မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 25, 2013

ကျွန်တော့်ရဲ့ မင်္ဂလာ သတင်းလည်း ကြားရ မှာပါလို့ ဖွင့်ဟလာတဲ့ နေတိုး


လတ်တလောမှာ နေတိုးက ဒါရိုက်တာ အောင် ဇော်လင်း ရိုက်ကူး တဲ့ ‘သစ္စာတရားရဲ့တမန်တော်’ ဇာတ်ကားကို ကျော်ကျော်ဗို၊ သက်မွန်မြင့်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားလေးက ပဟေဠိ ဆန်ဆန် အချစ်ဇာတ်လမ်းပုံစံလေး ဖြစ်ပါတယ်။ အကြိုက်ဆုံး ဇာတ်ဆိုတာထက် ဇာတ်လမ်းတွေကိုလည်း မျှတအောင် အဓိကစဉ်းစားေ ကြာင်း ပြောလာတဲ့နေတိုးက. “တစ်နှစ် စာရိုက်ကူးမယ့် ပုံစံတွေက အချစ်၊ ဒရာမာတွေက များ လား၊ ဒါမှမဟုတ်ရင်လည်း ဟိုးအရင်တုန်းကလို အက်ရှင် တွေပဲ ရိုက်ပေးရ မလား၊မျိုးစုံတော့ ကျွန်တော်စဉ်းစားပြီး ချင့်ချိန်ရတာပေါ့။ အမြဲတမ်းတော့ အသစ်အဆန်းဖြစ် အောင်တော့ ကြိုးစားကြရတာပဲ။ ကျွန်တော်တို့ ဒီလောကမှာဖြတ်သန်းလာခဲ့ တဲ့ တစ်လျှောက်လုံးမှာ လည်း ဇာတ်လမ်းပုံစံတွေလည်း များနေပြီ။ ဇာတ်အခြေအနေအရ ပရိသတ်တွေ ကြိုက်နှစ် သက်မယ့်ပုံစံတွေ ဒီဟာမျိုးတွေ အဓိကဦးစားပေး ရိုက် ကူးဖြစ်နေတယ်” လို့ ပြောပါတယ်။
ဝါကျွတ်တဲ့အခါမှာလည်း အနုပညာရှင်တချို့ရဲ့ မင်္ဂလာသတင်းကို ကြားနေရပြီဖြစ်တဲ့ အတွက် နေတိုးက “ကျွန်တော့်သတင်းလည်း ကြား ရမှာပါ။ဘဝမှာလုပ်ရတဲ့အရာတွေ အများကြီး ကျန်တယ်။ ချစ်ခြင်း တရား၊ ချစ်ခြင်းမေတ္တာဆို တာ လူတိုင်းမှာရှိတဲ့အရာပါ။ ကျွန်တော့်ရဲ့ စိတ်ထဲမှာလည်း အချစ်နဲ့ပတ် သက်လို့ ခံစားမှု တွေ အများကြီးရှိပါတယ်။ အချစ်ဆိုတာ ရင်ခုန်ကြည်နူးစရာကောင်းတယ်လို့ပဲ ယူဆ ပါတယ်။ အိမ်ထောင်ရေးဆိုတာ ချစ်ခြင်း မေတ္တာနဲ့ တည်ဆောက်တဲ့ အိမ်ထောင်ရေး ပေါ့။ သာယာဖြောင့် ဖြူးပြီး အေးချမ်းတဲ့ အိမ်ထောင်ရေး၊ ဒီလိုမျိုးအိမ်ထောင်ရေး ဖြစ်ဖို့အတွက် အေးချမ်းသာယာဖို့ စိတ် ခံစားမှုတွေ တစ်ထပ်တည်းကျတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုပါတယ်” လို့ပြောပါတယ်။
တွယ်တာ
 popularmyanmar.com

No comments:

 Blogger

Myanmar CNN