အိမ်လွမ်းသူ
အမေ နေညိုရိပ် ဆီမှာ
အလွမ်းတေးတပုဒ်နဲ့ 
အမေ့  အိမ်လေးဆီ ကို လွမ်းလို့ နေတယ်
တခါတရံ ...........
သတိရစိတ် မှန်းဆလို့  တမ်းတနေတာ
အမေ ရော နေများကောင်းလား
အရာရာ အဆင်ပြေပါစေ.......အမေ
မိသားစု ဆိုတဲ့  အရိပ်
ခဏလေးတော့  မှေးအိပ်ချင်လိုက်တာ
အမေ့  ရင်ခွင်နွေးနွေး ကြား
အမေ့  တေးသွားတပုဒ်နဲ့  ပျော်မွှေ့ ချင်လိုက်တာ
အရာရာ တောင်းတမိတဲ့  စိတ်......
ကြိတ်မှိတ်ကာ ဖြေသိမ့် နေရတဲ့ ဘဝ
မွန်းကြပ်လှတယ်.......အမေ
ဖုန်းတချက်ဆက်မိတာ ခဏမှာ
အမေ့  အသံလေးကြားရတာ
ပြန်ချင်စိတ်ကို နိုးစွပေးနေသလိုပဲအမေ
တခါတခါ ပြန်ပြန်တွေး
ငါ့ မိသားစု ရှေးရေး ထည့် ထည့် တွေး
ငါ ကြိုးစားရမယ် ဆိုတဲ့  စိတ်ကို
အံကြိတ်လို့  ဖြေခဲ့ ရတဲ့ နေ့ တွေ
မနည်းတော့ ဘူး............အမေ
ဘယ်တော့  ပြန်လာမှာလဲလို့ မေးတဲ့ အမေ
ဖြစ်နိုင်ရင်လေ အခုချိန် မှာ အမြန်ဆုံး
အမေ့  ဆီကို အပြေးလေး ပြန်လာချင်တယ် အမေ
by လမင်းခင်
No comments:
Post a Comment