာတွေကိုလည်း ဒါရိုက်တာ အနေနဲ့တာဝန်ယူဖြေရှင်းတောင်းပန် ဖို့ကို အားလုံးဆွေးနွေးပြီးသွားပါပြီ။ တစ်ယောက်နဲ့တစ်ယောက်က စိတ်ထဲ ဘာမှလည်း မရှိကြပါဘူး။ ဒီလို ကိစ္စ မျိုးလေးတွေ ကြားဝင်ဖြေရှင်းပေးလို့ ပြေလည်သွားတော့လည်း ဝမ်းသာရ ပါတယ်။
‘အဖြူရောင်ရဲတိုက်’ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းမှ
နေတိုး-
“ဒီလိုမျိုး ဖြစ်တဲ့အပေါ်မှာ တာဝန်ရှိတဲ့ ဒါရိုက်တာကလည်းဝန် ခံတယ်။ ဒီလိုမျိုးတွေရှင်းလာတဲ့အခါ အနုပညာသမားအချင်းချင်းတွေ မျက်နှာပျက်စရာတွေဖြစ်လာမယ်။ တာဝန်ရှိဆုံး ကိုဇော်ရဲ့ အင်တာဗျူး တစ်ခုကြောင့်သာ ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်လေးနဲ့ မတူညီတဲ့ အချက်လေးတွေ ဖြစ်ပေါ်လာတယ်။   ကိုဇော် ပြောပြတာက ဇာတ်ကား ရိုက်ကူးတုန်းက ဝတ္ထုအတိုင်း ရိုက်ပါ တယ်လို့ အင်တာဗျူးဖြေခဲ့တယ်။ ဝတ္ထု နဲ့ မတူတာကို ချက်ချင်းမတုန့်ပြန်တဲ့ အပေါ် ဒီလောက်အထိ အထင်အမြင် လွဲစရာေ တွဖြစ်လာတယ်လို့လည်း ရှင်းပြတယ်။ ရိုက်ကူးမှုရဲ့ နောက် ကွယ်မှာ ဖြစ်ရပ်တွေကတော့ အများ ကြီးရှိပေမယ့် ဒါတွေက မှန်တာတွေ ရှိပေမယ့်ပရိသတ်ကိုထုတ်ဖော်ပြော လို့မရနိုင်တဲ့အခက်အခဲတွေအများ ကြီးရှိတယ်။ ဖြစ်ပျက်ခဲ့တဲ့အပေါ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ဘာတွေပဲ ဖြစ်ဖြစ်သည်းခံခွင့်လွတ်တဲ့ စိတ်နဲ့ နားလည်ပေးစေချင်တယ်။ အဲဒီလို ပရိသတ်ရဲ့ ဝေဖန်တဲ့ အချက်တွေက ကိုဇော်ပြောခဲ့တာနဲ့ ပြန်တွဲ ကြည့် မယ်ဆိုရင် ပရိသတ်ဘက်က မှန်နေ တာလည်းရှိတယ်။ဒါရိုက်တာကိုဇော် ဘက်ကလည်း ကားရှည်လို့ ဖျက် တောက်လိုက်တဲ့ဆင်းန်တွေမှာ ကျွန်တော်ပါဝင်တဲ့ ဇာတ်ဝင်ခန်းလေး တွေလည်းပါသွားတာ ပရိသတ်တွေ ကို နားလည်ပေးစေချင်ပါတယ်။ ဒီထက် မက ငြင်းခုံရတာမျိုးတွေ မဖြစ်စေချင် တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ကိုယ်လုပ်ရ မယ့် အနုပညာခရီးမှာအနုပညာသမား ဆို တာပရိသတ်ရဲ့ လက်ခုပ်သံနဲ့ အသက်ရှင်ရတာဆိုတော့ ပရိသတ်ရဲ့ ယုံကြည်မှုအပေါ် ဒါရိုက်တာရဲ့ မှား ယွင်းစွာတင်ပြမှု တစ်ခုအပေါ်မှာရော၊ နောက် ကွယ်ကပြောပြလို့မရတဲ့ဖြစ် ရပ်တွေ အပေါ်မှာရော တောင်းပန် တယ်ဆိုေ တာ့ ပရိသတ်ကျေနပ်မယ် လို့ထင်ပါတယ်။ အကုန်လုံးပြေပြေ လည်လည် ဖြစ်သွားပါပြီ။ ဒါက ကိုယ်တွေရဲ့ သင်ခန်းစာဖြစ်သလို ပရိသတ်ရဲ့ ယုံကြည်လေးစားမှုကို အမြဲတမ်းအလေးထားနေတဲ့ ကြားထဲ ကနေဖြစ်သွားတဲ့အပေါ်မှာ ရိုက်ကူး စီစဉ်မှုအားနည်းခဲ့လို့လို့မြင်တယ်။အနု ပညာလောကထဲမှာ အားလုံးက ခင်ခင် မင်မင်ရင်းရ င်းနှီးနှီးရှိနေကြမှာပါ”
ပြေတီဦး-
“အစ်ကို့ဆီကို ကိုလူမင်းက ဖုန်းဆက်တယ်။ ဒီပြဿနာက ကိုယ့် အချင်းချင်းပဲ ဆွေးနွေးလိုက်ပါလား။  နေတိုးနဲ့လည်း ဖုန်းပြောပြီးပါပြီ။ သူ့ မှာလည်း အဲဒီလိုဆန္ဒရှိ ပါတယ် လို့ ပြောတယ်။ တွေ့ဖြစ်ကြတော့ ကိုယ် တို့အပေါ်မှာ အထင်မြင် လွဲထားတာ လေးတွေရှိတာကိုအစအဆုံးတစ် ချက်ချင်းရှင်းပြတယ်။ အဓိကကတော့ အစ်ကိုတို့ မင်း သားတွေ ကားရိုက် တယ်ဆိုတာ ဝတ္ထုကိုဖတ်ပြီး ကြိုက်မှ သာ ရိုက်လို့ရတယ်။ ဖတ်ပြီး ကြိုက် တယ်ဆို အခန်းစဉ်လေးတွေ ထုတ် ပြီးပြတယ်။ ဒါကို ကျေနပ်တယ် ဆို ဒီအခန်းစဉ်အတိုင်းဇာတ်ညွှန်းရေး ပြီး ရိုက်ကြတာ။ ကိုဇော်ကပေးတဲ့ အခန်းစဉ်အတိုင်း နေတိုးကလည်း ရိုက်ခဲ့တာလို့ ပြောပါတယ်။ အခု ရုံ တင်ပြသနေတဲ့ အခန်းစဉ် အားလုံး က ပေးထားတဲ့ အထဲက အတိုင်းပဲဆို တာ တိုက်ပြတယ်။ နောက်ဝတ္ထုမှာ ပါတဲ့ စာမျက်နှာနဲ့ ပါတိုက်ပြပေး တယ်။ပေးထားတဲ့ အခန်းစဉ်ထဲမှာ မပါဘဲ ရိုက်လိုက် တာက ကိုယ်အိမ် ပြန်ရောက်ပြီး သေတဲ့အခန်းပဲရှိ တယ်။ နေတိုးအတွက် ထပ်ပြီး ရိုက် တာက နှစ်ဆင်းန်ရှိတယ်။ ဖြုတ်တဲ့ နေရာမှာဆိုလည်း အစ်ကို့ဆင်းန် က ခုနစ်ဆင်း န်၊ နေတိုးက ငါးဆင်းန် ပဲရှိတယ်။ကားတစ်ကားလုံးမှာ အခန်း အရေတွက် ပြန်ရေကြည့်ရင် နေတိုး က ရှစ်ဆင်းန်ပိုများတယ်။ ဇာတ်ရဲ့ ရှေ့ပိုင်း မိနစ်၂ဝလောက်ထိကိုယ့် ရဲ့ အရုပ်လုံးဝမပါဘူး။ ကားတစ်ဝက် ကျော်မှ ကိုယ့်ရဲ လုပ်ဆောင်ချက်ပါ တဲ့ အခန်းလေးတွေ စပါတယ်။  ဝတ္ထု ကို ရွေးတဲ့အခါ နေတိုးက ဝတ္ထုကို အရင်ဖတ်ပြီးတော့ သူက ဒီနေရာမှာ လိုက်ဖက်တဲ့အတွက် ရွေးထားပြီး သား၊ ပြီးမှကျန်တဲ့နေရာကိုကိုယ်ကဝတ္ထုဖတ်ပြီးရိုက်တာ။ နေတိုးရော၊ နေတိုးအမေရော၊ အစည်းအရုံးလူကြီး တွေရော၊ ဒါရိုက်တာရော၊ ထုတ်လုပ် သူရော အားလုံးလက်ခံကြတယ်။ အဲ ဒါကြောင့် အားလုံးအဆင်ပြေ ချောမွေ့ စွာနဲ့ဘာမှပြောစရာမလိုဘဲ အဆင်ပြေ သွားပါတယ်။ ဒီအကြောင်း အရာ လေးဖြစ်တဲ့အချိန်မှာ ဖေ့စ်ဘုတ်ပေါ် ကို တင်ခဲ့တဲ့ ပို့စ်တွေ တင်ခဲ့တာတွေ အားလုံးကလည်း မှန်ကန်တယ်ဆိုတာ ကိုလည်း ညီလေးနေတိုးက သဘော တူပေးပါ တယ်။ တကယ့် ညီအစ်ကို အတိုင်းပါပဲ။ အလုပ်တွေလည်း ဆက် လုပ်ကြမှာပါ။  ကိုယ်တို့ ချစ်ခင်ကြတဲ့ သံယောဇဉ်နဲ့ဆို ဒီပြဿနာလေးက ဘာမှမပြော ပလောက်ပါဘူး။  We Love Nay Toe Group အဖွဲ့ဝင်အားလုံးကို လည်းကျွန်တော်ကကျေးဇူးတင်ပါတယ်။သူတို့ တွေက အနုပညာသမားတွေကို အားပေးနေတဲ့သူတွေ ဖြစ်နေလို့ ပါ။အနု ပညာသမားဘယ်သူ့ကိုပဲအား ပေးအားပေး သူတို့အားပေးတာက အနုပညာ လောကကြီးကို ကျေးဇူးပြု ရာရောက်ပါတယ်။ ဘာပြဿနာ၊ ဘာအာဃာတတွေမှလည်း မရှိကြပါ ဘူး”
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)-
ဒီကိစ္စက သူ့ကိုချစ်တဲ့ပရိသတ်၊ ကိုယ့်ကိုချစ်တဲ့ ပရိသတ်ဆိုတာ မင်းသား၊ မင်းသမီး တိုင်းမှာ ရှိကြတာပဲ။ အဲဒါနဲ့ပတ်သ က်ပြီး ကျွန်တော့်ဖေ့စ်ဘုတ်ပေါ်မှာ တတ်နိုင် သလောက် ရှင်း ပြထားတယ်။ သူတို့ မကျေနပ်တဲ့ အချက်တွေရှိရင် လည်း တောင်းပန်တယ်။ တစ်ကားလုံး အတွက်တာဝန်ရှိတာက ကျွန်တော် ပဲလေ။ ဘယ်သူခိုင်းလို့မှ လည်းမဟုတ် ဘူး။ သူတို့စွပ်စွဲသလို ပြေတီဦးတို့ လင်မယားက ဟိုဟာတွေ ပြင်တယ်၊ ဒီဟာတွေပြင်တယ်ဆိုတာတွေလည်း မဟုတ်ဘူး။ သူတို့ပြောချင်တာလေး တွေရေး လာတာ။ဒါကရရင်ပြော ခိုင်းမှာပဲ။ ဝတ္ထုနဲ့ဇာတ်ကားဆိုတာက မတူနိုင်ဘူး။ ဒါတွေကို ကျွန်တော်က ဆုံးဖြတ်တာ။ ဝတ္ထုထဲမှာက စာသား နဲ့ပြောတာ ခဏလေးနဲ့ ပျောက် သွား  တာ ပြဿနာမရှိဘူး။ ဇာတ်ကားက အရုပ်နဲ့ချိတ်ရတာဆိုတော့ စဉ်းစား ပြီး ပြောင်းရတာ။ ရှည်လို့ ဖြုတ်တာက ပြေတီဦး ခြောက်ခန်း၊ နေတိုး လေး ခန်း ဖြုတ်တယ်။ ဒါတွေက ဗီဒီယို မှာ ပြန်ပါလာမှာပဲ။ ဒါပေမဲ့လည်း ပြေတီဦးတို့ကမလုပ်ဘဲနဲ့ ဒီလို အပြော ခံရတော့ စိတ်အနှောင့်အယှက်ဖြစ်တာ ပေါ့။ကျန်တဲ့သူတွေနဲ့မပြောပါနဲ့လို့ အား လုံးကို တောင်းပန်ထားပါတယ်။ ဒီအထဲမှာတာဝန်အရှိဆုံးနဲ့ လူကြီး လည်းဖြစ်တော့ ဘာမှမဖြစ်စေချင် ဘူး။ ညီအစ်ကိုတွေလိုပဲနေခဲ့ကြ ပြီးမှ ဒီလိုဖြစ်တာမကောင်းပါဘူး။ ဒီကား ကိုစရိုက်ကတည်းကကြည့်တာအကြိမ် ၃ဝ လောက်ရှိပြီ။ ဒါပေမဲ့ ဘယ်သူ့ အခန်း အနည်းအများဆိုတာမသိဘူး။ ကားကောင်းဖို့၊ ကိုယ်တင်ပြချင်တာ လေးရောက်ဖို့ ပဲ။ ကျွန်တော်ကတော့ ကျွန်တော်ကိုယ်တိုင်အယ်ဒီတာဆို တော့ ကိုယ့် ကားကောင်းဖို့ပဲဖြတ်တာ။  ဘယ်သူနည်းသွားတယ်၊ များသွား တယ် မသိဘူး။ ဒီကားအတွက် Perfectဖြစ်တယ်လို့ ကိုယ်လက်ခံ တဲ့အတွက် ပရိသတ်ကို ချပြတယ်။ နေတိုးနည်းသွားတာကပြေတီဦး ကြောင့်မဟုတ်ဘူး။ ဇာတ်လမ်းကို ကျွန်တော်က ပြန်လည်ပြင် ဆင်တဲ့ အတွက်ကြောင့် ဖြစ်သွားတာ။ စိတ် ထဲမှာတော့ ဘာမှ မရှိပါဘူး။
မခင်မာဝင်း(ထုတ်လုပ်သူ)-
“မူရင်း ဇာတ်က သုံးနာရီကျော်ကြာတယ်။ ဖလင်ကလည်း ၈၁ဘူးနဲ့ ရိုက်ကူး ထားတာ။ ရှေ့ကကားတွေဆို ရင် ဖလင်ဘူး၄၈၊ ၄၉၊ ၅ဝပဲ။ အများဆုံး မိုင်ကုန်ဘူး ၆ဝပဲ။   ပြသချိန် ၁နာရီ ၄၅မိနစ်နဲ့ ပြနိုင်အောင် ဇာတ်ဝင် ခန်းတချို့ကို ဖြတ်ပစ်၊ ဖြုတ်ပစ်ရတာ ပေါ့။ အခြေအနေအရ ဖြုတ်လိုက် တဲ့အတွက် လင့်ခ်တွေတော့ နည်းနည်း ပြုတ်သွား တာပေါ့။ ဒီဇာတ်ကား အပေါ်မှာပရိသတ်ရဲ့အမြင်အရပြော ရရင် လိုအပ်ချက်တွေရှိကောင်းရှိမှာ ပါ။ တကယ်တော့လည်း သူတို့ဘက် ကနေ သူတို့ခံစားချက်ကို ရေးသား
ဖော်ပြလို့ရတယ်လေ။ အဲဒီအတွက် ထုတ်လုပ်သူဘက်က ပိုပြီးရင်နာရ ပါတယ်။  ဒါကလည်းပြသတဲ့အချိန် နဲ့အံဝင်အောင် ဇာတ်ဝင်ခန်းတချို့ ဖြတ်လိုက်ရတော့ နေတိုး ရဲ့ဆင်းန် တွေ တော်တော်နည်းသွားတယ်လို့ သူတို့ထင်ကြတယ်။ သရုပ်ဆောင် တွေကလည်း တကယ်မှော်ဝင်တဲ့ အနုပညာရှင်တွေပါ။ ပုဂံမှာ ကင်မရာ ရိုက်ကူးရင် တစ်ရက်ကို ငွေ ကျပ် ၁ဝ သိန်းထိပေးရတယ်။ ဒါပေမဲ့ မတွန့် တိုခဲ့ဘူး။အဲဒီရဲ့ အခက်အခဲတွေကို ဘယ်သူမှ မသိနိုင်ပါဘူး။ ထုတ်လုပ် သူရဲ့ ခံစားချက်ပါ။ ဒါပေမဲ့ အခု အချိန်မှာ အခြေအနေအရ ဒီလိုမျိုးလေးတွေ ဖြစ်သွားတယ်။ အကောင်း ဆုံးဖြစ်အောင်ဆိုပြီးတော့ နိုင်ငံခြား မှာ ကားဆက်ခဲ့တယ်။ဗီဒီယိုကျရင် ဖြုတ်ပစ် ခဲ့၊ ဖြတ်ပစ်ခဲ့တဲ့ အခန်း စဉ်တွေကို အကုန်ပြန်ဖြည့်ပေးမှာပါ။ ဗီဒီယိုကိုပဲ အားကိုးရတော့မှာပေါ့။ အဲဒီအခါကျမှပဲ ထုတ်လုပ်သူရဲ့ စေတနာ ကိုသူတို့နားလည်သွား မှာပါ”
မေမွန်မောင်
 popularmyanmar.com

No comments:

 Blogger

Myanmar CNN